လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရော်နယ်ဒိုနဲ့ အသင်းရဲ့ အနာဂတ်က ဘယ်လိုလဲ ဆိုတာ ထုတ်ပြောလိုက်တဲ တန်ဟက်ဂ်

0
30

ရော်နယ်ဒိုဟာ လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်ခွာချင်နေပြီလို့ သိရပြီး နည်းပြ အဲရစ် တန်ဟက်ဂ် ကလည်း ဒီတကြိမ်မှာ ကြယ်ပွင့် ကစားသမားရဲ့ ဆန္ဒကို တားဆီးမှာ မဟုတ်တော့ဘူးလို့ သတင်းတွေ ထွက်လာခဲ့ပါတယ်၊ မန်စီးတီးကို 6-3 နဲ့




အရေးနိမ့်ခဲ့တဲ့ မန်ချက်စတာဒါဘီ ပွဲစဥ်မှာ ရော်နယ်ဒိုဟာ အရန်ကစားသမား အဖြစ်နဲ့သာ ရှိနေခဲ့ပြီး သူ့ကို အသုံးမပြုခဲ့လို့ အဲရစ် တန်ဟက်ဂ် ကို ရွိုင်ကိန်းကလည်း ဝေဖန်ခဲ့ပါတယ်၊
ဒါပေမယ့် အဲရစ် တန်ဟက်ဂ် က ကစားသမားရဲ့ ဂုဏ်သိက္ခာကြောင့် အခုလို အရေးနိမ့်နေတဲ့ အချိန်မှာ ထည့်သွင်း




သုံးမပြုခဲ့တာ ဖြစ်တယ်လို့ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်၊ ရော်နယ်ဒိုဟာ လက်ရှိ အခြေအနေကို မပျော်မရွှင် ဖြစ်နေပြီး သူ ပွဲထွက် ကစားခွင့်ရဖို့ ထိုက်တန်တယ်လို့ ခံစားနေရပြီး အဲရစ် တန်ဟက်ဂ် ဘက်ကတော့ ရော်နယ်ဒိုရဲ့ ခြေစွမ်းက ပွဲထွက်ခွင့် ရဖို့ မလုံလောက်ဘူးလို့ သတ်မှတ်ထားတာဖြစ်ပါတယ်။




ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကာလမှာ ရော်နယ်ဒိုဟာ အသင်း ပြောင်းရွှေ့ဖို့ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘဲ အိုးလ်ထရက်ဖို့ဒ် မှာသာ ဆက်လက် ရှိနေခဲ့တာ ဖြစ်ပါတယ်၊ ၃၇ နှစ်အရွယ် ပေါ်တူဂီသားဟာ သူ့အတွက် ကမ်းလှမ်းမှုတွေ ရှိလာခဲ့ရင် ထွက်ခွာဖို့ကို မျှော်လင့်နေပြီး အဲရစ် တန်ဟက်ဂ် ကတော့




ဒီတကြိမ်မှာ တားဆီးမှာ မဟုတ်တော့ဘဲ ရော်နယ်ဒိုကို စိတ်တိုင်းကျ ဆုံးဖြတ်စေလိမ့်မယ်လို့ The Sun က ဆိုပါတယ်၊ လက်ရှိ အနေအထားမှာတော့ ရော်နယ်ဒိုကို ဥရောပ ထိပ်တန်း အသင်းကြီးတွေက ခေါ်ယူဖို့ထက် အခြားသော ငွေကြေး ကြွယ်၀တဲ့ အသင်းတွေရှိတဲ့ အရှေ့အလယ်ပိုင်း ဒေသ ကလပ်တွေ၊

မေဂျာလိဂ် ကလပ်တွေကသာ ခေါ်ယူဖွယ်ရှိနေပါတယ်၊ ထိပ်တန်း အဆင့်တွေမှာပဲ ကစားချင်နေသေးတဲ့ ရော်နယ်ဒို အတွက် ဒါက ကျေနပ်နိုင်စရာ မဟုတ်ပေမယ့်လည်း ထွက်ခွာဖို့ကိုပဲ အားစိုက်မယ် ဆိုရင်တော့ ကမ်းလှမ်းမှုတွေကို လက်ခံဖွယ်ရာ ရှိနေပါတယ်။

credit