မန်ချက်စတာ ဒါဘီ ပွဲစဉ်မှာ ဘယ်အသင်းက အနိုင် သုံးမှတ် ရယူသွားမလဲ (ပွဲကြို သုံးသပ် ခန့်မှန်းချက်)
|လာမယ့် တနင်္ဂနွေနေ့ ည မြန်မာစံတော်ချိန် ၇:၃၀ မှာတော့ မန်ချက်စတာ စီးတီး နဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ မန်ချက်စတာဒါဘီ ပွဲစဥ်ကို မန်စီးတီးအသင်း အိမ်ကွင်း အီတီဟတ်မှာ ကျင်းပသွားဖို့ ရှိနေပါတယ်၊ ပရီးမီးယားလိဂ် ပွဲစဥ် ၇ ပြီးချိန်မှာ မန်စီးတီး အသင်းက ၁၇ မှတ်နဲ့ အဆင့် ၃ နေရာမှာ
ရပ်တည်နေပြီး မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ ၁၅ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်၊ မန်ချက်စတာဒါဘီ ဆိုတဲ့ အတိုင်း ပြိုင်ဆိုင်မှုကတော့ အတော်လေးကို ပြင်းထန်တာ ဖြစ်ပြီး မန်စီးတီးတို့ ဘယ်လောက် ကောင်းနေနေ မန်ချက်စတာ ယူနိုက်တက် အသင်း ဘယ်လောက်ပဲ
ခြေစွမ်း ကျနေပါစေ အီတီဟတ် ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နောက်ဆုံး ၁၀ ပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းက ၅ ပွဲ အနိုင် ရရှိထားပြီး မန်စီးတီးက ၄ ပွဲနိုင်ကာ တစ်ပွဲ သရေကျထားပါတယ်၊ ၂၀၁၃ ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ထွက်ခွာပြီးကတည်းက ရုန်းကန်နေရတဲ့ မန်ချက်စတာ ယူနိုင်တက် အသင်းဟာ
ပက် ဂွာဒီယိုလာ ဦးဆောင်နေတဲ့ မန်စီးတီး အသင်းအတွက် အမြဲ ပြိုင်ဘက်ကောင်း ဖြစ်နေခဲ့ပါတယ်၊ လက်ရှိ အချိန်မှာလည်း မန်စီးတီးဟာ ၅ ပွဲနိုင် ၂ ပွဲသရေနဲ့ ချန်ပီယံခြေစွမ်းကို ပြသနေသလို၊ မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း အဖွင့်၂ ပွဲ ရှုံးပြီးနောက် ၅ ပွဲဆက် နိုင်ထားပြီး ခြေစွမ်းကောင်းတွေ
ပွဲတိုင်း ပြသထား နိုင်နေပါတယ်၊ နည်းပြသစ် အဲရစ် တန်ဟက်ဂ် လက်ထက်မှာ အကောင်းမြင်စရာ တိုးတက်မှုတွေနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခုတော့ ဒီရာသီ လက်ရှိ အချိန်ထိ အကောင်းဆုံးအသင်း ဖြစ်တဲ့ မန်စီးတီး အသင်းနဲ့ ယှဉ်ပြိုင် ကစားရပါတော့မယ်။ မန်ချက်စတာ ယူနိုက်တက် နဲ့
နောက်ဆုံး ရင်ဆိုင် ကစားခဲ့စဉ်မှာ အာဆင်နယ်က အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တာကို ကျနော်တို့ အားလုံး မြင်ခဲ့ပါတယ်၊ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ကို အနိုင်ယူဖို့တော့ အာဆင်နယ်တို့ ကျရှုံးခဲ့ရပါတယ်၊ မန်စီးတီးဟာ သူတို့ ပုံစံအတိုင်း ဆိုရင် အာဆင်နယ်လို အခွင့်အရေးတွေ ရှာဖွေနိုင်မှာ ဖြစ်ပြီး သူတို့ကတော့ အခွင့်အရေးကောင်းကို အလွဲခံမှာ မဟုတ်ပါဘူး။
မန်ချက်စတာ ယူနိုက်တက် ကလည်း ကောင်တာတွေကနေ ပြန်ပြီး ဒုက္ခပေးမှာ ဖြစ်ပါတယ်၊ ဒါပေမယ့် ဖြစ်နိုင်ချေ အရှိဆုံး ကိစ္စကတော့ သူတို့ မန်စီးတီးရဲ့ ထိန်းချုပ် ကစားခြင်းကို ခံရပါလိမ့်မယ်၊ ခရစ္စဆက်တန် ကတော့ မန်စီးတီးဟာ အိမ်ကွင်းမှာ မန်ချက်စတာ ယူနိုက်တက် ကို ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူသွားလိမ့်မယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။
credit