သူတို့ အသင်းရဲ့ အခြေအနေဆိုးတွေကို ရော်‌‌နယ်ဒိုနဲ့ ဥပမာပေးပြီး ရှင်းပြလာတဲ့ လီဗာပူး နည်းပြ

လီဗာပူး နည်းပြ ဖြစ်သူ ယာဂင် ကလော့ပ် က သူ့ အသင်းရဲ့ လက်ရှိ အနေအထားနဲ့ ပတ်သက်လို့ ရော်နယ်ဒို ရဲ့ အခြေအနေတွေနဲ့ နှိုင်းယှဥ် ပြောကြားလိုက်ပါတယ်၊ လီဗာပူးဟာ ဒီရာသီမှာ ရလဒ်ကောင်းဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ၂ ပွဲ၊ ချန်ပီယံလိဂ်မှာ နိုင်ပွဲ ၁ ပွဲသာ ရရှိထားပါတယ်။




နောက်ပိုင်း နှစ်တွေမှာ လီဗာပူးဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မန်စီးတီးနဲ့ အပြိုင် စိန်ခေါ်ခဲ့တာပါ၊ ချန်ပီယံလိဂ်မှာလည်း မနှစ်ကပဲ ပူပူနွေးနွေး ဗိုလ်လုပွဲ တက်ရောက်ထားနိုင်ခဲ့ပြီး ဒီရာသီ လီဗာပူးရဲ့ ကျဆင်းမှုတွေက တော်တော်လေး အံ့အားသင့်ဖို့ ကောင်းနေပါတယ်၊ ဒါပေမယ့်လည်း ကလော့ပ် ကတော့




ကျနော့် ကစားသမားတွေ ဘာကြောင့် ယုံကြည်ချက်အပြည့် မရှိတော့တာလဲလို့ လူတွေ ကျနော့်ကို မေးနိုင်ပါတယ်၊ ဒါပေမယ့် ရော်နယ်ဒိုရော အခု အခိုက်အတန့်မှာ သူ့ရဲ့ ယုံကြည်မှု အမြင့်ဆုံးမှ ာရှိနေတယ်လို့ ခင်ဗျားတို့ ထင်လား? သူက ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် နှစ်ပေါင်းများစွာ ကြာအောင် ရပ်တည်ခဲ့သူပါ။




ဒါပေမယ့် အခု သူဖြစ်စေချင်တဲ့ အတိုင်း မဖြစ်နေပါဘူး၊ သေချာပေါက်ကို မတူညီပါဘူး၊ ဒါမျိုးက ကျနော်တို့ အားလုံးမှာလည်း ဖြစ်တာပဲလေ၊ မက်ဆီလည်း ပြီးခဲ့တဲ့ ရာသီတုန်းက ပီအက်စ်ဂျီမှာ အရင်နဲ့ တူခဲ့လို့လားဗျာ၊ သေချာပေါက် မတူဘူးပေါ့၊ ဒါတွေက ကျနော်တို့ အတွက် တကယ်ကို အရေးပါတဲ့ ကိစ္စတွေပါ။




ဒီအတွက် ကျနော်တို့ လုပ်စရာရှိတာ လုပ်ရပါမယ်၊ သေးငယ်တဲ့ အရာတွေကို တဆင့်ချင်းလုပ်ပြီး မှန်ကန်တဲ့ လမ်းကြောင်းကို သွားရပါမယ်၊ အချိန်အခါတခု ရောက်တဲ့အခါ သေချာပေါက် ပြန်လာနိုင်ဖို့ အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်၊ ကျနော်တို့ အခု ဒီအတွက် လုပ်စရာရှိတာ လုပ်နေပါတယ်။ လို့ ပြောကြားသွားခဲ့ပါတယ်။




လီဗာပူး အသင်းဟာ ဒီကနေ့ညမှာ ချန်ပီယံလိဂ် အုပ်စုပွဲ အဖြစ် ရိန်းဂျားစ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်၊ လီဗာပူး အနေနဲ့ ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲမှာ အုပ်စုတွင်း အဓိက ပြိုင်ဘက် နာပိုလီကို ၄-၁ နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်၊ ဒါပေမယ့် ဒုတိယပွဲမှာတော့ အေဂျက်စ်ကို အိမ်ကွင်းမှာ ၂-၁ နဲ့ အနိုင် ရရှိထားပါတယ်။

credit