မန်ချက်စတာဒါဘီမှာ ရရှိခဲ့တဲ့ ဗာရန်းရဲ့ ဒဏ်ရာအခြေအနေ၊ နောက်ပွဲစဉ်တွေမှာ မျှော်လင့်ချက် ဘယ်‌လောက်ရှိသလဲ Manchester Evening News မှ အတည်ပြုပေးလာ

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ရာဖေးလ်ဗာရန်းက မန်စီးတီးကို အရေးနိမ့်ခဲ့ရတဲ့ မန်ချက်စတာဒါဘီ ပွဲစဉ်မှာ ဒဏ်ရာ ရသွားခဲ့တာကြောင့် လင်ဒီလော့နဲ့ လူစားလဲခံခဲ့ရ ပေမယ့် သူရဲ့ ဒဏ်ရာ အခြေအနေက ကာလရှည် အနားယူရနိုင်တဲ့ ဒဏ်ရာ အခြေအနေမျိုး မဟုတ်တာကြောင့် မကြာခင် အသင်းအတွက် ပြန်လည် ကစားပေးဖွယ် ရှိနိုင်ပါတယ်။




၂၉ နှစ်အရွယ် ပြင်သစ်လက်ရွေးစင် နောက်ခံလူ ဗာရန်းဟာ ဒီရာသီမှာ လီဆန်ဒရို မာတီနက်ဇ် နဲ့ တွဲဖက်ပြီး မန်ချက်စတာ ယူနိုက်တက် ခံစစ်မှာ ပုံစံကောင်း ပြသလျက် ရှိနေပေမယ့် မန်ချက်စတာ ဒါဘီမှာတော့ ခြေချင်းဝတ်ဒဏ်ရာ ရရှိသွားတာကြောင့် ပထမပိုင်း ပွဲကစားချိန် မိနစ် ၄၀ မှာပဲ လူစားလဲခဲ့ရပါတယ်၊ ဒဏ်ရာရသွားပြီး လူစားပါ လဲလိုက်ရတာကြောင့်




ဗာရန်း အနေနဲ့ ကာလရှည်ကြာ အနားယူရနိုင်တဲ့ အနေအထားမျိုးမှာ ရှိနိုင်တယ်လို့ ထင်ခဲ့ရပေမယ့်လည်း သူရဲ့ ဒဏ်ရာက အဆစ်လွဲသွားခြင်းသာ ဖြစ်လို့ ရက်ရှည် နားရဖွယ် မရှိနိုင်ဘူးလို့ သိရှိရပါတယ်၊ Manchester Evening News သတင်းစာရဲ့ ဖော်ပြချက်မှာတော့ ဗာရန်း ဒဏ်ရာ အခြေအနေက သိပ်မဆိုးလှတဲ့ အခြေအနေမှာ ရှိနေတယ်လို့




ဖော်ပြထားတဲ့ အပြင် မန်ချက်စတားဒါဘီ ရှုံးပွဲအပြီး အသင်းနဲ့ လေ့ကျင့်ရေးကွင်း ကာရင်တန်မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးကိုလည်း ဗာရန်းက တတ်ရောက်ခဲ့ပါသေးတယ်၊ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က ဆိုက်ပရပ်စ်အသင်း အိုမိုးနီးယားနီကိုးရှား အသင်းနဲ့ ရင်ဆိုင်ရမယ့် ယူရိုပါလိဂ် အုပ်စုပွဲစဉ် ၃အတွက် ကစားသမားစာရင်းမှာ




ဗာရန်းကို ထည့်သွင်းလာပါ့မလား ဆိုတာတော့ မသေချာသေးပဲ ရှိနေပါတယ်၊ မန်ချက်စတာ ယူနိုက်တက် က အိုမိုးနီးယားနဲ့ ဆိုက်ပရပ်စ်မှာ ကစားအပြီး နောက်ပိုင်းပွဲတွေမှာ ရလဒ် ပြန်လည် ကောင်းမွန်လာခဲ့တဲ့ အဲဗာတန်အသင်းနဲ့ အဝေးကွင်းပွဲကြပ် အဖြစ် ဆက်လက် ရင်ဆိုင်ရဦးမှာ ဖြစ်လို့ ယူရိုပါလိဂ် ပွဲမှာတော့ ဗာရန်းကို သေချာပေါက် အနားပေးလာနိုင်ပြီး




လင်ဒီလော့ ဒါမှမဟုတ် အသင်းခေါင်းဆောင် မက်ဂွိုင်းယားတို့ကို ပွဲထုတ်လာနိုင်ပါတယ်၊ မန်ချက်စဝာ ယူနိုက်တက် က ယူရိုပါလိဂ်မှာ ဆိုစီဒက်နဲ့ ကစားခဲ့တဲ့ အဖွင့်ပွဲစဉ် အတွင်း ရှုံးနိမ့်ခဲ့ရပေမယ့်လည်း မော်ဒိုဗာမှာ ကစားခဲ့ရတဲ့ ဒုတိယမြောက်ပွဲမှာ ရှာရစ်ဖ်ကို အနိုင်ယူထားတဲ့ အတွက် ၃ မှတ် ရရှိထားသလို အုပ်စုအတွင်း အမှတ်မရထားသေးတဲ့ အိုမိုးနီးယားနဲ့ ပွဲမှာလည်း ရလဒ်ကောင်းနိုင်ဖွယ် ရှိနေပါတယ်။

credit