ဖရက်ဒ်နဲ့ တွဲကစားချင်ကြောင်း ဆိုလိုက်ပြီး ဘာကြောင့် တွဲကစားချင်တာလဲ ဆိုတာ ထုတ်ပြောလိုက်တဲ့ ဘရာဇီးလ် ဂန္တဝင် ရောဘတ်တို
|ဘရာဇီးလ် ဂန္ထဝင် နောက်ခံ ကစားသမားကြီး ရောဘတ်တို ကားလိုစ့် က မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဖရက်ဒ် ဟာ သူတွဲကစားဖူးချင်တဲ့ ဘောလုံးသမားတွေထဲက တစ်ယောက် ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်၊ ဖရက်ဒ်ဟာ မန်ချက်စတာ ယူနိုက်တက် မှာ စိတ်ကျေနပ်စရာ
ကောင်းလောက်တဲ့ ပုံစံမျိုးကို မပြသနိုင်လို့ ဝေဖန်မှုတွေ ခံနေရသူ ဖြစ်ပေမယ့် ဘရာဇီးဘ် လက်ရွေးစင် အသင်းမှာတော့ ပွဲကစားခွင့် ပိုမို ရရှိလို့နေပါတယ်၊ ရီးရဲလ်မက်ဒရစ်၊ ဘရာဇီးလ် အသင်းတို့နဲ့ ဆုဖလားတွေ ရယူခဲ့ဖူးတဲ့ ကားလိုစ့်က ဖရက်ဒ် အပါအဝင် မန်ချက်စတာ ယူနိုက်တက် ကို မကြာသေးခင်ကမှ
ပြောင်းရွှေ့လာတဲ့ ဘရာဇီး ကွင်းလယ်လူ ကတ်စ်မဲရိုးတို့မှာ သူနှစ်သက်တဲ့ အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားကြပြီး သူတို့ ၂ ယောက်နဲ့ အတူ ကစားဖို့ စိတ်ကူးကြည့်ဖူးတယ်လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်၊ အားလုံးသိတဲ့အတိုင်း ကျွန်တော်က တိုက်စစ်ကို ပိုအားသန်ပါတယ်၊ ဖရက်ဒ်လို ကစားသမားမျိုးက ကျွန်တော် ရှေ့တက်သွားတဲ့ အချိန်မှာ နောက်ကလိုက်ပြီး
ဖြည့်ပေးနိုင်မှာပါ၊ သူနဲ့ဆိုရင် ရှေ့ကိုပိုပြီး လွတ်လွတ်လပ်လပ် ကစားနိုင်မှာပါ၊ သူနဲ့ ကတ်စ်မဲရိုးတို့လို ကစားသမားတွေက တိုက်စစ် သမားတွေကို စိတ်အေးရအောင် ကာဗာ လုပ်ပေးနိုင်ပါတယ်။ လို့ ကားလိုစ့်က ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလား ချန်ပီယံ ဘရာဇီးလ် အသင်းသားတွေရဲ့ ပြန်လည်တွေ့ဆုံပွဲ အစီအစဉ်မှာ ပြောဆိုသွားခဲ့ပါတယ်။
ဖရက်ဒ်ဟာ အခုရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် မိနစ် ၉၀ ပြည့် တစ်ပွဲမှ မကစားရသေးဘဲ အခွင့်အရေးကို စောင့်ဆိုင်း နေရပါတယ်၊ မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် အဲရစ် တန်ဟက်ဂ် ဟာ ကွင်းလယ်မှာ တွမ်မီနေးနဲ့ ခရစ်ရှန် အဲရစ်ဆင်တို့ အတွဲကို ပွဲထုတ် ကစားနေပြီး ဖရက်ဒ်နဲ့
ရီးရဲလ်ကနေ ပြောင်းလာတဲ့ ကတ်စ်မဲရိုးတို့ကတော့ အရန်ခုံမှာ အချိန်ကုန် နေခဲ့ရပါတယ်၊ ဖရက်ဒ်ဟာ အဲရစ် တန်ဟက်ဂ် ရောက်ရှိလာ ကတည်းက ပရီးမီးယားလိဂ်မှာ စုစုပေါင်း ၄၅ မိနစ်သာ ကစားထားရ သေးပါတယ်၊ ဆောက်သမ်တန်၊ လက်စတာ တို့ကို အနိုင်ရခဲ့တဲ့ ပွဲတွေမှာဆိုရင် ဘရာဇီးသားဟာ
ပွဲပြီးဖို့ မိနစ်ပိုင်းအလိုမှသာ လူစားလဲ ဝင်ရောက်ခဲ့ရတာပါ၊ ဆိုဆီဒက်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စု အဖွင့်ပွဲမှာတော့ တန်ဟက်ဂ် က ဖရက်ဒ်ကို ပွဲထုတ်ခဲ့ပါတယ်၊ ဒါပေမယ့် ဖရက်ဒ် အတွက် ကံမကောင်းခဲ့ပါဘူး၊ မန်ချကိစတာ ယူနိုက်တက် တို့ အဲ့ဒီပွဲကို ရှုံးနိမ့်ခဲ့ပြီး ရှရစ်နဲ့ ကစားတဲ့ ပွဲမှာတော့ ဖရက်ဒ်ကို တန်ဟက်ဂ်က ချန်လှပ်သွားခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ကို စရောက်လာတဲ့ ပထမ ၂ ရာသီမှာ ဖရက်ဒ်ဟာ
ပြိုင်ပွဲစုံမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ၄၈ ပွဲ ကစားပေးခဲ့ပါတယ်၊ မနှစ်က ရာသီတုန်းကလည်း ၃၆ ပွဲထိ ကစားခဲ့ရတာပါ၊ ဒါပေမယ့် အခုရာသီက ပွဲကစားချိန်တွေကတော့ ဖရက်ဒ် အတွက် စိုးရိမ်စရာပါပဲ၊ ဆိုးလ်ရှား လက်ထက်မှာ ပုံမှန် ကစားခွင့်ရခဲ့တဲ့ ဖရက်ဒ်အတွက်တော့ နည်းပြ အပြောင်းအလဲဟာ စိတ်ပျက်စရာ ဖြစ်စေခဲ့မှာပါ။
credit