Dj တီးတဲ့အလုပ်ကနေရတဲ့ အနုပညာကြေးတွေနဲ့မိဘတွေကို ပေါပေါသီသီကန်တော့နိုင်ခဲ့တဲ့အတွက် ဝမ်းသာပီတိဖြစ်နေတဲ့ လမင်းကဗျာ (DJ Moon)

ပရိသတ်ကြီးရေ လမင်းကဗျာ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားတဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။





အနုပညာအလုပ်တွေနဲ့အတူ ကိုယ်ပိုင်စီးပွားရေးလေး လုပ်ကိုင်ပြီး မိဘတွေကို ကျွေးမွေးပြုစုစောင့်ရှောက်နေခဲ့တဲ့ သူပဲဖြစ်ပါတယ်။





လတ်တလောမှာလည်း လမင်းကဗျာကတော့ နေက်ထပ်အနုပညာခြေလှမ်းသစ်အနေနဲ့ DJ Moon ဆိုတဲ့ နာမည်နဲ့ DJ Artist တစ်ယောက်အနေနဲ့ ထပ်မံပြုလုပ်နေခဲ့ပါတယ်။





ခြေလှမ်းအသစ်အနေနဲ့ စတင်လုပ်ကိုင်ပေမဲ့ အချိန်တိုတိုအတွင်းမှာတင် အောင်မြင်မှုတွေပါရရှိနေခဲ့ပြီး Dj ကနေရတဲ့ အနုပညာကြေးတွေနဲ့လည်း မိဘတွေကို ကန်တော့ခဲ့ပါသေးတယ်။





ဒီနေ့မှာလည်း နောက်ထပ်တစ်ကြိမ် Dj ကနေရရှိတဲ့ အနုပညာကြေးတွေနဲ့ ထပ်မံကန်တော့ခဲ့ပြီး အခုလို မိဘကို ပေါပေါသီသီပြန်လည်ထောက်ပံ့နိုင်တာကြောင့် လမင်းကဗျာက ဝမ်းသာပီတိဖြစ်နေခဲ့ပါသေးတယ်။





ပရိသတ်ကြီးရေ မိဘအပေါ်လည်း သိတတ်တာကြောင့် အခုလိုဘာလုပ်လုပ်အောင်မြင်မှုတွေရရှိနေ တာဖြစ်မှာပါနော်။





Source – Lamin Kabyar