အဲရစ်ဆင်နဲ့ ဘရူနို ဖာနန်ဒက်စ် ဘယ်သူ့ အရည်အချင်းက ပိုကောင်းသလဲ နှိုင်းယှဉ် သုံးသပ်ပြလိုက်တဲ့ ဝက်စ်ဘရောင်း
|မန်ချက်စတာ ယူနိုက်တက် ဗဟိုနောက်ခံလူဟောင်း ဖြစ်သူ ဝက်စ်ဘရောင်းက အဲရစ်ဆင်နဲ့ ဘရူနိူ အကြား ခြားနားချက်ကို ထုတ်ပြောလိုက်ပြီး ဒိန်းမတ်လက်ရွေးစင် ကွင်းလယ် ခံစစ်ကနေ ကစားတာဟာ အသင်းရဲ့ ကစားပုံကို စီးမျောစေတယ်လို့ မှတ်ချက်ပြုလိုက်ပါတယ်။ အဲရစ်ဆင်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းလာကတည်းက
အထင်ကြီးဖွယ် ခြေစွမ်းကောင်းတွေကို ပြသထားနိုင်ခဲ့ပြီး ၂ ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်၊ ဒါ့အပြင် သူဟာအသင်းရဲ့ ကစားကွက်ကို ပိုမိုကောင်းမွန်အောင် ဖြည့်စွက် ကစားပေးနိုင်ခဲ့ပါတယ်။ အခြားတဖက်မှာတော့ ဖာနန်ဒက်စ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်မှာ အဲရစ်ဆင်၊ တော်မီနေး တို့နဲ့ တွဲဖက်ကစားရင်း ပြီးခဲ့တဲ့ ရက်သတ္တပါတ်တွေမှာ
ပိုမို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့လို အာဆင်နယ်နဲ့ ပွဲမှာလည်း ဂိုးဖန်တီးနိုင်ခဲ့ပါတယ်၊ အခြားတဖက်မှာတော့ ဘောလုံးပရိသတ် အချို့က အဲရစ်ဆင်နဲ့ ဘရူနိုရဲ့ ပုံစံဟာ တူညီတယ်လို့ မှတ်ချက်တွေ ပေးခဲ့ကြပါသေးတယ်၊ ဒါပေမယ့် ဝက်စ်ဘရောင်းက သူတို့နှစ်ဦးကြားမှာ ခြားနားချက် တစ်ခု ရှိနေတယ်လို့ ထုတ်ပြောသွားခဲ့ပါတယ်။
အဲရစ်ဆင်ရဲ့ လှုပ်ရှားမှုတွေအကြောင်း သိပ်မသိပါဘူး၊ ဒါပေမယ့် သူလုပ်ပြနိုင်ခဲ့ပါတယ်၊ သူဟာ မန်ချက်စတာ ယူနိုက်တက် မှာ လိုအပ်နေခဲ့တဲ့ ကစားသမားမျိုးပါ၊ သူ့ဟာ ဖရက်ဒ်၊ တော်မီနေး တို့လို မဟုတ်ပါဘူး၊ သူကအမြဲတမ်း ကွင်းလယ်မှာ နေရာယူနေတတ်ပြီး ဘောလုံးလက်ခံယူဖို့ အသင့်ရှိနေတတ်သူပါ။ လူတွေ အများကြီးက သူတို့ဟာ ပုံစံ
ဆင်တူကြတယ်လို့ ပြောကြပါတယ်၊ ဒါပေမယ့် အဲရစ်ဆင်နဲ့ ဘရူနိုကြားမှာ ခြားနားချက် ရှိနေပါတယ်၊ ဘရူနိုက မျက်လှည့်ဆန်တဲ့ ပေးပို့မှုတွေကို လုပ်တတ်ပါတယ်၊ ပရိသတ်တွေလည်း ဒီလို ကစားသမားမျိုး ရှိစေချင်ကြတယ်လေ၊ ဒါပေမယ့် ကွင်းလယ်ခံစစ် နေရာမှာကတော့ အဲရစ်ဆင်က တစ်ချက်ထိ နှစ်ချက်ထိ ကစားတာတွေ ကောင်းလှပါတယ်၊ သူဟာ
ကစားကွက်ကို စီးမျောသွားအောင် လုပ််ဆောင်ပေးနိုင်သူပါ၊ သူက ဘယ်လို လှည့်ထွက်ရမလဲ ဘယ်လို နေရာယူ ပေးပို့ရမလဲဆိုတာ သိပါတယ်၊ ကျွန်တော်တို့ အဲ့ဒီလို ကစားသမားမျိုးကို လွမ်းဆွတ်နေခဲ့ကြတာပါ၊ သူဟာ ပင်လယ်ပြင်မှာ သင်္ဘောကို ငြိမ်အောင် ထိန်းနိုင်သူလိုပါပဲ၊ ပြီးတော့သူဟာ အခွင့်အရေး ရရင် ဘောလုံးကိုလည်း မှန်ကန်စွာ
ပေးပို့ကစားတတ်သူ တစ်ဦး ဖြစ်ပါတယ်၊ သူဟာ ဘောလုံးကိုင် ကစားတာ ကောင်းသူပါ၊ အမြဲတမ််း ထိပ်တန်းအဆင့် ပြနိုင်ခဲ့ပါတယ်၊ သူဟာ မတော််တဆ ဖြစ်ခဲ့တဲ့နောက် ဘရန်းဖို့ဒ် အတွက် ကောင်းပြနိုင်ခဲ့ပါတယ်၊ အခု မန်ချက်စတာ ယူနိုက်တက် အတွက်လည်း လုပ်ပြနေပါပြီ၊ အသင်းဖော်တွေ အတွက် နေရာလွတ်တွေ ရရှိစေနိုင်သူပါပဲ။ လို့ ဝက်စ်ဘရောင်းက ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ်။
credit