ပရိတ်သတ်တွေမျှော်လင့်နေကြသလို ကလေးအဖေအဖြစ်ရာထူးတိုးသွားပြီဖြစ်ကြောင်း ပုံနဲ့တကွပြသလာတဲ့ နေတိုး
|မင်းသားချောနေတိုးကတော့ မြန်မာမင်းသားတွေထဲမှာ အကျော်ကြားဆုံး နာမည်ကြီးမင်းသားတစ်လက်ပဲဖြစ်ပါတယ်။
အသက် (၄၀) ကျော်ထိတိုင် အောင်မြင်မှုတွေ တဖွဲဖွဲသိမ်းယူရရှိထားတဲ့ နေတိုးဟာ သူ့ရဲ့ဘဝလက်တွဲဖော်ကြင်ယာနဲ့လည်း အသက် (၄၀) ကျော်မှ လက်ထပ်ခဲ့ တာပဲဖြစ်ပါတယ်။
နေတိုးဟာ လက်ရှိမှာတော့ သူ့ရဲ့အနုပညာအလုပ်တွေကိုလည်း လုံးဝရပ်နားထားပြီး ကြင်စဦးဇနီးမောင်နှံဘဝကို ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။အခုဆိုရင် နေတိုးနဲ့တကွ သူ့ရဲ့ ဇနီးလေးကိုပါ ချစ်ပေးနေကြပြီပဲဖြစ်ပါတယ်။
နေတိုးကလည်း သူ့ရဲ့ဇနီးနဲ့ ဗီဒီယိုလေးတွေကို အမြဲတမ်းတင်ပေးနေကာ ပရိသတ်တွေနဲ့ ထိတွေ့မိတ်ဆက်ပေးနေလျက်ရှိပါတယ်။
ဒီကနေ့မှာတော့ နေတိုးက သူ့ရဲ့ပျော်ရွှင်စရာသတင်းကောင်းလေးတစ်ခုကို ပရိသတ်တွေဆီ ဝေမျှလာခဲ့ပါတယ်။ နေတိုးဟာ သူ့ရဲ့ဇနီး သဲဆုမြတ်ရွှေဆီမှာ ကိုယ်ဝန်ရှိနေပြီဖြစ်ပြီး သူ့အနေနဲ့ ကလေးဖေဖေတစ်ယောက်ဖြစ်လာတော့မယ်လို့ ပရိသတ်တွေကို သတင်းကောင်း မျှဝေလာခဲ့တာပဲ ဖြစ်ပါတယ်။
နေတိုးကတော့ အသက်လေးဆယ်ကျော်မှ အိမ်ထောင်ပြုခဲ့သူမို့ ရင်သွေးယူဖို့အချိန်ကို နောက်မဆုတ်တော့ပဲ အိမ်ထောင်သက်တမ်းလပိုင်းအတွင်းမှာတင် ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။
ပရိသတ်ကြီးလည်း နေတိုးရဲ့သတင်းကောင်းလေးအတွက် နေတိုးနဲ့ထပ်တူဝမ်းသာနေကြမယ်လို့ ထင်ပါတယ်နော်။
Source: Nay Toe’s fb