မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေ သူ့ကို မတားဆီးတဲ့ အကြောင်း ဟာလန်း ရှင်းပြ

မန်ချက်စတာစီးတီး အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်သူ တိုက်စစ်မှူး အာလင်း ဟာလန်း က ဒီနေ့ည ဆင်နွဲသွားရမယ့် မန်ချက်စတာဒါဘီ ပွဲစဉ်မှာ သူ့ကို ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် အသင်းက တားဆီးလို့ ရနိုင်မှာ မဟုတ်ကြောင်း သတိပေး ကြုံးဝါး ပြောဆိုလိုက်ပါတယ်။ ဒီနေ့ညမှာ မန်စီးတီးအသင်းရဲ့ အီတီဟတ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမယ့်




မန်စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ရဲ့ မန်ချက်စတာဒါဘီ ပွဲစဉ်ဟာ မန်စီးတီးရဲ့ ဂိုးသွင်းစက် ဟာလန်းနဲ့ မန်ချက်စတာ ယူနိုက်တက် ခံစစ်က မာတီနက်ဇ် ဗာရန်းတို့ရဲ့ အားပြိုင်မှုကို စောင့်ကြည့်ရမယ့် ပွဲတစ်ပွဲ ဖြစ်လာနိုင်ပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ နော်ဝေ တိုက်စစ်မှူး ဟာလန်းက ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၁ ဂိုးထိ သွင်းယူထားနိုင်သလို




မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူးတွေ ဖြစ်တဲ့ လီဆန်ဒရို မာတီနက်ဇ် နဲ့ ဗာရန်း တို့ကလည်း နောင်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ၄ ပွဲဆက်တိုက် ပေးဂိုး ၂ ဂိုး clean sheet ၂ ပွဲရအောင် ကစားထားနိုင်ခဲ့တာ ကြောင့်ပါပဲ၊ ဒီလို အခြေအနေမျိုး ရှိနေပေမယ့်လည်း မန်စီးတီးအတွက် နောက်ဆုံး ၇ ပွဲဆက်တိုက် အထိ ဂိုးတွေ သွင်းယူထားနိုင်တဲ့ ဟာလန်းက သူ့ကို ဘယ်သူ့မှ တားဆီးနိုင်မှာ မဟုတ်ကြောင်း




သတိပေး ပြောဆိုလိုက်ပါတယ်၊ ရက်ဘူးဆာလ်ဇ်ဘာ့ဂ် ဒေါ့မွန်အသင်းတွေမှာ တောက်ပခဲ့တဲ့ ဟာလန်းဟာ မန်စီးတီးအသင်းနဲ့ အတူ နယ်မြေသစ်ကို ရောက်ရှိလာချိန်မှာလည်း သူရဲ့တောက်ပမှုတွေက ပိုမို အားကောင်းလာခဲ့ရသလို အသင်းအတွက် ပြိုင်ပွဲစုံ ၁၀ ပွဲ ကစားပြီးချိန်မှာလည်း စုစုပေါင်း သွင်းဂိုး ၁၄ ဂိုးထိ သွင်းယူ ပေးထားနိုင်ခဲ့ပါတယ်။ မန်စီးတီးရဲ့ ကစားဟန်နဲ့




လုံးဝ အံ့ဝင်ခွင်ကျ ဖြစ်နေတယ်လို့ ယူဆလို့ မရသေးပေမယ့်လည်း ဟာလန်း ကိုယ်တိုင်က အသင်းရဲ့ကစားဟန်နဲ့ suit ဖြစ်နိုင်အောင် ကြိုးစား ကစားနေရင်းနဲ့ပဲ ဂိုးတွေ သွင်းယူလာနိုင်ခဲ့တာ ဖြစ်ပါတယ်၊ နဂိုကတည်းက ဂိုးသွင်းအားကောင်းတဲ့ ဟာလန်းက မန်စီးတီးမှာ ဒီဘရိုင်းနား ဘာနာဒိုဆေးလ်ဗား တို့လို




ပံ့ပိုးမှုကောင်းတဲ့ ကစားသမားတွေနဲ့ တွဲဖက် ကစားရချိန်မှာတော့ သူရဲ့ ဂိုးသွင်းအားက ပိုကောင်းလာခဲ့ရပြီး အခုလည်း မန်ချက်စတာဒါဘီမှာပါ မြို့ခံပြိုင်ဘက် အသင်းဘက်ကို ဂိုးတွေ ဆက်လက် သွင်းယူနိုင်မယ်လို့ ဟာလန်းက ယုံကြည်နေတာ ဖြစ်ပါတယ်၊ သူပြောလို ဖြစ်လာနိုင်မလား ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

credit