မန်ချက်စတာ ယူနိုက်တက် နဲ့ စာချုပ်ကိစ္စ မရေရာတဲ့နောက် ပြောင်းရွှေ့ ကစားလိုတဲ့ ကလပ်အသင်း တသင်းကို မီဒီယာများက တဆင့် အသိပေးလိုက်တဲ့ ဒေးဗစ် ဒီဂီယာ
|မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အတူ ၁၀ စုနှစ် တစ်ခုကျော် အထိ ကစားပေးခဲ့တဲ့ ဝါရင့်ဂိုးသမား ဒေးဗစ် ဒီဂီယာ က စာချူပ်သက်တမ်း ကုန်ဆုံးဖို့ နီးကပ်လာတဲ့ အချိန်ထိ မန်ချက်စတာ ယူနိုက်တက် အသင်းတာဝန်ရှိသူတွေဘက်မှ စာချုပ်သစ် အတွက် ကမ်လှမ်းဖို့ ပြင်ဆင်လာတာမျိုး
မရှိသေးတာကြောင့် အကယ်၍ အလွတ်နဲ့ ထွက်ခွာဖြစ်ပါက စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်စ် အသင်းကို သွားရောက် ကစားဖို့ရန် ဆန္ဒရှိနေတယ်လို့ နာမည်ကြီး သတင်းဌာနများက အတည်ပြု ဖော်ပြသွားကြပါတယ်။ စပိန်လူမျိုး ဂိုးသမား ဒေးဗစ် ဒီဂီယာ ဟာ မန်ချကိစတာ ယူနိုက်တက် အသင်းနဲ့
ချုပ်ဆိုထားတဲ့ စာချူပ်က လာမယ့် ၉ လအတွင်းမှာပဲ ကုန်ဆုံးတော့ဖို့ ရှိနေပြီး ဂျူဗင်တပ်စ်အသင်းဘက်မှလည်း ပြောင်းရွှေ့ကြေး အလွတ်ဖြင့် ခေါ်ယူလို့ ရနိုင်တာကြောင့် စိတ်ဝင်စားမှု ရှိနေတာဖြစ်ပါတယ်။ မန်ချကိစတာ ယူနိုက်တက် အသင်းက ဒီဂီယာကို တစ်ပတ်လုပ်ခ ပေါင် ၃၅၀,၀၀၀ အထိ
ပေးချေနေရသလို လစာအများဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်တာကြောင့် နည်းပြ အဲရစ် တန်ဟက်ဂ် ရဲ့ ကစားဟန်နဲ့ အနည်းငယ် ကွာဟချက် ရှိနေတဲ့ အသင်းရဲ့ သစ္စာရှိ ဂိုးသမား ဒေးဗစ် ဒီဂီယာ ကို စာချုပ်သက်တမ်း ဆက်လက်တိုးမြှင့် ချုပ်ဆိုသွားပါ့မလား ဆိုတာ မသေချာသေးတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ် အစောပိုင်းမှာ မန်ချက်စတာ ယူနိုက်တက် ဟာ ယခုနှစ်ရာသီ ပေးချေရမယ့် လုပ်ခနှုန်းထားကို ထုတ်ပြန်ထားခဲ့ပြီး ပေါင် ၆၁.၆ သန်း အထိ ဖြစ်နေတာကြောင့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပေးချေခဲ့ရတဲ့ လုပ်ခနှုန်းထားထက် ၁၉.၉ % မြင့်တက်လာတာကြောင့် တစ်ပတ်လုပ်ခ ပေါင် ၃၀၀,၀၀၀ အထက် ရရှိနေတဲ့ လုပ်ခနှုန်းထားမြင့်
ကစားသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ ဒီဂီယာရဲ့ အနာဂတ်က မရေမရာ ဖြစ်နေတာ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တရားဝင် ထုတ်ပြန်ချက်မှာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီ အတွင်းမှာ ပေါင် ၁၁၅.၅ သန်း အထိ ရှိနေခဲ့တာကြောင့် လုပ်ခမြင့် ကစားသမားတွေ များပြားနေခြင်းက
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဘဏ္ဍာရေး အကြပ်အတည်းကို ဖြစ်ပေါ်နေစေတာပဲ ဖြစ်ပါတယ်။ ယခုတော့ ဒီဂီယာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ဆက်လက် လက်မတွဲ ဖြစ်ပါက သူ ပြောင်းရွှေ့ ကစားလိုတဲ့ အသင်းဟာ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်စ် အသင်း ဖြစ်ကြောင်း ဒီဂီယာနဲ့ နီစပ်သူအချို့က ဆိုသလို နာမည်ကြီး သတင်းဌာနများကလည် အတည်ပြုသွားတာ တွေ့ရပါတယ်။
credit