မန်ချက်စတာဒါဘီမှာ ရော်နယ်ဒိုကို ထည့်သွင်းခြင်း မပြုခဲ့တဲ့ တန်ဟက်ဂ်ရဲ့ အကြောင်းပြချက်က လက်ခံနိုင်စရာ မရှိကြောင်း တုန့်ပြန်လိုက်တဲ့ ပီရက်စ်မော်ဂန်

ယမန်နေ့ ညက မန်ချက်စတာဒါဘီ ပွဲစဉ် အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်စီးတီး နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဥ်မှာ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ကို လူစားမလဲ လှယ်ခဲ့တာက ဒီကစားသမားရဲ့ ကြီးကျယ်ခမ်းနားတဲ့ ကစားသမား ဘ၀ကို လေးစားလို့ ဖြစ်ကြောင်း မန်ချက်စတာ ယူနိုက်တက် နည်းပြ ဖြစ်သူ အဲရစ် တန်ဟက်ဂ် က ပြောဆိုလိုက်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မန်စီးတီးကို ပထမပိုင်းမှာပဲ ၄ ဂိုးပြတ် အရေးနိမ့်ခဲ့ပြီး ဒုတိယပိုင်းမှာ လူစားလဲမှုတွေ ပြုလုပ်ခဲ့ပြီး ၃ ဂိုး ပြန်လည် သွင်းယူနိုင်ခဲ့လို့ သူတို့ရဲ့ ရှုံးပွဲက အရှက်တကွဲ အကျိုးနည်း မဖြစ်ခဲ့ဘူးလို့ ဆိုရမှာပါ၊ ဒါပေမယ့် ကစားသမားတွေကို အပြောင်းအလဲ ပြုလုပ်ခဲ့ရာမှာ




အဲရစ် တန်ဟက်ဂ် က ရော်နယ်ဒိုကို ထည့်သွင်းခြင်း မရှိဘဲ မာရှယ်ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်၊ မာရှယ်က လူစားဝင်လာပြီးနောက် သွင်းဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့်လည်း ပွဲကစား အရှိန်ရှိနေတဲ့ ရော်နယ်ဒိုကို ထည့်သွင်းခြင်း မပြုခဲ့တဲ့ အတွက် ဝေဖန်မှုတွေက ရှိနေခဲ့တာ ဖြစ်ပါတယ်။




ပွဲအပြီးမှာ အဲရစ် တန်ဟက်ဂ် က သူ့ကို အသုံးမပြုခဲ့တာဟာ သူ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဘ၀ကို လေးစားလို့ပါ လို့ ပြောဆိုခဲ့ပြီး အသေးစိတ်ကိုတော့ မပြောကြားခဲ့ပါဘူး၊ ဒါက ပြိုင်ဘက်ကို ဂိုးပြတ် ရှုံးနိမ့်နေချိန်မှာ ရော်နယ်ဒိုကို ထည့်သွင်း ကစားစေတာက ကစားသမားကို စော်ကားရာ




ရောက်မယ်လို့ အဲရစ် တန်ဟက်ဂ် ဘက်က ယူဆခဲ့တာ ဖြစ်မယ်လို့ အားလုံးက သုံးသပ်နေကြပါတယ်၊ မာရှယ်ကို ထည့်သွင်းမယ် ဆိုရင် တခြားသော အရာတွေကို ယူဆောင်နိုင်လာမှာ မို့လို့ပါ၊ သူ ပွဲကစားဖို့လည်း လိုအပ်နေလို့ပါ၊ ဒါပေမယ့် ဒါကို ကျနော်အများကြီး မညွှန်းဆိုချင်ပါဘူး။ လို့ အဲရစ် တန်ဟက်ဂ် က ထပ်မံ ပြောကြားသွားခဲ့ပါတယ်။




ဒါပေမယ့် ရော်နယ်ဒိုရဲ့ မိတ်ဆွေဖြစ်သူ ပီးရက်စ်မော်ဂန် ကတော့ အဲရစ် တန်ဟက်ဂ် ရဲ့ ဖြေရှင်းချက်ကို လက်သင့်မခံဘဲ ရှိနေခဲ့ပြီး တွစ်တာကနေ ဝေဖန်ခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသငရဲ့ ဒီရာသီ အကောင်းဆုံး ပွဲစဥ်မှာ ရော်နယ်ဒို အရန်ခုံမှာ ထိုင်နေရတာကို စဉ်းစားကြည့်

ရယ်စရာပါပဲ၊ ကစားသမား ၅ ဦးကို ထည့်သွင်းခဲ့ပြီး ဒါကို ရော်နယ်ဒို အပေါ် လေးစားတာပါ ဆိုပြီးတော့ ပြောနေတာလားလို့ မေးခွန်းထုတ် သွားခဲ့ပါတယ်၊ ရော်နယ်ဒိုကတော့ အရန်ခုံမှာ စိတ်မကြည်မသာနဲ့ ရှိနေခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

credit