ရော်နယ်ဒိုကို ပေါင်သန်း ၂၁၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် အပြောင်းအရွှေ့ မဖြစ်မြောက်ရခြင်းရဲ့ အကြောင်းအရင်းမှန်ကို ထုတ်ပြောလိုက်တဲ့ ဆော်ဒီကလပ် အယ်ဟီလယ် ဥက္ကဋ္

0
4054

အယ်ဟီလယ် အသင်းဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွေ့တုန်းက ခရစ်စတီယာနို ရော်နယ်ဒိုကို မက်လောက်စရာ ကမ်းလှမ်းမှုနဲ့ မန်ချက်စတာ ယူနိုက်တက် ကနေ ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ အမည်မသိ ဆော်ဒီအာရေးဗျ ကလပ်ဟာ သူတို့ ဖြစ်တယ်လို့ အတည်ပြု ပြောဆိုသွားခဲ့ပါတယ်။ နွေရာသီ အပြောင်းအရွေ့ အစပိုင်းမှာ အသက် ၃၇ နှစ်ရွယ်




ရော်နယ်ဒိုက သူ့အနေနဲ့ ယူရိုပါလိဂ် ပြိုင်ပွဲသာ ၀င်ခွင့်ရခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်ခွာလိုကြောင်း တာ၀န်ရှိသူတွေထံ အသိပေးခဲ့ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲကို ကစားချင်နေတဲ့ ရော်နယ်ဒိုအတွက် ဒီပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရတဲ့ ကလပ်တွေ ထံကနေ ကမ်းလှမ်းမှုတော့ မရခဲ့ပါဘူး။ ရော်နယ်ဒိုကို ကမ်းလှမ်းခဲ့တဲ့




တစ်ခုတည်းသော ကလပ်ကတော့ အမည်မဖော်လိုတဲ့ ဆော်ဒီ ကလပ် အရှေ့အလယ်ပိုင်း ကလပ်ဟာ ရော်နယ်ဒိုကို ကမ္ဘာပေါ်မှာ လုပ်ခလစာ အများဆုံးဆိုတဲ့ ပမာဏကို ပေးချေသွားရန် အသင့် ဖြစ်နေခဲ့ပါတယ်။ ဆော်ဒီကလပ်ဟာ ဘလွန်းဒီအော ငါးဆုရှင်ကို တစ်ပတ်ပေါင် ၂ သန်း၊ ပေါင်သန်း ၂၁၀ တန် ၂ နှစ်စာချုပ် ကမ်းလှမ်းခဲ့တဲ့ အပြင် မန်ချက်စတာ ယူနိုက်တက် အသင်းကိုလည်း ပေါင် ၂၅ သန်း ပေးချေသွားဖို့




ဆန္ဒရှိနေခဲ့ပါတယ်၊ ဒါပေမယ့်လည်း အပြောင်းအရွေ့က ဖြစ်ပေါ်မလာခဲ့ဘဲ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ရော်နယ်ဒိုဟာ ဥရောပရဲ့ အဆင့်မြင့်ဆုံး ပြိုင်ပွဲတွေမှာ ဆက်ကစားချင်နေသေးတဲ့ ဆန္ဒကြောင့်လို့ သိရပါတယ်။ ဒါပေမယ့် လက်ရှိ အချိန်မှာ အယ်ဟီလယ် ဥက္ကဋ္ဌ ဖာဟတ်ဘန်နာဖယ်က ဆော်ဒီကလပ်နဲ့ ရော်နယ်ဒို တို့ကြား ဆွေးနွေးမှုတွေဟာ အဆင်ပြေခဲ့တယ်လို့ ထုတ်ဖော်ခဲ့ပြီး အပြောင်းအရွေ့ ဘာကြောင့်




မဖြစ်ပေါ်ခဲ့သလဲ ဆိုတာ ရှင်းပြသွားခဲ့ပါတယ်။ နာဖယ်က- အမှန်ပါပဲ၊ ကျွန်တော်တို့ ရော်နယ်ဒိုကိုခေါ်ယူဖို့ ကိစ္စနဲ့ ပက်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်၊ ပြသနာ အခြေခံ သဘောတူညီမှု မရခဲ့တာကြောင့် မဟုတ်ခဲ့သလို ပိုက်ဆံကြောင့်လည်း မဟုတ်ပါဘူး၊ အယ်ဟီလယ်ဟာ ကမ္ဘာပေါ်က ဘောလုံးကြယ်ပွင့်တွေကို ခေါ်ယူနိုင်စွမ်း ရှိပါတယ်၊ ဒါပေမယ့်




အားကစားခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ ကျွန်တော်တို့ကို ကစားသမားတွေ register လုပ်တဲ့ နေရာမှာ အတားအဆီး ဖြစ်စေခဲ့ပါတယ်။ အသင်းကို အပြောင်းအရွေ့ ကိစ္စတွေ ပိတ်ပင်တော့မယ့် အချိန်မှာ ကျွန်တော်တို့ အနေနဲ့ ကစားသမားတွေနဲ့ ဆွေးနွေးညှိနှိုင်းမှု လုပ်နေတာတွေကို ရပ်တန့်ခဲ့ခြင်း မရှိခဲ့ပါဘူး၊ ဒါပေမယ့် အပြောင်းအရွေ့ ပိတ်ပင်မှုကို




လုပ်တော့မယ့် အချိန်မှာ ကျွန်တော်တို့ ကစားသမားနဲ့ ဆွေးနွေးညှိနှိုင်းမှုရဲ့ နောက်ဆုံးအဆင့်ကို ရောက်ဖို့ အတွက် delay ဖြစ်ခဲ့ပါတယ်လို့ ဆိုလိုက်ပါတယ်။ အယ်ဟီလယ် အသင်းကို ပြီးခဲ့တဲ့ မေလမှာ အပြောင်းအရွေ့ပိတ်ပင်ဖို့ ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်ပြီး ဒီအတွက်ကြောင့် မိုဟာမက်ကန်နိုကို ခေါ်ယူထားခဲ့မှုကိုလည်း ပြန်လည် ပယ်ဖျက်ခဲ့ရပါတယ်။ ဒါ့ကြောင့်

ကန်နိုဟာ အယ်ဟီလယ်နဲ့ စာချုပ်ဖျက်သိမ်းပြီး အခြားကလပ် တစ်ခုကို ရွေ့ပြောင်းခဲ့ရပါတယ်။ အယ်ဟီလယ်ဟာ အပြောင်းအရွေ့ ပိတ်ပင်မှုကို ပြန်လည် ပယ်ဖျက်ရန် ကြိုးစားခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်း မရှိခဲ့ဘဲ ရော်နယ်ဒိုကို ခေါ်ယူဖို့ ကြိုးပမ်းမှုကနေ စိတ်ပျက်စရာနဲ့ အဆုံးသတ်ခဲ့ရပါတယ်။

credit