ရော်နယ်ဒို ကြုံတွေ့နေရတဲ့ ပြသနာကို ထုတ်ပြောလိုက်ပြီး ကစားသမားဘဝကို စွန်လွှတ်ဖို့ အကြံပေးတိုက်တွန်းလိုက်တဲ့ အီတလီ ဂန္တဝင် တိုက်စစ်မှူး

0
91

အီတလီ ဂန္တဝင် တိုက်စစ်မှူး ဖြစ်သူ ကတ်ဆာနိုက ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းကောင်း ပြသဖို့ ရုန်းကန်နေရတဲ့ ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး ရော်နယ်ဒို အနေနဲ့ ခြေစွမ်းကောင်းတွေ မပြသနိုင်တော့ဘူးလို့ ထင်ရင် ကစားသမားဘဝကအနားယူလိုက်သင့်ပြီလို့ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။




မကြာခင် အသက် ၃၈ နှစ် ပြည့်တော့မယ့် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒို ဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆုကို ၅ ကြိမ်အထိ ရရှိခဲ့သလို ကမ္ဘာ့ ဘောလုံးသမိုင်းမှာ အကောင်းဆုံး ကစားသမား ၁၀ ဦး စာရင်းထဲ ဝင်တဲ့ထိ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့




ဂန္တဝင် ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်၊ ဒါပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ဆုံးခါနီးမှာ မွေးကင်းစ သားငယ်လေးကို ဆုံးရှုံးခဲ့ရတာကြောင့် စိတ်ကျရောဂါ ခံစားခဲ့ရတဲ့ ရော်နယ်ဒိုဟာ ယခုနှစ် ဘောလုံးရာသီမှာ ကလပ်အသင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အတွက်ရော နိုင်ငံအသင်း ဖြစ်တဲ့




ပေါ်တူဂီ အတွက်ပါ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်၊ ရော်နယ်ဒိုဟာ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် နဲ့ ပေါ်တူဂီ အတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၈ ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ်သာ ရရှိထားသလို ပွဲတွေ အတွင်းမှာ ရရှိလာတဲ့




အပိုင် ဂိုးသွင်းခွင့် များစွာကိုလည်း ဖြုန်းတီးမိ ထားပါတယ်၊ဒါကြောင့် အီတလီဂန္တဝင် တိုက်စစ်မှူးတစ်ဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူတစ်ဦး အဖြစ် လုပ်ကိုင်နေတဲ့ ကတ်ဆာနိုက ရော်နယ်ဒိုဟာ ခြေစွမ်းကောင်း မပြသနိုင်တော့ရင် ကစားသမားဘဝက အနားယူလိုက်သင့်ကြောင်း




သူဟာ အရာအားလုံးကို အောင်နိုင်ထားတဲ့ ဂန္တဝင် ကစားသမား တစ်ဦး ဖြစ်နေပါပြီလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်၊ ကတ်ဆာနိုက အခုချိန်မှာ ရော်နယ်ဒိုက တခြား အရာတွေထက် သူ့ကိုယ်သူ ဦးစားပေးသင့်ပါပြီ၊ တကယ်လို့ ခင်ဗျားကသာ ကောင်းမွန်တဲ့ အဆင့်အတန်း တခုမှာ မရှိတော့ဘူး ဆိုရင် အဲ့ဒီအရာ ကနေ အနားယူလိုက်တာဟာ အကောင်းဆုံးပါပဲ။

သူက အရာအားလုံးကို အောင်နိုင်ထားတဲ့ ဂန္တဝင် တစ်ဦးပါ၊ ဒါကြောင့် သူ့ရဲ့ကစားသမား ဘဝကို ဒီနေရာမှာပဲ ရပ်တန့်လိုက်သင့်ပါပြီ၊ ဒီလိုမှ မဟုတ်ဘူး ဆိုရင်တော့ သူဟာ အရန်ခုံမှာ ထိုင်နေရတဲ့ ကစားသမား တစ်ဦး အဆင့်ကို ရောက်သွားပါလိမ့်မယ်။လို့ ရော်နယ်ဒိုကို တိုက်တွန်း အကြံပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။

credit