ဆုဖလား စိန်ခေါ်ဖို့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အိုးလ်ထရက်ဖိုဒ့်ကို နယ်သာလန်သား ကြယ်တစ်ပွင့် ရောက်ရှိရန် ရှိနေ
|မန်ချက်စတာ ယူနိုက်တက် အသင်းက ဒီနှစ်ဈေးကွက် အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုတွေ အတွက် အသုံးစရိတ်များစွာ သုံးစွဲထားခဲ့ရတဲ့ အပြင် လာမယ့်ဆောင်းဈေးကွက် ဖွင့်လှစ်ချိန်မှာ ထပ်မံခေါ်ယူသွားမယ့် ကစားသမားတွေကိုလည်း ချိန်ရွယ်ထားလျက် ရှိနေရာ ၂၀၂၃ ခုနှစ် နှစ်သစ်ရဲ့ အဖွင့်ဈေးကွက်မှာတော့ အသင်းရဲ့ ပစ်မှတ်ဟောင်း
ကစားသမားဖြစ်သူ ကိုဒီ ဂက်ပို ကို အသေအချာ ကမ်းလှမ်းလာဖွယ် ရှိနေပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နွေဈေးကွက်ထဲမှာ အသင်းရဲ့ တောင်ပံတိုက်စစ် နေရာအတွက် အိုင်းယတ်စ်က အန်တိုနီနဲ့ PSV က ဂက်ပို ကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ ဘရာဇီးလ် winger အန်တိုနီကို ယူရို သန်း တစ်ရာနဲ့ ခေါ်ယူသွားခဲ့ပါတယ်။
ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် က နယ်သာလန် ကြယ်ပွင့် ကစားသမားလေး ဂက်ပိုကို ဆက်လက် စိတ်ဝင်စားနေဆဲဖြစ်ပြီး ၂၃ နှစ်အရွယ် တောင်ပံ ကစားသမားဟာလည်း ဒီနှစ်ရာသီ အတွင်းမှာ PSV အသင်းအတွက် အထူး ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ ၁၃ ပွဲ ကစားပြီးတဲ့နောက် သွင်းဂိုး ၁၀ ဂိုးထိ သွင်းယူထားနိုင်ခဲ့ပါတယ်၊ ညာခြေအားသန်တဲ့
ဘယ်တောင်ပံ ကစားသမား ဂက်ပိုဟာ PSV အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ အရည်အသွေးမြင့် နယ်သာလန် ကစားသမားတစ်ဦး ဖြစ်ပြီး ပြေးအားရော အလိမ်အခေါက်ရော ကောင်းမွန်တဲ့ အပြင် ဘယ်ခြမ်းကနေ ဘောလုံးကို ကွင်းလယ်တိုက်စစ် နေရာလောက်အထိ ဆွဲယူလာတတ်ပြီး ဂိုးတွေကို လှမ်းလှမ်း သွင်းယူတတ်တာလည်း ဖြစ်ပါတယ်။
ဒီ talentd winger ကို ပြီးခဲ့တဲ့နွေက မန်ချက်စတာ ယူနိုက်တက် သာမကပဲ လိဒ်စ်ယူနိုက်တက် နဲ့ ဆောက်သမ်တန် အသင်းတွေကပါ ခေါ်ယူကြဖို့ အပြိုင်အဆိုင်တွေ ကြိုးပမ်းခဲ့ကြပေမယ့်လည်း ကစားသမား ကိုယ်တိုင်က သူရဲ့ boyhood ကလပ်မှာပဲ ဆက်လက် ရှိနေဖို့ ဆုံးဖြတ်လိုက်ပြီး လက်ရှိမှာ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ နယ်သာလန်ရဲ့ ဂိုးအများဆုံး သွင်းယူထားသူနဲ့ ဂိုးဖန်တီးမှု အများဆုံး
လုပ်ဆောင်ထားသူ အဖြစ်ပါ ရပ်တည်နေသလို သူရဲ့ PSV အသင်းကိုလည်း အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နိုင်အောင်ပါ စွမ်းဆောင်ထားပါတယ်၊ ဒါ့အပြင် ဂက်ပိုက နယ်သာလန် လက်ရွေးစင် အသင်းမှာပါ တောက်ပနေလို့ လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာပါ နယ်သာလန် အတွက် ထပ်မံ တောက်ပနိုင်ဖွယ်လည်း ရှိနေတဲ့အတွက် ဒီကစားသမားကို
မန်ချက်စတာ ယူနိုက်တက် ဟာ ဆောင်းဈေးကွက်မှာ ထပ်မံ ချဉ်းကပ်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်၊ အသင်း တော်တော်များများကလည်း ဂက်ပိုကို ကမ်းလှမ်းဖို့ ရှိနိုင်ပေမယ့် ဂက်ပိုနဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် တို့က အေးဂျင့် အတူတူဖြစ်လို့ ကစားသမားနဲ့ မန်ချက်စတာ ယူနိုက်တက် ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိနိုင်နေပါတယ်။
credit