ပေါ်တူဂီ ပရိတ်သတ်တွေရဲ့ ဝေဖန်သံတွေအပေါ် ပေါက်ကွဲစွာ တုန့်ပြန်ပြောဆိုလာတဲ့ ရော်နယ်ဒိုရဲ့ အမ

ရော်နယ်ဒိုရဲ့ အမဖြစ်သူ ကီတာအဗီရိုက မောင်ဖြစ်သူကို ဝေဖန်ပြောဆိုနေတဲ့ ပေါ်တူဂီပြည်တွင်း သတင်းစာတွေနဲ့ ပရိသတ်တွေကို ပြန်လည်တုန့်ပြန်လိုက်ပါတယ်၊ စပိန်အသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုဟာ အဓိကတာဝန်ရှိသူ တစ်ယောက်လို့ သတ်မှတ်ခံရ အပြီးမှာ ဝေဖန်မှုတွေ ပိုမို မြင့်တက်လာခဲ့တာပဲ ဖြစ်ပါတယ်၊ ၃၇ နှစ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူးကြီးဟာ




ဒီနှစ်ထဲမှာ သိသိသာသာ ပုံစံကျနေခဲ့ပါတယ်၊ ကလပ်အသင်းမှာ ဆိုရင် နည်းပြ တန်ဟက်ဂ်ရဲ့ ဦးစားပေး ကစားသမားတောင် မဖြစ်တော့ပါဘူး၊ ဒီရာသီမှာ ပရီးမီးယားလိဂ် တစ်ပွဲသာ ပွဲထွက် ကစားခွင့် ရရှိထားပြီး ယူရိုပါလိဂ်က ပင်နယ်တီ သွင်းဂိုး ၁ ဂိုးသာ သွင်းယူထားနိုင်ပါသေးတယ်၊ ပုံစံကောင်းတွေ ပျောက်ဆုံး နေမှုကြောင့် စပိန်နဲ့ အရေးပါတဲ့ နေးရှင်းလိဂ်ပွဲမှာ ရော်နယ်ဒိုကို




Lineup မထည့်ဖို့ ပေါ်တူဂီသတင်းစာတွေနဲ့ ပရိသတ်တွေက သုံးသပ် ပြောဆိုခဲ့ကြပါတယ်၊ ဒါပေမယ့် လက်ရွေးစင် နည်းပြကြီး ဖာနန်ဒိုဆန်းတိုစ့်က သူယုံကြည် အားထားရတဲ့ တိုက်စစ်မှူးကြီးကို ပွဲထွက် စာရင်းထဲ ထည့်ခဲ့ရုံမက မိနစ် ၉၀ ပြည့်ပါ အသုံးပြု သွားခဲ့ပါတယ်၊ ရော်နယ်ဒိုဟာ အဆိုပါပွဲမှာ အခွင့်အရေးကောင်း ၂ ခုကို အသုံးမချနိုင်ခဲ့ပါဘူး၊ ပေါ်တူဂီကလည်း စပိန်ကို ၁-၀ နဲ့ ရှုံးနိမ့်ကာ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်




တက်ရောက်နိုင်ခွင့်ကို လက်လွှတ်ခဲ့ရပါတယ်၊ အဆိုပါ ပွဲအပြီးမှာတော့ ရော်နယ်ဒို အပေါ် ဝေဖန်ပြောဆိုမှုတွေ ပိုမို ပြင်းထန်လာကာ သူမပါတဲ့ ပေါ်တူဂီရဲ့ ကမ္ဘာ့ဖလား ပွဲထွက် လူစာရင်းတွေကိုတောင် သုံးသပ် ဖော်ပြမှုတွေ ရှိလာခဲ့ပါတယ်၊ မောင်ဖြစ်သူနဲ့ ပတ်သက်လာတိုင်း အမြဲလိုလို ရှေ့ဆုံးက ကာကွယ်ပေးတတ်တဲ့ ကီတာကတော့ ပေါ်တူဂီတွေဟာ ကိုယ်စားတဲ့ ပန်းကန်ထဲကို ကိုယ့်ဘာသာ တံတွေး ပြန်ထွေးထည့်သူတွေလို့




သုံးနှုန်းပြီး ရော်နယ်ဒို အတွက် ကာကွယ် ပြောဆိုပေးသွားခဲ့ ပါတယ်၊ သူ့မှာ သူ့ကိုချစ်တဲ့ မိသားစု သူ့ကို ချစ်ကြတဲ့ သူတွေ အများကြီး ရှိပါတယ်၊ အဲ့ဒီလူတွေက ဘာတွေပဲ ဖြစ်လာဖြစ်လာ သူ့ဘက်မှာပဲ အဆုံးထိ ရပ်တည်ပေးကြမှာပါ၊ အခု ဖြစ်နေတာတွေကို ကျွန်မ မအံ့သြပါဘူး၊ ပေါ်တူဂီတွေက ကိုယ့်ပန်းကန်ထဲကိုယ်တံတွေး ပြန်ထွေးတတ်တဲ့ သူမျိုးတွေပါ။




အဲ့တာတွေကြောင့်ပဲ တစုံတယောက်က ပြာပုံထဲကနေ ထိုးထွက်လာပြီး ပါးစပ်ပေါက်တွေကို ပိတ်ပိတ်ပြခဲ့ရတာပါ၊ အဲ့ဒီလူက မင်းပါပဲ ငါ့မောင် ဘုရင်ကြီး၊ မင်းဘက်မှာ အမြဲတမ်းရှိနေပါတယ်၊ စိတ်အေးအေးသာထားပါ၊ ပေါ်တူဂီအတွက် အားလုံး ပေးဆပ်ထားသူတွေကို လက်ကမ်းပေးဖို့ လိုအပ်ပါတယ်၊ ဒါပေမယ့် ဒီကလူတွေက နုံချာ ညံ့ဖျင်းတယ် လေးစားမှု မရှိဘူး။




နောက်လည်း ရှိလာမှာ မဟုတ်ဘူး၊ ခံစားတတ်တဲ့ နှလုံးသားလည်း မရှိကြပါဘူး၊ အခု ရော်နယ်ဒိုက ဒူးတွေညွှတ်နေတာပါ၊ သူ့ကိုကမ်းမယ့် လက်တွေ လိုအပ်နေပါတယ်၊ သူက ပေါ်တူဂီ အတွက် အများကြီးမှ အများကြီး ပေးဆပ်ခဲ့ပြီပါပြီ၊ အခုကွင်းထဲမှာ ထိုင်နေတဲ့သူက ရော်နယ်ဒိုပါ၊ ကမ္ဘာ့အကောင်းဆုံး တယောက်ပါ၊လို့ အင်စတာဂရမ်မှာ ရေးသားပြောဆိုသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ မန်ချက်စတာကို ပြန်လာပြီး

ကလပ် အသင်းရဲ့ ပွဲကြပ်ကာလ အတွက် ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် တနင်္ဂနွေမှာ မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ၈ ရက်အတွင်းမှာ အဝေးကွင်း ၃ ပွဲဆက်တိုက် ကစားသွားရမှာပဲ ဖြစ်ပါတယ်။

credit