ဒါဘီ ပွဲစဉ် မတိုင်မီ မန်ချက်စတာ ယူနိုက်တက် ကို သတိပေးလာတဲ့ ဟာလန်း ၊ဂွာဒီယိုလာကတော့ လီဆန်ဒရို အပေါ် လေးစားမှု ရှိရန် ပြောဆို
|တနင်္ဂနွေနေ့ ည 7:30 မှာ ကစားမည့် ဒါဘီပွဲစဉ်မ တိုင်မီ ဟာလန်းက ပြိုင်ဘက်အသင်းများကို သတိပေးစကား ပြောဆိုလိုက်ပါတယ်၊ အသက် ၂၂ နှစ်အရွယ် နော်ဝေ တိုက်စစ်မှူးဟာ မန်စီးတီးကို ရောက်ရှိလာပြီးနောက် လျင်လျင်မြန်မြန် အသားကျလာခဲ့ပြီး ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၁ ဂိုး အပါအဝင် ပြိုင်ပွဲစုံ ၁၄ ဂိုးသွင်းထားနိုင်သလို ဟက်ထရစ်
သွင်းနိုင်ခဲ့တဲ့ ပွဲလည်း ၂ ပွဲရှိပြီ ဖြစ်ပါတယ်၊ ဟာလန်းက မန်ချက်စတာဒါဘီ ပွဲစဉ် မတိုင်မီ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း ပြောဆိုလိုက်ပြီး ထို့ပြင် ဟာလန်းက ကွင်းလယ်ဖန်တီးရှင် ဒီဘရန်းနားနဲ့ ယခုကတည်းက နားလည်မှုအပြည့်နဲ့ ကစားနိုင်နေပြီး ဒီဘရန်းနားရဲ့ ခြေစွမ်းကိုလည်း ချီးမွမ်းလိုက်ပါတယ်။
ဟာလန်းက မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ကစားရမယ့် ပွဲစဥ်နဲ့ ပတ်သက်ပြီး စကားတွေအများကြီး ပြောစရာ မရှိပါဘူး၊ တစ်ခုပဲ ပြောစရာရှိတာက ကျွန်တော် အဆင်သင့် ဖြစ်နေပြီ ဆိုတာပါပဲ၊ ဒီဘရန်းနားနဲ့ ပတ်သက်လို့ ပြောရရင် သူပေးတဲ့ ဘောလုံးတွေကိုပဲ ပြောရမှာ ဖြစ်ပါတယ်၊ သူနဲ့ တွဲကစားရတာက တိုက်စစ်မှူးတစ်ဦး အတွက် အိပ်မက် တစ်ခုပါပဲ။
ကျွန်တော် ဘယ်မှာရှိနေသလဲ သူသိသလို သူဘယ်ကို ကန်မလဲ ဆိုဝာာ ကျွန်တော်သိတယ်၊ ဒီဘရန်းနားက ပြိုင်ဘက် ခံစစ်မှူးတွေရဲ့ အနောက် ဂိုးသမားရဲ့ အရှေ့ကို ဘောလုံး ချပေးလေ့ရှိတယ်လို ဟာလန်းက ဆိုပါတယ်၊ ဟာလန်းက သူရဲ့ အချိန်ကိုက် ပြေးလွှားနိုင်မှုကိုသာ တိုးတက်အောင် လုပ်နိုင်လျှင်ပြိုင်ဘက် ခံစစ်မှူးများ အနေနဲ့ ၎င်းကို တားဆီးရန် မလွယ်တော့ကြောင်း ပြောဆိုလိုက်ပါသေးတယ်။ ဟာလန်းက
ကျွန်တော့်ရဲ့ ပြေးလွှားမှုကိုသာ အခုထက်ပိုပြီး အချိန်ကိုက်အောင် လုပ်နိုင်ရင် ပြိုင်ဘက်ခံစစ်မှူးတွေ အနေနဲ့ ကျွန်တော့်ကို တားဆီးဖို့ ဆိုတာ သိပ်ခက်သွားပါလိမ့်မယ်လို့ ဆိုလိုက်ပါတယ်၊
ဟာလန်းက ဆောဘတ်ချ်နှင့် ဒေါ့မွန်တွင် ခန္ဓာကိုယ်ကြွက်သား ဒဏ်ရာ ရခြင်းများရှိခဲ့သော်လည်း မန်စီးတီးမှာ အဆိုပါ ပြဿနာနဲ့ ကင်းဝေးနေပါတယ်။ ဂွာဒီယိုလာကတော့ ဟာလန်းက ပြီးခဲ့တဲ့နှစ်မှာ ဒေါ့မွန်နဲ့အတူ ကစားစဉ် ဒဏ်ရာပြဿနာအချို့ကြောင့် ရုန်းကန်ခဲ့ရပါတယ်။
အခုတော့ မန်စီးတီးက ကြံ့ခိုင်ရေးမှူးတွေကို ကျေးဇူးတင်ရပါလိမ့်မယ်၊ ဟာလန်းမှာ ဒီလို ဒဏ်ရာမျိုး မရှိတော့ပါဘူး၊ သူပုံမှန်အတိုင်း ကစားနေနိုင်ပါပြီ။ အသင်းတစ်သင်းရဲ့ အရေးအကြီးဆုံး ဌာနက ကြံ့ခိုင်ရေးဌာန လို့ ကျွန်တော်အမြဲ ပြောခဲ့ပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ အသင်းသားတွေ ပုံမှန် ကစားနိုင်အောင် ကြံ့ခိုင်ရေးဌာနကပဲ အလုပ်လုပ်ပေးတာပါလို့ ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် နောက်ခံ ကြယ်ပွင့် လီဆန်ဒရို မာတီနက် နဲ့ ပတ်သက်ပြီး ဂွာဒီယိုလာက အာလင်း ဟာလန်း က အရပ်ပိုရှည်တာ အသိသာကြီး ပါပဲ၊ ဒါပေမယ့် ဘောလုံးမှာ ဥာဏ်ရည် ဉာဏ်သွေး နဲ့ ရဲစွမ်းသတ္တိက ပိုပြီး အဓိက ကျတာပါ၊ အရပ်ရှည်တဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ရတာ လီဆန်ဒရို မာတီနက် အတွက် ပထမဆုံး မဟုတ်ပါဘူး၊ သူ့မှာ အတွေ့အကြုံ ရှိပြီးသားပါ။
အရွယ်အစားနဲ့ ပတ်သက်ပြီး လူတွေ အထင်မြင် သေးကြတဲ့အခါမျိုးမှာ အဲ့ဒီ ကစားသမားက ငါဒီမှာဟေ့ဆိုပြီး သက်သေပြလိုက်နိုင်တာကို ကျွန်တော် အရမ်း သဘောကျပါတယ်၊ လီဆန်ဒရို မာတီနက် က တကယ်ကောင်းတဲ့ ကစားသမားပါ၊ ကစားတာ အားပါတယ်၊ အသင်းနဲ့လည်း ရောနှော နိုင်ပါတယ်၊ ဒါကြောင့်လည်း မန်ချက်စတာ ယူနိုက်တက် က သူ့အတွက် ငွေသုံးခဲ့တာပါ၊ အဲရစ် တန်ဟက်ဂ် မှာ သူ့အကြောင်း သူ ကောင်းကောင်း သိထားပါတယ်။
credit