‌ယူရို သန်း ၁၅၀ ကြယ်ပွင့် အနေနဲ့ မန်စီးတီးထက် မန်ချက်စတာ ယူနိုက်တက် ကို ပြောင်းရွှေ့သင့်သလဲ ဆိုတာ ကစားသမား တစ်ဦးနဲ့ ဥပမာပြုပြီး ရှင်းပြလိုက်တဲ့ ဘင်ဖော်စတာ

မကြာသေးမီကပဲ ကစားသမားဘဝကနေ အနားယူသွားတဲ့ ပရီးမီးယားလိဂ် ဝါရင့် ဂိုးသမားကြီး ဘင်ဖော်စတာ က လာမယ့် နွေဈေးကွက်မှာ ဒေါ့မွန် အသင်းကနေ ထွက်ခွာကာ ပရီးမီးယားလိဂ် ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့လာဖို့ နီးစပ်နေတဲ့ အင်္ဂလန် လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ် အနေနဲ့




အသင်းပြောင်းမယ် ဆိုရင် မန်ချက်စတာ စီးတီး အသင်းကို မပြောင်းပဲ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်၊ အသက် ၁၉ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်ဟာ ဘာမင်ဂမ်ရဲ့ လူငယ် အကယ်ဒမီက ထွက်ပေါ်လာတဲ့




လူငယ်ကစားသမား တစ်ဦး ဖြစ်ပြီး ဘာမင်ဂမ်မှာ ကစားခဲ့စဉ်က အသင်းရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ခြေစွမ်းကောင်း ပြသနိုင်ခဲ့သလို ဒေါ့မွန် အသင်းဆီ အရောက်မှာလည်း သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ဆက်လက်ပြနိုင်ခဲ့ပါတယ်၊ ဘယ်လင်ဟမ်က ယနေ့ခေတ်မှာ ရှားပါးနေတဲ့ Box to Box




ကွင်းလယ်လူ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ စီးတီး၊ မန်ချက်စတာ ယူနိုက်တက်၊ ချဲလ်ဆီး နဲ့ လီဗာပူး တို့အားလုံးက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြသလို လာလီဂါ ထိပ်သီးကလပ် ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းကလည်း ဘယ်လင်ဟမ်ရဲ့ အခြေအနေကို စောင့်ကြည့်နေပါတယ်။




ဘယ်လင်ဟမ်ဟာ ယခုအချိန်မှာ ဒေါ့မွန်နဲ့ အတူ ရှိနေပေမယ့် လာမယ့် နွေဈေးကွက်မှာတော့ ဒေါ့မွန်ကို စွန့်ခွာဖို့ စဉ်းစားနေသူ ဖြစ်ပြီး ဒေါ့မွန်က သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၅၀ ဝန်းကျင်အထိ တောင်းဆိုဖို့ စဉ်းစားထားကာ ပရီးမီးယားလိဂ်ရဲ့ ဂိုးသမားဟောင်း တစ်ဦး ဖြစ်သူ ဖော်စတာကတော့




ဘယ်လင်ဟမ်ဟာ မန်ချက်စတာမြို့ဆီ ပြောင်းရွှေ့လာမယ် ဆိုရင် မန်စီးတီး အစား မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့သင့်ကြောင်းကို ဂရီးလစ်ရှ်ကို ဥပမာပြု အကြံပေးသွားခဲ့ပါတယ်၊ ဖော်စတာက ကျွန်တော်ကတော့ ဘယ်လင်ဟမ်ဟာ မန်စီးတီး လိုမျိုး အသင်းဆီ ပြောင်းသွားရင်

ဂရီးလစ်ရှ်ရဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့မှာကို စိုးရိမ်နေမိပါတယ်၊ ဂရီးလစ်ရှ်တစ်ယောက် ပုံမှန်ကစားခွင့် မရပါဘူး၊ ဘယ်လင်ဟမ်က မန်ချက်စတာ စီးတီးဆီ ရောက်သွားရင် အခုလိုမျိုး ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ရလိမ့်မယ်လို့ ထင်ပါတယ်၊ ဒါကြောင့် ကျွန်တော်ကတော့ သူ့ကို

မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို ပြောင်းရွှေ့စေချင်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းကို ရောက်သွားရင် သူက သေချာပေါက် ပွဲထွက်ခွင့်တွေ ရမှာ ဖြစ်သလို ခြေစွမ်းကောင်းတွေလည်း ပြသနိုင်ပါလိမ့်မယ်။ လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

credit