အဲရစ် တန်ဟက်ဂ် အနေနဲ့ မန်ချက်စတာဒါဘီမှာ အနိုင်သုံးမှတ် ရချင်ရင် သူပေးတဲ့ နည်းစနစ်ကို အသုံးပြုဖို့ လိုကြောင်း ထုတ်ပြောလာတဲ့ ဂျေမီ ကာရေဂါ

လီဗာပူးဂန္တဝင် နောက်ခံလူဟောင်း ကာရေဂါက မနက်ဖြန် ညမှာ ကစားမယ့် မန်ချက်စတာဒါဘီ ပွဲစဥ် အတွက် ဟာလန်းကို ထိန်းချုပ်နိုင်ဖို့ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ကို အကြံဥာဏ်ကောင်းတွေ ပေးလိုက်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ ရာသီအဖွင့် နှစ်ပွဲ




ရှုံးပြီး ကတည်းက ပရီးမီးယားလိဂ်မှာ ပွဲတိုင်း အနိုင်ရရှိထားတဲ့ အသင်းပါ၊ သူတို့ အနိုင်ယူခဲ့တဲ့ အသင်းတွေမှာ လီဗာပူး၊ အာဆင်နယ် တို့လည်း ပါဝင်ခဲ့ပြီး အခု မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့ တကယ်ကို ကောင်းမွန် ပြင်းထန်တဲ့ စိန်ခေါ်မှုကို ဆက်လက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဟာလန်းဟာ လက်ရှိအချိန်မှာ




မန်စီးတီးအသင်း အတွက် ပြိုင်ပွဲစုံ ၁၀ ပွဲ ကစားပြီးချိန်မှာ ၁၄ ဂိုးအထိ သွင်းယူ ပေးထားပါတယ်၊ အဲ့ဒါကြောင့်လည်း ပုံစံကောင်း ပြနေတဲ့ မနချက်စတာ ယူနိုက်တက် နောက်ခံလူ မာတီနက်ဇ် အနေနဲ့ ဟာလန်းကို မန်ချက်စတာဒါဘီမှာ ထိန်းချုပ်ပြနိုင်မလား ပရိသတ်အားလုံးက စိတ်ဝင်စားနေကြပါတယ်။




ဒီအတွက်လည်း ဂျေမီ ကာရေဂါက- မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် အနေနဲ့ ဟာလန်းကို ထိန်းချုပ်ဖို့ အတွက်၊ အနိုင်သုံးမှတ် ရချင်ရင် သူပေးတဲ့ နည်းစနစ်ကို အသုံးပြုဖို့ လိုကြောင်း ဆိုပါတယ်၊ ကာရေဂါက မာတီနက်ဇ်ကို ဘယ်လို အကြံပေးသင့်လဲ ဆိုရင် သူနဲ့ ဝေးဝေးနေခိုင်းဖို့ပါပဲ။




ဟာလန်းနဲ့ ဝေးဝေး နေအခိုင်းဖို့ပါပဲ၊ ချို့ တိုက်ပွဲတွေက ပြိုင်ဘက်နဲ့ တိုက်ရိုက် မတွေ့ဘဲ ဒါမှမဟုတ် ပြိုင်ဘက်ကို ကစားပုံ ပျက်ယွင်းစေပြီး အနိုင်ရနိုင်ပါတယ်၊ အခြား ကစားသမားတွေကတော့ တွေးခေါ်ဖို့ လိုအပ်ပါတယ်၊ မာတီနက်ဇ် အနေနဲ့ ဒီတပတ် မန်စီးတီးလို ပြိုင်ဘက်မျိုးနဲ့ ရင်ဆိုင်တွေ့ချိန်မှာ ဥာဏ်အမြော်အမြင် ကြီးမားဖို့ လိုအပ်ပါတယ်။ လို့ ပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးဟာ လက်ရှိ




ချန်ပီယံအသင်း တသင်း ဖြစ်ပေမယ့် ဒီရာသီမှာ အမှတ်ပေးဇယား ဦးဆောင်ခွင့်ကို ဆုံးရှုံးထားရပါတယ်၊ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို အာဆင်နယ်က ဦးဆောင်ထားပြီး မန်ချက်စတာ ယူနိုက်တက် ကလည်း အာဆင်နယ်ကို နောက်ဆုံး ပရီးမီးယားလိဂ်ပွဲမှာ ခြေစွမ်းပြ အနိုင်ယူထားတဲ့ အတိုင်း မန်ချက်စတာဒါဘီ ပွဲမှာလည်း ခြေစွမ်းပြနိုင်မလား ဆိုတာ ပရိသတ်တွေက စိတ်ဝင်စားနေကြတာလည်း ဖြစ်ပါတယ်။

credit