မန်စီတီးကို 6-3 နဲ့ ရှုံးခဲ့ရတာကို ပေါက်ကွဲလိုက်ပြီး အသင်းသားတွေ ဘာ‌‌အမှားတွေလုပ်ခဲ့သလဲ ထုတ်ဖော်ပြောဆိုလိုက်တဲ့ တန်ဟက်ဂ်

Manchester United ဟာ မနေ့ညက အီတီဟတ်ကွင်းမှာ မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့ မန်ချက်စတာဒါဘီ ပွဲစဥ် ကစားခဲ့ရပြီး (6-3) ရလဒ်နဲ့ အဝေးကွင်းမှာ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရပါတယ်၊ ဒီပွဲစဥ်ရဲ့ ပွဲချိန်ပထမပိုင်းမှာ မန်ချက်စတာ ယူနိုက်တက် ရဲ့ ကစားပုံဟာ အထိမ်းအကွပ် မဲ့ခဲ့ပြီး ပွဲချိန် (7) မိနစ်မှာပဲ ဘာနာဒိုနဲ့ ဖီးလ်ဖိုဒန်ရဲ့ ပူးပေါင်းမှုမှ တဆင့် အဖွင့်ဂိုး ပေးခဲ့ရပါတယ်။




အဲ့ဒီနောက် ပွဲချိန် (34) မိနစ်နဲ့ (37) မိနစ်မှာ ဒီဘရိုင်းရဲ့ ဖန်တီးမှုတွေကို ဟာလန်းက အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့ပါတယ်၊ ဒါ့အပြင် ပထမပိုင်း ပြီးဆုံးခါနီးမှာ ဟာလန်းရဲ့ ဖန်တီးပေးမှုကို ဖိုဒန်က အဆုံးသတ်ခဲ့တဲ့ အတွက် မန်ချက်စတာ ယူနိုက်တက် ဟာ ပထမပိုင်းမှာတင် လေးဂိုးပြတ် ရှုံးနိမ့်ခဲ့ရပြီး စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ကြတဲ့ ကွင်းထဲက




ပရိိသတ် အချို့လည်း (45) မိနစ်ကြည့်ပြီး အိမ်ပြန်သွားကြပါတယ်၊ ဒါပေမယ့် ဒုတိယပိုင်း စတင်ပြီး (11) မိနစ်အကြာမှာပဲ မန်ချက်စတာ ယူနိုက်တက် တောင်ပံ တိုက်စစ် ကစားသမား အန်တိုနီက တစ်ဂိုး သွင်းယူခဲ့ပါတယ်၊ ဒါပေမယ့် မန်စီးတီးက တိုက်စစ်ကစားပုံ လျှော့ချမသွားခဲ့ပဲ ဆက်လက် ဖိအားပေး ကစားခဲ့ပါတယ်၊ ဒါ့ကြောင့် ပွဲချိန် (64) မိနစ်မှာ ဂိုမက်ဇ်ရဲ့




ဖန်တီးပေးမှုကို ဟာလန်းက အသုံးချခဲ့ပြီး ဟတ်ထရစ်ရယူသွားနိုင်ခဲ့ပါတယ်၊ ဒါကို ပွဲချိန် (73) မိနစ်မှာ မန်စီးတီး ကွင်းလယ်လူ ဖီးလ်ဖိုဒန်ကလည်း အားကျမခံ တစ်ဂိုးထပ် သွင်းပြီး ဟတ်ထရစ် ရယူသွားခဲ့ပြန်ပါတယ်၊ အဲ့ဒီနောက် ရပ်ရှ်ဖို့ရဲ့ နေရာမှာ လူစားဝင် ကစားခဲ့တဲ့ မာရှယ်က ပွဲချိန် (84) မိနစ်နဲ့ အချိန်ပို မိနစ်တွေမှာ ဂိုးတွေ သွင်းယူရင်း ပွဲရလဒ်ကို




(6-3) ဖြစ်စေခဲ့တာ ဖြစ်ပါတယ်၊ အဆိုပါ ပွဲစဥ်အပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်် တန်ဟက်ဂ် က အသင်းသားတွေဟာ ယုံကြည်မှု ပျောက််ဆုံးနေခဲ့ကြကြောင်း ပေါက်ကွဲ ပြောဆိုလိုက်ပါတယ်။ အဲရစ် တန်ဟက်ဂ် က-

အရမ်းကို ရိုးရှင်းပါတယ်၊ ဒါဟာ ယုံကြည်မှု ပျောက်ဆုံးနေခြင်းပါပဲ၊ ကွင်းထဲမှာ ခင်ဗျားက ယုံကြည််မှုတွေ ရှိမနေရင် နိုင်ပွဲ ရယူနိုင်မှာ မဟုတ်ပါဘူး၊ ဒါမျိုးကို ကျွန်တော့်ဘက်က လက်သင့်ခံစရာ အကြောင်း လုံးဝရှိမနေပါဘူး၊ အသင်းသားတွေဟာ စည်းမျဥ်း စည်းကမ်းတွေကို လိုက််နာနိုင်ခြင်း မရှိခဲ့ကြတဲ့အတွက် အထောင်းခံခဲ့ကြရတာပါ။




ဒီနေ့မှာ ဖြစ်ပျက်ခဲ့တာ အဲ့တာတွေပါပဲ၊ ကျွန်တော့် အတွက် ဒါဟာ တကယ့်ကို အံ့အားသင့်စရာပါပဲ၊ ကျွန်တော်တို့ တိုက်စစ်ဆင် မကစားနိုင်ခဲ့ကြပါဘူး၊ ဒါ့အပြင် ဘောလုံးကိုင်တဲ့ အခါမှာ ရဲရင့်မှုလည်း မရှိခဲ့ကြပါဘူး၊ ကျွန်တော်တို့ ကစားဖို့ နေရာလွတ်တွေ ပိုင်ဆိုင်ခဲ့ပါသေးတယ်၊ ဒါပေမယ့် သူတို့တွေ ရဲရင့်စွာ မကစားခဲ့ကြပါဘူး၊ ဒီပွဲအတွက် ဂုဏ်ထူးမှတ်နဲ့

ထိုက်တန်တာ မန်စီးတီးပါ မန်စီးတီးကို မေ့လိုက်ပါ၊ ကျွန်တော်တို့ ကိုယ်တိုင်က လုံလုံလောက််လောက် ကောင်းအောင် မကစားပြနိုင်ခဲ့တာပါပဲ၊ ကျွန်တော်တို့ ဒီလိုပွဲမျိုးကို ယုံကြည်ချက်၊ တစ်ကိုယ်တော်် စွမ်းရည်၊ အသင်းလိုက် ကစားပုံနဲ့ ဖြတ်သန်းခဲ့ရမှာပါ၊ ပွဲပြီး ပထမဆုံး မိနစ်ထဲက ကျွန်တော် အဲ့တာကို ခံစားခဲ့ရပါတယ်၊ ဒါ့ကြောင့် အပြောင်းအလဲတွေ လုပ်ဆောင်ရင်း




စိတ်ဓါတ်တွေ ပြောင်းလဲအောင် လုပ်ခဲ့တယ်၊ ပထမပိုင်း ပြီးတဲ့နောက် ကျွန်တော်တို့ ခြားနားတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို မြင်တွေ့ခဲ့ရပါတယ်၊ ဒုတိယပိုင်းမှာ ဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး ဖန်တီးမှုတွေလည်း ပိုလုပ်နိုင်ခဲ့ကြတယ်၊ ကျွန်တော်တို့ ဘောလုံးကိုလည်း ရဲရဲရင့်ရင့် ကိုင်နိုင်ခဲ့ပြီး ပြိုင်ဖက် ဧရိယာဖက် မကြာခန ထိုးဖောက်ရင်း (3) ဂိုး သွင်းယူနိုင်ခဲ့ကြတယ်။




ဒီလို အခိုက်အတန့်မှာ အပေါင်း လက္ခဏာဆောင်တဲ့ အရာတွေ အကြောင်း ကျွန်တော် စဥ်းစားလို့တောင် မရနိုင်ပါဘူး၊ ကျွန်တော်တို့ ပရိသတ်တွေနဲ့ ကျွန်တော်တို့ကို ကျွန်တော်တို့ စိတ်ဓါတ် ကျဆင်းစေခဲ့ကြပါတယ်၊ ဒီလို ရလဒ်အတွက် လုံးဝ မကျေနပ်ပါဘူး။ လို့ အဲရစ် တန်ဟက်ဂ် က ပြောဆိုသွားခဲ့ပါတယ်။

credit