ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကမ္ဘာ့အဆင့်မီ ပေါင် 103 သန်းတန် ကြယ်တစ်ပွင့်ကို ခေါ်ယူသွားမည့် တန်ဟက်ဂ်

သတင်းသမား Pete O’Rourke ရဲ့ အဆိုအရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ခရစ်စတီယာနို ရော်နယ်ဒို ရဲ့ အနာဂတ်အပေါ် သက်ရောက်မှု ရှိနိုင်သော်လည်း ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ အက်သလက်တီကို မက်ဒရစ် ကြယ်ပွင့် Antoine Griezmann က တိုက်ရိုက် ပစ်မှတ် ဖြစ်လာမည်လို့ ဆိုလိုက်ပါတယ်။




Griezmann ရဲ့ အနာဂတ်အတွက် နောက်ဆုံး အခြေအနေက ဘာလဲ?

ပြင်သစ် လက်ရွေးစင် ကစားသမားဟာ ယခုရာသီ Wanda Metropolitano မှာ ထူးထူးဆန်းဆန်း ဖြစ်ရပ်များရဲ့ ဗဟိုချက် ဖြစ်ခဲ့ပြီး အက်သလက်တီကိုဟာ ယခင် သဘောတူထားတဲ့ အခကြေးငွေကို ပေးဆောင်ခြင်းမှ ရှောင်ရှားရန် ကြိုးပမ်းနေပြီး သူ့ကို ပွဲစဥ်များ ကစားစေဖို့ တွန့်ဆုတ်နေတယ်လို့ သိရပါတယ်။




ယင်းကြောင့် တိုက်စစ်မှူးဟာ အချိန်ကြာသည်ထက် စောလျင်စွာ ပြောင်းရွှေ့နိုင်မည်ဟု အကြံပြုချက်များအား ဖြစ်ပေါ်စေခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် ရဲ့ ယခင် ချိတ်ဆက်မှုများကြောင့် Erik ten Hag နဲ့ အက်သလက်တီကို နှစ်ဘက်ကြား ကစားသမားအတွက် အပြောင်းအရွှေ့က ဖြစ်နိုင်ချေ အလာအလာ ကောင်းနေကြောင်း ဆိုပါတယ်။




Griezmann နဲ့ Man Utd အကြောင်း O’Rourke က ဘာပြောခဲ့လဲ?

O’Rourke က ဂရစ်ဇ်မန်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်ရိုက်ပစ်မှတ် ဖြစ်လာနိုင်သည်ဟု အကြံပြုခဲ့သော်လည်း ရော်နယ်ဒိုရဲ့ ဖြစ်ပျက်မှုအပေါ်မှာ များစွာ မူတည်နိုင်ကြောင်း၊ ဒါပေမယ့် သူက ရှေ့တန်းအတွက် အလားအလာရှိနိုင်ကြောင်း အရိပ်အမြွက် ဆိုလိုက်ပြီး




GIVEMESPORT နဲ့ စကားပြောရာမှာ သူက “ရော်နယ်ဒိုနဲ့ ဘာဆက်ဖြစ်မလဲ ဆိုတာ ကျွန်တော်တို့ မသိပါဘူး၊ သူဆက်နေမှာလား? ဇန်နဝါရီမှာ ထွက်ခွာသွားဖို့ရှိလား? ဒီလိုမျိုး ကြုံလာရရင် Ten Hag က နောက်တစ်ယောက် ထပ်ခေါ်လာချင်တယ်လို့ ထင်ပါတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

“ဂရစ်ဇ်မန်းက သူ့ရဲ့ CV နဲ့ လုပ်ရည်ကိုင်ရည်နဲ့ အလားအလာရှိတဲ့ ရနိုင်မှုတွေနဲ့အတူ ဇန်နဝါရီမှာ တိုက်ရိုက်ပစ်မှတ် ဖြစ်လာနိုင်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။”




ပြည်တွင်းရော နိုင်ငံတကာ အဆင့်မှာပါ သူ့ရဲ့ စွမ်းဆောင်နိုင်မှုတွေကြောင့် ဂရစ်ဇ်မန်းရဲ့ နာမည်ကို ကလပ်နဲ့ အချိတ်အဆက်မိရင် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ အများကြီးကို စိတ်လှုပ်ရှားရမှာပါ။ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူဟောင်း Luke Chadwick ကလည်း “ဂရိဇ်မန်းဟာ ကမ္ဘာ့အဆင့်မီ ကစားသမားတစ်ဦး ဖြစ်ပြီး ကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့ရမှာ အသင်းရဲ့ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။




“သူဟာ ဘရူနို ဖာနန်ဒက်စ်ရဲ့ လှိုင်းအလျားနဲ့ လှုပ်ရှားနိုင်ပြီး ဂိုးသွင်းယူနိုင်တဲ့ စွမ်းရည်ရှိတဲ့သူ တစ်ယောက်ပါ၊ ဂရစ်ဇ်မန်းလို ကစားသမားသာ အဆင်သင့်ရှိနေရင် အသင်းကို သူက အောင်မြင်မှုတွေ ဆောင်ကြဉ်းပေးနိုင်ပါလိမ့်မယ်။

ဒါပေမယ့်လည်း Ten Hag ဟာ Old Trafford မှာ တည်ဆောက်ဖို့ ကြိုးစားနေတဲ့ အရာတွေကို သူ့ရဲ့ အမှတ်သညာကို အခြေခံပြီး သရဲနီတွေကို နှစ်တွေကြာအောင် အနှောက်အယှက်ပေးခဲ့တဲ့ တစ်သီးပုဂ္ဂလဝါဒနဲ့ ဝေးကွာနေတဲ့ အတွက် ဂရစ်ဇ်မန်းရဲ့ ပြောင်းရွှေ့မှုဟာ အဲဒါနဲ့ ဆန့်ကျင်နေပုံရပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ မကြာသေးမီ ရက်သတ္တပတ်များ အတွင်း ထိပ်တန်းတိုက်စစ်မှူး တစ်ဦးမရှိဘဲ သာလွန်ကောင်းမွန်နေခဲ့ပြီး မကြာသေးမီ ရက်သတ္တပတ်များ အတွင်းက တိုက်စစ်မှူး စီရော်နယ်ဒိုဟာ အရန်ခုံကို ပြောင်းရွှေ့သွားခြင်းကြောင့် လီဗာပူးလ်နဲ့ အာဆင်နယ်တို့ကဲ့သို့ ထင်ရှားသော အောင်ပွဲများကို ရယူနိုင်ခဲ့ပါတယ်။

credit