မန်ချက်စတာဒါဘီမှာ အနိုင်ရခဲ့ပေမယ့် မကျေနပ်စရာ ရှိခဲ့ကြောင်း ထုတ်ပြောလာတဲ့ ဟာလန်း

0
156

မန်စီးတီး တိုက်စစ်မှူး ဟာလန်းက သူ့အသင်း အနေနဲ့ မန်ချက်စတာဒါဘီမှာ ယခုထက် သွင်းဂိုးတွေ ပိုမို သွင်းယူနိုင်ခဲ့သင့်ကြောင်း၊ ဒုတိယပိုင်း ကစားပုံက ပျော့ပျောင်းလွန်းကြောင်း ပြောကြားလိုက်ပါတယ်၊ မန်စီးတီးဟာ ဒီပွဲမှာ ဟာလန်းနဲ့ ဖိုဒန် နှစ်ယောက်ရဲ့ ဟက်ထရစ်နဲ့ အတူ မန်ချက်စတာ ယူနိုက်တက် ကို 6-3 ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။




မန်စီးတီး အသင်းဟာ ပထမပိုင်းမှာ ကတည်းက လေးဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာလည်း 6-1 ဂိုးအထိ ဦးဆောင်နိုင်ခဲ့ပါတယ်၊ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် မာရှယ်လ်ရဲ့ နောက်ကျ ချေပဂိုး နှစ်ဂိုးကြောင့် 6-3 နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဟာလန်း အတွက်ကတော့ ဒီပွဲမှာ ရရှိခဲ့တဲ့ ဟက်ထရစ်ကြောင့် ပရီးမီးယားလိဂ် သမိုင်းတလျှောက်




အိမ်ကွင်း သုံးပွဲဆက်တိုက် ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်၊ ဒါပေမယ့် ဟာလန်းက ဒီအပေါ် ကျေနပ်အားရခြင်း မရှိပါဘူးလို့ ဆိုပါတယ်၊ ဟာလန်းက ကျနော်တို့ ဒီထက် ဂိုးပိုရသင့်တာပါ၊ ဒုတိယပိုင်းမှာ ကျနော်တို့ ပိုမိုကြိုးစားပြီး ကစားခဲ့သင့်ပါတယ်၊ ဒါပေမယ့် ကစားပုံက တအား ပျော့ပျောင်းလွန်းသွားပါတယ်။




ကျနော်တို့ ဒုတိယပိုင်းမှာ ရှုံးပါရှုံးခဲ့ပြီး ဒါက မကောင်းပါဘူး၊ တကယ်ဆို ဒီထက် ဂိုးတွေ သွင်းချင်သေးတာပါ၊ ဒီအတွက် ကျနော် မပျော်မရွှင် ဖြစ်နေရပါတယ်၊ ဒီတော့ ကျနော်တို့ အလုပ် ထပ်လုပ်ရဦးမှာပါ၊ ကြိုးစားရဦးမှာပါ။ လို့ ဟာလန်းက ဖွင့်ဟ လာတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေကမှ ဒေါ့မွန်ကနေ




မန်စီးတီး အသင်းကို ရောက်ရှိလာခဲ့တဲ့ ဟာလန်းဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ 17 ဂိုးထိ သွင်းယူပေးထားပြီး ဖြစ်ပြီး ဒီအထဲက 14 ဂိုးက ပရီးမီးယားလိဂ်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်၊ ဒါ့အပြင် ဟာလန်းဟာ ဒီသွင်းဂိုး အရေအတွက်ကြောင့်လည်း ပရီးမီးယားလိဂ် အသင်း 14 သင်းထက် ဒီရာသီမှာ ဂိုးပိုမို သွင်းယူထားတဲ့ ကစားသမားအဖြစ် ရပ်တည်လျက် ရှိပါတယ်။




22 နှစ်အရွယ်သာ ရှိသေးတဲ့ ဟာလန်းဟာ အခုမှ မန်ချက်စတာဒါဘီပွဲကို ပထဆုံးစတင် ကစားခဲ့ဖူးတာ ဖြစ်ပေမယ့် ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့ အပြင် အသင်းဖော် ဖိုဒန်ရဲ့ သွင်းဂိုး နှစ်ဂိုး အတွက်လည်း အကောင်းဆုံး ဖန်တီးပေးနိုင်ခဲ့ပါသေးတယ်၊ ဟာလန်းအနေနဲ့ လက်ရှိ ဂိုးသွင်းနှုန်းကိုသာ ဆက်လက် ထိန်းသိမ်းသွားမယ် ဆိုရင်တော့ ပရီးမီးယားလိဂ်သွင်းဂိုး 50 အထိ ရရှိသွားနိုင်ပါတယ်။

credit