ပွဲထွက် ကစားသမား စာရင်း အပြောင်းအလဲ ပြုလုပ်ဖို့ ရှိနေတဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က မန်ချက်စတာ ဒါဘီ ပွဲစဉ်မှာ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးကို 6-3 ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ နွေဈေးကွက် ပိတ်သိမ်းခါနီးမှာ ရီးရဲလ်မက်ဒရစ်မှ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်ရှိလာတဲ့ ဘရာဇီးလ် ကြယ်ပွင့်




ကွင်းလယ်ခံစစ် ကစားသမား ဖြစ်သူ ကတ်စ်မဲရိုးကို ပွဲထွက် ကစားသမားအဖြစ် သုံးစွဲတော့ဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း နာမည်ကြီး အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်၊ အသက် ၃၀ အရွယ် ဘရာဇီးလ် ကြယ်ပွင့် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးဟာ နွေဈေးကွက်




ပိတ်သိမ်းခါနီးမှာ လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက် ထံ ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ ဝန်းကျင်နဲ့ ပြောင်းရွှေ့လာတဲ့ ကတ်စ်မဲရိုးဟာ အသင်းနဲ့ ၄ နှစ် သက်တမ်းရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားသူ ဖြစ်ပြီး ကစားသမားဘဝ အကောင်းဆုံးအချိန်မှာ




အောင်မြင်မှုပေါင်းများစွာ ရရှိနေတဲ့ ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက် ထံ ပြောင်းရွှေ့လာသူ ဖြစ်တာကြောင့် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေ အပါအဝင် ဘောလုံး ပရိသတ်တွေက ကတ်စ်မဲရိုး တယောက် မန်ချက်စတာ ယူနိုက်တက် မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်မလား? မပြသနိုင်ဘူးလား? ဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပြီး




အဲရစ် တန်ဟက်ဂ် ဟာ ကတ်စ်မဲရိုး အပေါ် မလိုလားအပ်တဲ့ ဝေဖန်မှုနဲ့ ဖိအားတွေ ကျရောက်လာမှာ စိုးရိမ်တာကြောင့် ကတ်စ်မဲရိုး ကို ပွဲထွက်လူစာရင်းမှာ ချက်ချင်း အသုံးပြုဖို့ထက် အသင်းရဲ့ ကစားကွက်နဲ့ အံဝင်လာအောင် ဖြည်းဖြည်းချင်းသာ အသုံးပြုနေခဲ့ပါတယ်၊ ဒါပေမယ့် ပြီးခဲ့တဲ့ မန်ချက်စတာဒါဘီမှာ




ဂိုးပြတ် ရှုံးနိမ့်ခဲ့ရပြီးနောက် အဲရစ် တန်ဟက်ဂ် က ပွဲထွက် လူစာရင်းကို ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ပြီး ကြီးမားတဲ့ ပြောင်းလဲမှုတရပ် အနေနဲ့ အသင်းရဲ့ ကွင်းလယ်ခံစစ်နေရာမှာ ပုံမှန် ပွဲထွက်ခွင့် ရနေတဲ့ တော်မီနေးကို အရန်ခုံပို့ကာ ကတ်စ်မဲရိုးကို ထုတ်သုံးဖို့ ဆုံးဖြတ်လိုက်ကြောင်း မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ နီးစပ်တဲ့ သတင်းထောက်တွေက ထုတ်ဖော် ပြောဆိုထားကြပါတယ်။

နာမည်ကြီး သတင်းဌာနတခု ဖြစ်တဲ့ Telegraph သတင်းဌာန ကလည်း အဲရစ် တန်ဟက်ဂ် ဟာ ကတ်စ်မဲရိုးကို ပွဲထွက်ခွင့် ပေးဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီး ၎င်းဟာ ယခု သီတင်းပတ် အကုန်မှာ ကစားမယ့် အဲဗာတန်နဲ့ ပွဲကနေ စတင်ပြီး အဲရစ်ဆင်၊ ဖာနန်ဒက်ဇ် တို့နဲ့ အတူ မန်ချက်စတာ ယူနိုက်တက် ရဲ့ ပွဲထွက်ခွင့်ရ ကွင်းလယ်လူတဦး ဖြစ်လာတော့မယ်လို့ သိရပါတယ်။

credit