မန်ချက်စတာ ဒါဘီမှာ ဂိုးမိုးရွာမယ့် ကြယ်နှစ်ပွင့်ကို ထုတ်ပြောလိုက်တဲ့ တန်ဟက်ဂ်
|မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က တနင်္ဂနွေနေ့ ည 7:30 မှာ ယှဉ်ပြိုင်ကစားရမယ့် မန်ချက်စတာ ဒါဘီ ပွဲစဥ် မတိုင်မီ အသင်းရဲ့ အဓိက တိုက်စစ် ကစားသမား နှစ်ဦး ဖြစ်တဲ့ မာရှယ်နဲ့ ရပ်ရှ်ဖို့ဒ်တို့ ဒီပွဲစဥ်မှာ ပြန်ပါလာနိုင်ကြောင်း အသိပေး ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် တိုက်စစ် ကစားသမား ဖြစ်တဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ် ဟာ ကြွက်သားဒဏ်ရာ ရရှိနေတဲ့ အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နောက်ဆုံး ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဥ်နှစ်ပွဲမှာ ပါဝင်ခွင့် မရရှိခဲ့ပါဘူး၊ ဒါ့ကြောင့် သူဟာ ဒါဘီ ပွဲစဥ်အမီ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။
အခြားတဖက်မှာတော့ ရာသီကြို ပွဲစဥ်တွေတုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ခြေစွမ်းကောင််းတွေ ပြသထားနိုင်ခဲ့တဲ့ တိုက်စစ်မှူး အန်သိုနီ မာရှယ်က ဒီရာသီ အသင်းအတွက် 45 မိနစ်သာ ကစားပေးခွင့်ရရှိခဲ့ပြီး ဒဏ်ရာတွေနဲ့ ရုန်းကန်နေခဲ့ရပါတယ်၊ ဒါ့အပြင် သူတို့ နှစ်ဦးဟာ
နိုင်ငံတကာ ပွဲစဥ်တွေ ကစားခဲ့ရစဥ်တုန်းက လက်ရွေးစင် အသင်းနဲ့ မပူးပေါင်းနိုင်ခဲ့ကြသလို လေ့ကျင့်ရေးတွေလည်း မလုပ်နိုင်ခဲ့ကြပါဘူး၊ ဒါပေမယ့် သောကြာနေ့မှာတော့ သူတို့ဟာ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဥ်တွေမှာ ပူးပေါင်းခဲ့ကြပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဗဟိုခံစစ်မှူး
ဟယ်ရီ မက်ဂွိုင်းယား ကတော့ နိုင်ငံတကာ ပွဲစဥ်တွေမှာ ဒဏ်ရာ ရရှိခဲ့ပါတယ်၊ ဒါကို စပါး တိုက်စစ်မှူး ဟယ်ရီကိန်းက အတည်ပြုသွားခဲ့ပါတယ်၊ ယခုတော့ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က လက်ရှိ အနေအထားမှာ ဟယ်ရီ မက်ဂွိုင်းယားက ဒဏ်ရာ ရရှိနေခဲ့ပါတယ်။
အခြားသူတွေနဲ့ ပတ်သက်လို့ ပြောရရင်တော့ အနည်းငယ် သံသယ ဖြစ်စရာ ရှိတာပေါ့ဗျာ၊ အန်သိုနီ မာရှယ် ကတော့ အသင်းနဲ့ တစ်ချိန်လုံး လေ့ကျင့်နိုင်ခဲ့ပါတယ်၊ သူနဲ့ ပတ်သက်လို့ ကျွန်တော် တကယ်ပဲ ပျော်ရွှင်မိပါတယ်၊ သူဟာ လေ့ကျင့်ရေး ကွင်းထဲမှာ စွမ်းဆောင်ရည် ကောင်းမွန်ခဲ့သလို
impress ဖြစ်အောင်လည်း လုပ်ပြနိုင်ခဲ့ပါတယ်၊ မားကပ်စ် ရပ်ရှ်ဖို့ဒ် လည်း လေ့ကျင့်ရေးကွင်းကို ပြန်လာနိုင်ခဲ့ပါတယ်၊ ဒီအတွက်လည်း ကျွန်တော်တို့ ပျော်ရွှင်ရပါတယ်၊ အခြားလူတွေ ပြောရရင်တော့ ကာလရှည် ဒဏ်ရာရတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်၊ အေဇဲလ် တွမ်ဇီဘီ နဲ့ ဘရန်ဒန် ဝီလီယံ တို့ပေါ့။ သူတို့တော့ ပါဝင်နိုင်ကြဦးမှာ မဟုတ်သေးပါဘူး။ လို့ အဲရစ် တန်ဟက် က ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။
credit