လူမျိုးရေးခွဲခြားခံခဲ့ရတဲ့ ဘရာဇီးလ် အသင်းဖော်နဲ့ ပတ်သက်ပြီး အကြီးအကဲများထံ တောင်းဆိုမှု တခု ပြုလုပ်လိုက်တဲ့ အန်တိုနီ နဲ့ ရီယို ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် အသင်း တောင်ပံကစားသမား အန်တိုနီက ဒီတစ်ပတ် ခြေစမ်းပွဲစဉ်မှာ လူမျိုးရေး ခွဲခြားခံခဲ့ရတဲ့ ဘရာဇီးလ် အသင်းဖော် ရစ်ချာလီဆန်ကို အားပေး ထောက်ခံတဲ့ မက်ဆေ့ဂျ် တစ်ခု ပေးပို့ခဲ့ပါတယ်၊ ပဲရစ်မြို့မှာ ကစားခဲ့တဲ့ တူနီးရှားနဲ့ ပွဲစဥ်မှာ ဘရာဇီးလ် အသင်းက ၅-၁ ရလဒ်နဲ့




အနိုင် ရရှိခဲ့ပြီး ရစ်ချာလီဆန်က အသင်းအတွက် ဒုတိယ ဂိုးကို သွင်းယူပြီးနောက် အောင်ပွဲခံနေချိန်မှာ ပွဲကြည့်စင်ကနေ ငှက်ပျောသီးနဲ့ ပစ်ပေါက်ခံခဲ့ရတာ ဖြစ်ပါတယ်၊ အန်တိုနီက သူ့ရဲ့ တွစ်တာ အကောင့်မှာ ငါ့အကိုရေ.. ဒီကိစ္စမှာ မင်းဘက်ကနေ အပြည့်အဝ ရပ်တည်ပါတယ်၊ မင်းနားမှာ ငါအမြဲတမ်းရှိတယ်။




အတူတူ တိုက်ခိုက်ပြီး အတူတူ အနိုင်ယူကြမယ်ကွာလို့ ရေးသားခဲ့ပါတယ်၊ တော့တင်ဟမ် တိုက်စစ်မှူး ရစ်ချာလီဆန်ကလည်း ဒီလို လူတွေရှိနေသမျှ ဘလာ ဘလာ ဘလာနဲ့ လျှောက်ပြောပြီး တကယ်တမ်းကျ ဘာအပြစ်မှ မပေးရင် ဒါမျိုးဆက် ဖြစ်နေမှာပဲ၊ နေ့တိုင်း နေရာတိုင်းမှာ ဖြစ်နေတာနော်




အချိန်ဆွဲနေလို့ မရတော့ဘူးလို့ တင်ထားခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ကစားသမား ရီယို ဖာဒီနန် ကလည်း ဒီလို အပြုအမူတွေက လုံးဝ လက်မခံနိုင်စရာ ဖြစ်ပြီး ဘောလုံး အာဏာပိုင်တွေဆီကနေ ပိုပြီး ပြင်းထန်တဲ့ အရေးယူမှုတွေ လိုအပ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။




ရစ်ချာလီဆန် ကလည်း ဖာဒီနန်ရဲ့ ပို့စ်အောက်မှာ စစ်မှန်တဲ့ ပြစ်ဒဏ်ခတ်မှုတွေ မရှိမချင်း ဒီတိုက်ပွဲက ရှုံးနေဦးမှာပဲလို့ မှတ်ချက် ပေးသွားခဲ့ပါတယ်၊ ဖာဒီနန်က ဘောလုံးပွဲ သွားကြည့်ရင် ကွင်းထဲကို ငှက်ပျောသီးနဲ့ ပစ်လို့ရတယ်လို့ ထင်သွားကြလိမ့်မယ်၊ တာဝန်ရှိသူတွေက ဒါကို ဂရုမစိုက်ကြဘူး ထင်တယ်။




ကျွန်တော်နဲ့ ရင်းနှီးတဲ့ ချာတိတ်တွေကို မင်းတို့ကောင်တွေ ဟိုနေ့က ရစ်ချာလီဆန်ကို ငှက်ပျောသီးနဲ့ ပေါက်တာ တွေ့လိုက်ကြလား? လို့ အမြဲပြောတယ်၊ ပြီးခဲ့တဲ့ တစ်ပတ်ကလည်း ဗီနီစီးရပ်စ် ဂျူနီယာ၊ အခုကျ ရစ်ချာလီဆန် နည်းနည်းတော့ များလာပြီကွ၊ တရားလွန်လာပြီ၊ ငါ့ညီတို့ မင်းတို့ဘက်မှာ ငါရှိတယ်လို့ ပြောကြားသွားခဲ့ပါတယ်။




ရစ်ချာလီဆန် ကလည်း ဖာဒီနန်ရဲ့ ပို့စ်အောက်မှာ အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ရီယိုလို့ ဆိုခဲ့ပါတယ်။ ဒီကိစ္စတွေက ကမ့်ပိန်းတွေ၊ သတင်း အချက်အလက်တွေနဲ့ ဒီလောက် လုပ်နေတာတောင် ဆက်ဖြစ်နေတာ လက်မခံနိုင်စရာပါပဲ၊ ဆက်လည်း ဖြစ်နေဦးမှာပဲ၊ အဲ့ဒီလူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးနိုင်မှ ဖြစ်တော့မှာပါ၊ မဟုတ်ရင်တော့ ရှုံးမယ့်ပွဲကို တိုက်နေရသလို ဖြစ်နေလိမ့်မယ် ဘရိုရေလို့ မှတ်ချက်ပေး ရေးသားသွားခဲ့ပါတယ်။

credit