မန်ချက်စတာ ဒါဘီ မှာ အဲရစ် တန်ဟက်ဂ် ရဲ့ အမိန့်ကို အန်တိုနီက လျစ်လျူရှုခဲ့ကြောင်း Mirror နှင့် The Sun သတင်း ဌာနတို့မှ အတည်ပြု ဖော်ပြလာ
|မန်ချက်စတာ ယူနိုက်တက် အသင်းမှ ပေါင် ၈၅ သန်းဖြင့် ခေါ်ယူထားသည့် အန်ထော်နီ ဟာ မန်စီးတီး အသင်းနှင့် ထိပ်တိုက် တွေ့ဆုံစဉ်က Erik ten Hag ၏ အမိန့်ကို လျစ်လျူရှုခဲ့ကြောင်း Mirror သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းမှ ကစားသမားသစ်
အန်ထော်နီက ပွဲမစမီ နည်းပြ Erik ten Hag ထံမှ အကြို ညွှန်ကြားချက်များကို လျစ်လျူရှုထားသောကြောင့် တနင်္ဂနွေနေ့က ၎င်းတို့၏ မြို့ခံ ပြိုင်ဘက်များထံက သင်ခန်းစာများ ယူခဲ့ကြရပါတယ်။ သတင်းများ အရ တနင်္ဂနွေနေ့က မန်ချက်စတာဒါဘီတွင် Erik ten Hag က သူ့အပေါ်ထားရှိသည့်
ခံစစ် တာဝန်များကို အန်တိုနီက လျစ်လျူရှုခဲ့တာ ဖြစ်ပါတယ်၊ နွေရာသီတွင် မန်ချက်စတာ ယူနိုက်တက် ၏ သမိုင်းတွင် ဒုတိယ စျေးအကြီးဆုံး ကစားသမား ဖြစ်လာခဲ့သည့် ဘရာဇီးလ်သားသည် အေဂျက်စ်တွင် သူနှင့်အတူ အလုပ်လုပ်ခဲ့သည့် Ten Hag နှင့် တစ်ဖန် ပြန်လည် ပူးပေါင်းခဲ့သော်လည်း
Etihad တွင် ၎င်း၏ ညွှန်ကြားချက်များကို လျစ်လျူရှုခဲ့သည်။ မန်ချက်စတာ ယူနိုက်တက် နည်းပြ က အန်တိုနီ ကို ခေါ်ယူခဲ့ပြီး ကတည်းက သူဟာ ခံစစ်ပိုင်းနဲ့ ရှေ့ဆက်ရမယ့် အလုပ်တွေ ရှိနေကြောင်း ရှင်းလင်း ပြောကြားခဲ့ပါတယ်၊ ပွဲမစတင်မီ Ten Hag က
၎င်းအား ပြောကြားခဲ့သော်လည်း တောင်ပံ ကစားသမားသည် ညာနောက်ခံလူ Diogo Dalot ကို ကူညီရန် ပျက်ကွက်ခဲ့သည်ဟု The Sun သတင်းဌာနကလည်း အတည်ပြု ဖော်ပြခဲ့ပါတယ်။
credit