ကြယ်တစ်ပွင့်ကို ခေါ်ယူဖို့ ကြယ်တစ်ပွင့်ကို အလိုက်ပေးဖို့ ရှိနေတဲ့ တန်ဟက်ဂ် ယခုကတည်း စတင် လှုပ်ရှားနေ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမည့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ကို အသင်းမှ ထွက်ခွာခွင့်ပေးသွားဖို့ ဆုံးဖြတ်ခဲ့ပြီးနောက်မှာ နယ်သာလန်ရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဖြစ်သူ ဂတ်ပို ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ အမိအရ




ခေါ်ယူနိုင်ဖို့ ယခုကတည်း စတင် ကြိုးပမ်းနေပြီ ဖြစ်ပါတယ်။ ၂၃ နှစ်အရွယ် နယ်သာလန်နဲ့ ပီအက်စ်ဗွီ အသင်းတို့ရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ဖြစ်တဲ့ ဂတ်ပိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ သူ့ရဲ့ ကလပ်အသင်း ဖြစ်တဲ့ ပီအက်စ်ဗွီနဲ့ အတူ အစွမ်းကုန် တောက်ပလာသူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း သူဟာ ပီအက်စ်ဗွီ အတွက်




ပြိုင်ပွဲစုံ ၁၄ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၁၀ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု အနေနဲ့လည်း ၉ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ တိုက်စစ်ပိုင်း အတွက်




ဂတ်ပိုကို ခေါ်ယူဖို့ မျက်စိကျနေပြီး ဂတ်ပိုကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ချင်နေသလို ပီအက်စ်ဗွီက ဂတ်ပို အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရလာရင် ရောင်းချဖို့ အတွက် အဆင်သင့် ပြင်ဆင်ထားပါတယ်။ သတင်းထောက် ဖာဘရီဇီယို ရိုမာနို ရဲ့ ဖော်ပြချက် အရ




မန်ချက်စတာ ယူနိုက်တက် အသင်းက ဂတ်ပိုကို လာမယ့် အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဂတ်ပိုကလည်း မန်ချက်စတာ ယူနိုက်တက် ကို ပြောင်းရွှေ့ချင်နေကြောင်း သိရပါတယ်၊ တဖက်မှာတော့ ပီအက်စ်ဗွီက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာ




မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဗန်ဒီဘိခ်ကို အငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူချင်နေကြောင်း နောက်ထပ် နာမည်ကြီး သတင်းထောက် ဖြစ်သူ ဂျရေမီ ဘိုင်လီက ဆိုပါတယ်၊ ဒါကြောင့် မန်ချက်စတာ ယူနိုက်တက် ဟာ ဗန်ဒီဘိခ်ကို အလိုက်ပေးပြီး ဂတ်ပိုကို ခေါ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်ဖွယ်

ရှိနေပြီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဂတ်ပို အတွက် ဗန်ဒီဘိခ် + ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်းနဲ့ ကမ်းလှမ်းနိုင်ကြောင်း ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပြီး ယခုကတည်းက ဂက်ပိုကို ခေါ်ယူဖို့ တန်ဟက်ဂ် ရဲ့ လှုပ်ရှားမှုတွေ အပေါ် ဂန္တဝင် ကစားသမားဟောင်းများကလည် ကျေနပ်နေကြောင်း သိရပါတယ်။

credit