ခြေစွမ်းမပြနိုင် ဖြစ်နေပေမယ့် သူ့ရဲ့ ကစားသမားအပေါ် ယုံကြည်မှု ထားရှိနေသေးကြောင်း ထုတ်ပြောလိုက်တဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက် နည်းပြချူပ် အဲရစ် တန်ဟက်ဂ် က ခြေစွမ်းမပြနိုင် ဖြစ်နေတဲ့ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယား အပေါ်မှာ ယုံကြည်မှု အပြည့်အဝ ရှိနေဆဲ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် တနင်္ဂနွေည 7:30 အချိန်မှာ ကစားမယ့်




မန်စီးတီးအသင်း နဲ့ မန်ချက်စတာဒါဘီ ပွဲစဉ်မတိုင်မီ အဓိက အားထားရတဲ့ တိုက်စစ်ကစားသမား တွေဖြစ်ကြတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ် နဲ့ အန်တိုနီမာရှယ် တို့ အချိန်မီလေ့ကျင့်ခန်း ဆင်းလာနိုင်ပြီ ဖြစ်ပေမယ့် ဗဟိုနောက်တန်း ကစားသမား မက်ဂွိုင်းယား ကတော့ အင်္ဂလန်လက်ရွေးစင် အသင်းနဲ့ အတူ




နေရှင်းလိဂ် ပွဲစဉ်တွေ ကစားရင်း ဒဏ်ရာ ရရှိသွားခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကို လိုက်ပါ ပူးပေါင်းနိုင်သေးခြင်း မရှိသေးတာလည်း ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဇယားထိပ် နေရာမှ အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့




ဂိုးပြတ် အနိုင် ရယူနိုင်ခဲ့ပြီးနောက် ခရစ္စတယ်ပဲလေ့စ်၊ လိဒ်ယူနိုက်တက် အသင်းတို့နဲ့ ကစားရမယ့် ပွဲစဉ်တွေကို ဗြိတိန်ဘုရင်မ ကွယ်လွန်မှုနဲ့ အတူ ယာယီ ရပ်ဆိုင်းခဲ့ရပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာက မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ပြန်လည်ယှဉ်ပြိုင် ကစားရမှာ




ဖြစ်ပါတယ်။ ခြေစွမ်းပိုင်း ပုံစံကောင်း ရှိမနေပေမယ့် အသင်းခေါင်းဆောင် မက်ဂွိုင်းယား အပေါ် ယုံကြည်မှု အပြည့် ရှိနေဆဲ ဖြစ်တဲ့ အကြောင်းကို နည်းပြ အဲရစ် တန်ဟက်ဂ် က- ပထမဆုံး အနေနဲ့ ကျွန်တော်က သူ့ရဲ့နည်းပြ အဖြစ် ရှိနေတာကြောင့် သူ့ရဲ့ အကောင်းဆုံးပုံစံ ဖြစ်အောင် ပြန်လည်




လန်းညွှန်ပေးသွားရမှာပါ၊ သူ့အနေနဲ့လည်း ပုံစံကောင်းတွေ ပြန်လည် ရရှိအောင် ကြိုးစားလာနိုင်မယ် ဆိုတာကို ယုံကြည်မှု အပြည့်ရှိပါတယ်၊ ကျွန်တော် စရောက်လာတဲ့ ရာသီကြို ခြေစမ်း ခရီစဉ်တွေ အတွင်းမှာ သူက သိပ်ကို ကောင်းမွန်မှု ရှိတဲ့ ကစားသမား တစ်ဦးပါ။

လေကျင့်ရေး ကွင်းနဲ့ ပွဲကစားနေစဉ် အတွင်းမှာ သူက ကစားသမားကောင်း တစ်ဦးဖြစ်တဲ့ အကြောင်း သိသာ စေခဲ့ပါတယ်။ လို့ အဲရစ် တန်ဟက်ဂ် က အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယား အ‌ပေါ် ယုံကြည်မှု အပြည့်အဝ ရှိကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

credit