မန်ချက်စတာဒါဘီမှာ ဒုတိယပိုင်း သွင်းဂိုးတွေ ရယူနိုင်ခဲ့တဲ့ အကြောင်းအရင်းမှန် ထွက်ပေါ်လာ

မန်ချက်စတာဒါဘီ ပထမပိုင်းအပြီး မန်ချက်စတာ ယူနိုက်တက် အဝတ်လဲခန်းထဲမှာ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် နဲ့ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် တို့ရဲ့ အော်ဟစ် စကားပြောသံတွေဟာ ကျယ်လောင်လွန်းတာကြောင့် အဝတ်လဲခန်း အပြင်ဘက် လျှောက်လမ်းကနေပါ သူတို့ရဲ့ ပြောစကားတွေကို ကြားခဲ့ရကြောင်း သိရှိရပါတယ်။




တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အဆိုပါပွဲမှာ မန်ချက်စတာ ယူနိုက်တက်တ အသင်းဟာ အဝေးကွင်းမှာ ၆-၃ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ ပထမပိုင်းမှာတင် လေးဂိုးပြတ်နဲ့ ရှုံးနိမ့်နေခဲ့တာ ဖြစ်ပြီး ဒုတိယပိုင်းမှာတော့ အန်တိုနီ၊ မာရှယ်လ် တို့ရဲ့ စွမ်းဆောင်မှုနဲ့ သွင်းဂိုး သုံးဂိုး ပြန်လည်ရရှိကာ ပွဲအပြီးမှာ ၆-၃ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။




ပရိသတ်တွေကတော့ ပထမပိုင်းမှာ မန်ချက်စတာ ယူနိုက်တက် တို့ ဂိုးပြတ် အရေးနိမ့်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ပြန်လည် အနိုင်ရရှိခဲ့ကြောင်း နောက်ပြောင်နေကြပါတယ်၊ ဒီပွဲရဲ့ ပထမပိုင်း အပြီးမှာ အသင်းခေါင်းဆောင် အဖြစ် ပွဲထွက်လာတဲ့ ဘရူနို နဲ့ မာတီနက်ဇ် တို့ဟာ အကြီးအကျယ် ဒေါသ ပါက်ကွဲခဲ့ကြပြီး ကျန်တဲ့ အသင်းဖော်တွေ အားလုံးကလည်း




သူတို့ရဲ့ ပေါက်ကွဲမှုကို သိရှိခဲ့ရပါတယ်၊ အသင်းဖော်တွေကို ဒေါသတကြီး တွန်းအားပေး အော်ဟစ်ပြောဆိုမှုဟာ အဝတ်လဲခန်း အပြင်ဘက် လူသွားစင်္ကြန်ကနေပါ အကုန်ကြားခဲ့ရပြီး တော်တော်လေး ကျယ်လောင်ခဲ့တယ်လို့ ဆိုပါတယ်၊ ဒီလိုမျိုး တွန်းအားတွေက ဒုတိယပိုင်းမှာ မန်ချက်စဝာာ ယူနိုက်တက် ရဲ့ ကစားပုံကို အကျိုးသက်ရောက်မှု ရှိစေခဲ့သလား




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီပွဲမှာရရှိခဲ့တဲ့ သုံးဂိုးလုံးကို ဒုတိယပိုင်းမှသာ ရရှိခဲ့တာ ဖြစ်ပါတယ်၊ ဘရူနို ဖာနန်ဒက်စ် ဟာ မက်ဂွိုင်းရား အရန်ခုံ ရောက်သွားပြီး နောက်ပိုင်းတည်းက အသင်းခေါင်းဆောင် အဖြစ် ပွဲထွက်ခွင့် ရရှိနေတာပါ။း၊ မာတီနက်ဇ်ကလည်း နောက်တန်းမှာ ဦးဆောင်သူတယောက် အဖြစ် ဂိုးသမား ဒီဂီယာ အပါအဝင်

အသင်းဖော်တွေကို လှုံ့ဆော်ပေးနေလေ့ရှိသူ တစ်ယောက် ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ ဒီကြားရက်မှာတော့ ယူရိုပါလိဂ် အဝေးကွင်းပွဲ အဖြစ် ဆိုက်ပရပ်စ်မှာ အိုမိုနီးယားနီကိုရှားနဲ့ ကစားရမှာ ဖြစ်ပြီး အဲ့ဒီနောက် တနင်္ဂနွေမှာတော့ အဲဗာတန်နဲ့ အဝေးကွင်းပွဲကို ဆက်လက် ကစားရမှာပါ။

credit