မန်ချက်စတာ ယူနိုက်တက် တို့ မန်စီးတီးကို 6-3 နဲ့ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့ရတဲ့ မန်ချက်စတာဒါဘီ ပွဲပြီး သုံးသပ်ချက်

မန်စီးတီးအသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို အေးအေးဆေးဆေး သက်သောင့် သက်သာနဲ့ အနိုင်ယူသွားခဲ့ပါတယ်၊ အားလုံး စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ ဟာလန်းဟာ ဂိုးတွေ သွင်းယူခဲ့သလို၊ ဂိုးဖန်တီးမှုတွေလည်း ပြုလုပ်နိုင်ခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ကတော့




မြို့ခံ ပြိုင်ဘက်ရဲ့ နောက်မှာ အများကြီး ပြတ်ကျန်နေခဲ့သေးတယ် ဆိုတာကို ဒီပွဲက သက်သေ ထပ်မံ ပြခဲ့ပါတယ်၊ အဲရစ် တန်ဟက်ဂ် ဟာ ဒီပွဲမှာ သူ့ စိတ်ကြိုက် လူစာရင်းကိုပဲ ပွဲထုတ်ခဲ့ပေမယ့် မန်စီးတီးကတော့ ရိုဒရီ မပါဝင်နိုင်ခဲ့သလို ဗဟိုနောက်ခံလူ နေရာမှာလည်း အကန်ဂျီ၊ အကီတို့ကို ပွဲထုတ်ခဲ့ရပါတယ်၊ တိုက်စစ်မှာ ဂရီလစ်ရှ်၊ ဖိုဒန်၊ ဟာလန်းတို့ကို




တွဲဖက်ပေးခဲ့ပြီး ဒီကစားသမား သုံးယောက်လုံးက မန်ချက်စတာ ယူနိုက်တက် နောက်တန်းကို ကောင်းကောင်း ဒုက္ခပေးသွားခဲ့ပါတယ်၊ ၃ မိနစ်ကတည်းက မန်စီးတီးတို့ ဂိုးရမလို ဖြစ်ခဲ့ပေမယ့် ဒီဂီယာ လက်စွမ်းပြခဲ့တာကြောင့် နောက်ခံလူတွေနဲ့ ထိထွက်ခဲ့ တာကြောင့် သက်သာရာ ရခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးတို့ ဦးဆောင်ဂိုးရဖို့ ဘယ်လောက်မှ မစောင့်ခဲ့ရဘဲ




ဖိုဒန်က အပြင်းကန်ချက်နဲ့ အဖွင့်ဂိုး စသွင်းခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် က ဒီပွဲမှာ ကွင်းလယ်ပိုင်း ဘယ်လိုမှ အသားစီး မရခဲ့ဘဲ မန်စီးတီးကပဲ ပွဲအရှိန်ကို အတင်အချ စိတ်ကြိုက် ပြုလုပ်ပြီး ကစားခဲ့ပါတယ်၊ ၁၀ မိနစ်အတွင်း မန်စီးတီးက ၃ ဂိုးထပ်မံ ရရှိခဲ့ပြီး ဟာလန်းရဲ့ ဂိုးသွင်းခြေစွမ်း၊ ဖန်တီးနိုင်စွမ်း တို့ကို မြင်တွေ့ခဲ့ရပါတယ်။




ဟာလန်းဟာ ထောင့်ကန်ဘောက တဆင့် ခေါင်းတိုက်ပြီး သွင်းယူခဲ့သလို ဒီဘရိုင်း ဖန်တီးပေးတာကိုလည်း ချိန်သားကိုက် ပြေးဝင် ပိတ်သွင်းခဲ့ပါတယ်၊ အဲ့ဒီနောက် ဖိုဒန်ရဲ့သွင်းဂိုး အတွက်လည်း အကောင်းဆုံး ဖန်တီးပေးနိုင်ခဲ့ပြီး ပထမပိုင်းမှာတင် လေးဂိုးပြတ်နဲ့ ဦးဆောင်ခဲ့ပါတယ်၊ ဒုတိယပိုင်းမှာတော့ မန်စီးတီးတို့ နည်းနည်း ထိန်းကစားလာပြီး




မန်ချက်စတာ ယူနိုက်တက် ဟာ အန်တိုနီရဲ့ ဧရိယာအပြင်က ကန်ချက်နဲ့ အတူ နှစ်သိမ့်ဂိုးတဂိုး ပြန်လည် ရရှိခဲ့ပါတယ်၊ ဒါပေမယ့် လူစားဝင် ကစားသမား မက်ဆီဂိုးမက်ဇ်ရဲ့ ဖန်တီးပေးမှုကတဆင့် ဟာလန်းက သူ့အတွက် ဟက်ထရစ်သွင်းဂိုး၊ ဟာလန်းရဲ့ ဖန်တီးပေးမှုက တဆင့် ဖိုဒန်က ဟက်ထရစ် ဂိုးတွေကို သွင်းယူပေးခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အတွက်




ချေပဂိုး နှစ်ဂိုးကို မာရှယ်လ်က လူစားဝင်လာပြီး သွင်းယူပေးခဲ့ပါတယ်၊ အဲ့ဒါကြောင့်လည်း ပွဲအပြီးမှာတော့ မန်စီးတီးက ဟာလန်း၊ ဖိုဒန်တို့ရဲ့ ဟက်ထရစ်နဲ့အတူ ယူနိုက်တက်ကို 6-3 ဂိုးနဲ့ အနိုင် ရရှိခဲ့ပါတယ်။

credit