မန်ချက်စတာဒါဘီ ပွဲစဉ် အပြီး မန်ချက်စတာ ယူနိုက်တက် ကြယ်တစ်ပွင့် အပြင်းအထန် ဝေဖန်ခံနေရ

မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေဟာ မန်ချက်စတာဒါဘီမှာ ပေးလိုက်ရတဲ့ ဟာလန်းရဲ့ ခေါင်းတိုက်ဂိုး အတွက် အဆိုပါ နော်ဝေကြယ်ပွင့်ကို အဲရစ်ဆင်က လူကပ် ကစားခဲ့ရတဲ့ အပေါ် မယုံနိုင်အောင် ဖြစ်ခဲ့ရပြီး ဝေဖန်နေကြပါတယ်၊ ဒီပွဲမှာ မန်စီးတီးက ဟာလန်း၊ ဖိုဒန် တို့ရဲ့ဟက်ထရစ်နဲ့ အတူ




မန်ချက်စတာ ယူနိုက်တက် ကို ၆-၃ နဲ့ ဂိုးမိုးရွာခဲ့တာလည်း ဖြစ်ပါတယ်၊ မန်စီးတီးဟာ ပထမပိုင်း ကတည်းက လေးဂိုးပြတ်နဲ့ ဦးဆောင်ခဲ့တာ ဖြစ်ပြီး ဟာလန်းက အသင်းအတွက် ဒုတိယဂိုးကို ထောင့်ကန်ဘောက တဆင့် ခေါင်းတိုက် သွင်းယူခဲ့ပါတယ်၊ ထောင့်ကန်ဘောက တဆင့် ဟာလန်းရဲ့




ခေါင်းတိုက်ချက်ကို မာလာစီယာက တားဆီးဖို့ ကြိုးစားခဲ့ပေမယ့် ဘောလုံးက ဂိုးစည်းကို ကျော်သွားခဲ့တာကြောင့် ဂိုးပေးလိုက်ရပြီး ဟာလန်း အတွက် ဒီဂိုးက မန်ချက်စတာဒါဘီမှာ ပထမဆုံး သွင်းယူခဲ့ဖူးတဲ့ ဂိုးလည်း ဖြစ်လာခဲ့ပါတယ်၊ ဒါ့အပြင် ဒီသွင်းဂိုးမှာ နောက်ထပ်ပြောစရာ ဖြစ်ခဲ့တာက




ထောင့်ကန်ဘော အတွက် ဟာလန်းကို လူကပ် ကစားရတဲ့သူက အဲရစ်ဆင် ဖြစ်ခဲ့တာပါ၊ ဟာလန်းဟာ အရပ်အမောင်းရော၊ ကြံ့ခိုင်မှုရော တောင့်တင်းသန်မာ ကောင်းမွန်တဲ့ ကစားသမားတစ်ဦး ဖြစ်ပြီး ဒီ ထောင့်ကန်ဘောမှာတော့ အဲရစ်ဆင်က ဟာလန်းကို လူကပ်ကစားရသလို ဖြစ်သွားခဲ့ပါတယ်၊ အဲ့ဒါကြောင့်




ပရိသတ်တွေက- ဟာလန်းကို အဲရစ်ဆင်က ထောင့်ကန်ဘောတွေမှာ လူကပ် ကစားခဲ့ရတာလား? ဒီအသင်းမှ ငါ့ကို ဒီနေ့မသတ်လည်း မသေတော့ပါဘူး။ ဟာလန်းကို အဲရစ်ဆင်က ဘာကြောင့် လူကပ် ကစားနေရတာလဲ ဆိုတာ တယောက်လောက် ရှင်းပြကြပါဦး၊ ဒါက လုံးဝကို အဓိပ္ပာယ်မရှိတဲ့ ကိစ္စရပ်ပါ။




ထောင့်ကန်ဘောတွေမှာ အဲရစ်ဆင်က ဟာလန်းကို လူကပ်ရတယ်တဲ့လား? ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားတဲ့ စိတ်ကူးစိတ်သန်းလဲကွာ၊ ဗာရန်း ထွက်သွားချိန်မှာတောင်မှ အဲရစ်ဆင် အနေနဲ့ ဟာလန်းကို လူကပ် ကစားရတယ် ဆိုတာမျိုးက မဖြစ်သင့်ပါဘူးလို့ အသီးသီး ဝေဖန်ခဲ့ကြပါတယ်။

ဒီပွဲမှာ ဟက်ထရစ်ရခဲ့တဲ့နောက် ဟာလန်းက ပရီးမီးယားလိဂ်မှာ အိမ်ကွင်း ၃ ပွဲဆက် ဟက်ထရစ် သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်၊ ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ဂိုးတွေကိုတော့ အန်တိုနီနဲ့ လူစားဝင် ကစားသမား မာရှယ်က ၂ ဂိုး အသီးသီး သွင်းယူပေးခဲ့ပြီး ပွဲအပြီးမှာ ၆-၃ ရလဒ် ထွက်ပေါ်ခဲ့ရပါတယ်။

credit