အသင်းမှာ ဘယ်လို အပြောင်းအရွှေ့ အစီအစဉ် ရှိနေတယ် ဆိုတာ ထုတ်ဖော် ပြောကြားလိုက်တဲ့ တန်ဟက်ဂ်
|မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကစားသမား စာရင်း တောင့်တင်းစေဖို့ ဒုတိယမြောက် ကြိုတင်ပြင်ဆင််မှု လုပ်ဆောင်နေပြီလို့ အဲရစ် တန်ဟက်ဂ် က မန်ချက်စတာဒါဘီ ပွဲစဥ် မတိုင်မီမှာပဲ ထုတ်ပြောသွားခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေတုန််းက ကစားသမားသစ် ၅ ဦးထိ အင်အားဖြည့်တင်း ခေါ်ယူရေးမှာ ပေါင် 225.4 သန်းထိ
စံချိန်တင် သုံးစွဲသွားခဲ့ပါတယ််၊ ဒါပေမယ့် အဲရစ် တန်ဟက်ဂ် က အသင်းကို ဆက်လက် အင်အားဖြည့်တင်းဖို့ ရှိကြောင်း ဆိုပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အားကစား ဒါရိုက်တာ ဂျွန်မားတော့က ပြီးခဲ့တဲ့ တစ်ပါတ်က ဘဏ္ဍာရေး အခြေအနေ ထုတ်ပြန် ကြေငြာချက်မှာ အသင်းဟာ ငွေတွေ အများကြီး သုံးထားခဲ့ပြီ ဖြစ်ပြီး နွေတုန်းကလောက်တော့
ငွေထပ်သုံးသွားဖို့ မရှိကြောင်း ဆိုပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ လိုအပ်နေသေးသလို မကြာမီမှာပဲ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဂိုးသမား ဒေးဗစ်ဒီဂီယာရဲ့ နေရာကို အစားထိုးဖို့ အတွက်လည်း ဂိုးသမား တစ်ဦးလည်း ခေါ်ယူရပါဦးမယ်၊ အခုတော့ ကစားသမား အင်အား ဖြည့်တင်းရာမှာ နွေ စျေးကွက်က
အရေးကြီးဆုံး ဖြစ်ခဲ့တာလားလို့ အမေးခံလိုက်ရတဲ့ အခါမှာတော့ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က အသင်းရဲ့ ဘဏ္ဍာရေး အနေအထားကို သိထားကြောင်း၊ လူထပ်ခေါ်ဖို့ ရှိကြောင်း ယခုလို ထုတ်ပြောလိုက်ပါတယ်၊ ဘဏ္ဍာရေး ရလဒ်တွေကို ကျွန်တော်သိပါတယ်၊ ဒါပေမယ့် နိဂုံးချုပ် ပြောရရင် ကျွန်တော့်ဖက််ကတော့ ဝယ်ဖို့ပဲ
ရှေးရှုနေမိပါတယ်၊ ကျွန်တော့် ဖက်က ဖြစ်နိုင်ခြေရှိတဲ့ အရာတွေ အတွက်ပဲ ကြိုတင် ပြင်ဆင်မှု ပြုလုပ်ရမှာပါ၊ ခင်ဗျား အနေနဲ့ ကိုယ့်ရဲ့ ကစားသမား စာရင်းကို ကြည့်နေဖို့လိုပါတယ်၊ ပြီးရင် အသင်းရဲ့အနေအထား ဘယ်လိို ရှိနေလဲဆိုတာပါ ကြည့်ရပါ့မယ်၊ ကျွန်တော်တို့ လူဝယ်မယ်် ဆိုတာချည်း လှိမ့်ပြောနေလို့မရပါဘူး၊ ကိုယ့်ရဲ့အသင််းသားတွေကို ဘယ်လိုမြင်သလဲ?
အလုပ် ဖြစ်မလားဆိုတာပါ ကြည့်ရပါ့မယ်၊ ခင်ဗျား ဘယ်လို ကစားစေချင်သလဲ? ဘယ်လိုမျိုး ကစားသမားတွေ အံဝင်နိုင်မှာလဲ? ဒါက တကယ့်ကိုအလေးထား စဥ်းစားရမယ့် အချက်တွေပါ၊ ကျွန်တော် အဲ့တာတွေကို အခြေခံ တွက်ချက်ပြီးမှ အသင်းကို တိုးတက််အောင် လုပ်ဆောင်ကြရမှာပါ၊ နိုင်ငံတကာ အားလပ်ရက်တွေ ရရှိခဲ့တဲ့
အချိန်လေးက ကျွန်တော်တို့ကို ကြိုတင် ပြင်ဆင်ချိန် ရရှိစေခဲ့ပါတယ်၊ ကျွန်တော်တို့ရဲ့ အပိုင်းတစ်က နွေတုန်းက ကုန်ဆုံးခဲ့ပါပြီ၊ အခု ကျွန်တော်တို့ အပိုင်းနှစ် အတွက် ပြင်ဆင်နေကြပါတယ်။လို့ အဲရစ် တန်ဟက်ဂ် က ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။
credit