မန်ချက်စတာ ယူနိုက်တက် နဲ့ စာချုပ် ကုန်ဆုံးတော့မယ့် ဒါလော့ကို ခေါ်ယူဖို့ အင်အားကြီး ကလပ်အသင်း နှစ်သင်း ကြိုးစားနေ

0
51

ဘာစီလိုနာ အသင်းနဲ့ ဂျူဗင်တပ်စ် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ညာနောက်ခံလူ ဒါလော့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်၊ ဒါပေမယ့် ပေါ်တူဂီဘနိုင်ငံသားဟာ ကလပ်နဲ့ စာချုပ် သက်တမ်းတိုးဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေအရ သိရှိရပါတယ်။ အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ




အိုးလ်ထရက်ဖို့ဒ်မှာ အဲရစ် တန်ဟက််ဂ် ရဲ့ လက်အောက် ပထမဦးစားပေး ကစားသမား အဖြစ် ရပ်တည်နေတာ ဖြစ်ပြီး နယ်သာလန် နိုင်ငံသား နည်းပြကတော့ ခံစစ်မှာ ဒါလော့၊ ဗာရန်း၊ မာတီနက်ဇ်၊ မာလာစီယာ တို့ ၄ ဦးရဲ့ ခြေစွမ်းကို သဘောကျနေတာ ဖြစ်ပါတယ်၊ နိုင်ငံတကာ ပွဲမှာလည်း ဒါလော့ဟာ




ပေါ်တူဂီအသင်း အတွက် ခြေစွမ်းပြသခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်က ချက်စ်အား အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်မှာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်၊ သူ့ရဲ့ တိုးတက်လာတဲ့ ခြေစွမ်းတွေကြောင့် ဘာစီလိုနာ၊ ဂျူဗင်တပ်စ် အပါအဝင် အခြားသော ကလပ်တွေက စိတ်ဝင်စားလာကြတာ ဖြစ်တယ်လို့ MEN Sport က ဖော်ပြထားပါတယ်။




ပေါ်တူဂီ နိုင်ငံသားရဲ့ စာချုပ်က ရာသီကုန်မှာ ကုန်ဆုံးမှာ ဖြစ်သော်လည်း နောက်ထပ် ၁ နှစ် သက်တမ်းတိုးဖို့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ်အရ ရွေးချယ်ခွင့် ရှိနေတာ ဖြစ်ပါတယ်၊ စိတ်ဝင်စားမှုတွေ ရှိနေသော်လည်း ဒါလော့က သူ့ရဲ့အနာဂတ်ကို မန်ချက်စတာ ယူနိုက်တက် အသင်းမှာပဲ




ဆက်လက် ရှိနေချင်နေတာပါ၊ ဒါလော့ဟာ ၂၀၁၈ ခုနှစ်တုန်းက မန်ချက်စတာ ယူနိုက်တက် ကို ပေါ်တိုကနေ ပေါင် ၁၇.၄ သန်းနဲ့ ရောက်ရှိလာသူ ဖြစ်ပြီး သူဟာ ကလပ်အတွက် ၇၃ ပွဲ ကစားပေးထားပြီး ၂၀၂၀/၂၁ ရာသီကို စီးရီးအေကလပ် အေစီမီလန်မှာ အငှားသွားရောက် ကစားခဲ့သူဖြစ်ပါတယ်။




အိုးထရက်ဖို့ဒ်မှာ ရှိနေစဉ်အတွင်း သူဟာ ဝမ်ဘစ်ဆာကာရဲ့နောက် ဒုတိယနေရာမှာ ရှိနေခဲ့သော်လည်း ခရစ္စတယ်ပဲလေ့စ် ကစားသမားဟောင်းကတော့ ပြီးခဲ့တဲ့ရာသီရဲ့ ဒုတိယပိုင်းမှာ ခြေစွမ်းပိုင်း ကျဆင်းလာတာ ဖြစ်ပါတယ်၊ နည်းပြဟောင်း ဆိုးလ်ရှားရဲ့ လက်ထက်မှာ ဒါလော့ဟာ ပွဲထွက်ခွင့် ရရှိဖို့

ရုန်းကန်ခဲ့ရပြီး ရန်းနစ်နဲ့ အဲရစ် တန်ဟက်ဂ် လက်အောက်မှာတော့ အခွင့်အရေးတွေ ရရှိလာတာ ဖြစ်ပါတယ်၊ ညာနောက်တန်း ကစားသမားဟာ လက်ရွေးစင်အသင်း အတွက် ၆ ပွဲ အထိ ကစားထားရပြီး ဒီဆောင်းရာသီ ကမ္ဘာ့ဖလားမှာလည်း အဓိက ကစားသမားတစ်ဦး ဖြစ်လာဖို့ မျှော်လင့်နေတာ ဖြစ်သော်လည်း ပွဲထွက်ခွင့်မှာတော့

မန်စီးတီးက ကန်ဆယ်လိုရဲ့ နောက်မှာ ရှိနေနိုင်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် နဲ့ မန်စီးတီး အသင်းတို့ဟာ လာမယ့် တနင်္ဂနွေနေ့မှာ မန်ချက်စတာဒါဘီ အဖြစ် ကစားကြရမှာ ဖြစ်ပြီး အနိုင်ရရှိခဲ့ပါက တစ်ပွဲ အပိုနဲ့ ဂွါဒီယိုလာရဲ့ အသင်းနောက် ၂ မှတ်ကွာ နေရာကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

credit