မန်ချက်စတာ ယူနိုက်တက် ကို ရောက်ရှိတဲ့ ပထမဆုံးနေ့မှာ ကစားသမားတစ်ဦးနဲ့ ပတ်သက်ပြီး သူပြောခဲ့တဲ့ စကားတချို့ကို ကောင်လေးက သတ်သေပြနေပြီ ဖြစ်ကြောင်း ထုတ်ပြောလိုက်တဲ့ တန်ဟက်ဂ်
|မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်် က ပထမဆုံးနေ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းလာလာချင်းမှာပဲ မားကက်စ် ရက်ရှ်ဖို့ဒ် ရဲ့ နေရာနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက ရက်ရှ်ဖို့ဒ် တစ်ယောက် ရုန်းကန်ခဲ့ရပြီး
၃၂ ပွဲမှာ ၅ ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပါတယ်၊ သတင်းတွေက အသက် ၂၄ နှစ်သား တစ်ယောက် မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာဖွယ် ရှိနေတယ်လို့ ဖော်ပြနေကြပေမယ့် အဲရစ် တန်ဟက်ဂ် က သူနဲ့ အလုပ်တွဲလုပ်ရမှာကို စိတ်လှုပ်ရှားနေမိတယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။
ဒီရာသီမှာတော့ အင်္ဂလန်သားဟာ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ၆ ပွဲမှာ ၃ ဂိုးထိ သွင်းယူထားနိုင်ခဲ့ပါတယ်၊ နိုင်ငံတကာ ရက်သတ္တပတ် မတိုင်ခင်အထိ ရက်ရှ်ဖို့ဒ် တစ်ယောက် တိုက်စစ်မှာ ရော်နယ်ဒိုကို ကျော်ဖြတ်ပြီး ဦးဆောင်ခွင့် ရရှိနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရာသီတုန်းက ရုန်းကန်ခဲ့ရပေမယ့် အဲရစ် တန်ဟက်ဂ် က အခုရာသီမှာ ရက်ရှ်ဖို့ ခြေစွမ်းပြနေတာကို မအံ့သြဘူးလို့ ဝန်ခံ ပြောကြားခဲ့ပါတယ်၊ ဒါ့အပြင် မန်ချင်စတာ ယူနိုက်တက် ကို ရောက်လာချိန်မှာလည်း အလားအလာ ရှိတဲ့သူလို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။ ပထမဆုံးနေ့မှာပဲ ကျွန်တော်သူနဲ့ အလုပ်တွဲလုပ်ဖို့ စိတ်လှုပ်ရှားနေမိပါတယ်၊ သူ့အချက်အလက်တွေကို
မြင်ပြီးသားပါ၊ အသင်းကို ဘယ်လောက်ထိ အကျိုးပြုနိုင်မယ့်သူ ဆိုတာလည်း သိပါတယ်၊ အခုတော့ သူတော်တော်လေး တိုးတက်လာခဲ့ပါပြီ၊ ပထမဆုံးနေ့မှာ ကတည်းက မင်းကို အပြုံးတွေနဲ့ နေ့တိုင်းမြင်ချင်တယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်၊ ကျွန်တော်တို့ လေ့ကျင့်ရေးကွင်းမှာ သေချာလေး ပြင်ဆင်ခဲ့ပြီး သူကလည်း အကောင်းဆုံး စွမ်းဆောင်ရည်ကို
ပြသနိုင်ခဲ့ပါတယ်။ လို့ အဲရစ် တန်ဟက်ဂ် က ပြောကြားခဲ့ပါတယ်၊ ရက်ရှ်ဖို့ဒ် တစ်ယောက် ပြီးခဲ့တဲ့ နေးရှင်းလိဂ်ပွဲတွေ ဖြစ်တဲ့ အီတလီနဲ့ ဂျာမနီ ပွဲတွေမှာ အင်္ဂလန်အသင်းအတွက် ကစားခွင့်ရဖို့ မျှော်လင့်ခဲ့ပေမယ့် အသေးစား ဒဏ်ရာကြောင့် လူစာရင်းနဲ့ လွဲချော်ခဲ့ပါတယ်၊ သောကြာနေ့တုန်းက သတင်းစာရှင်းပွဲမှာ အဲရစ် တန်ဟက်ဂ် က ရက်ရှ်ဖို့ဒ် တစ်ယောက်
မန်စီးတီးနဲ့ ပွဲစဥ်မှာ ပါဝင်လာနိုင်ဖွယ် ရှိနေတယ်လို့ ဆိုခဲ့ပါတယ်၊ အခြေအနေက ဟယ်ရီ မက်ဂွိုင်းယား ဟာ ဒဏ်ရာ ရရှိနေပြီး ကျန်တာ အဆင်ပြေပါတယ်၊ မာရှယ်ကတော့ မသေချာသေးပါဘူး၊ လက်ရှိ အခြေအနေကို ကျွန်တော်ပျော်ပါတယ်၊ သူတို့ ထရိန်နင်မှာ သေချာလေး စွမ်းဆောင်နေကြပါတယ်၊ ရက်ရှ်ဖို့ဒ်လည်း လေ့ကျင့်ခန်း ပြန်ဆင်းနေပါပြီ၊ ကျန်တာ အကုန် အဆင်ပြေပါတယ်။ လို့ တန်ဟက်ဂါ က ပြောကြားခဲ့ပါတယ်။
credit