မန်စီးတီးကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတဲ့ အကြောင်းအရင်းမှန်ကို ထုတ်ပြောလိုက်တဲ့ မာရှယ်

Manchester United အသင်း တိုက်စစ်မှူး ဖြစ်သူ အန်သိုနီ မာရှယ် က မြို့ခံပြိုင်ဖက် မန်စီးတီး အသင်းကို 6-3 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့်ခဲ့ရတဲ့ ပွဲစဥ်အပြီးမှာ အသင််းဖော် ကစားသမားတွေဟာ တကယ့်ကို စိတ်ပျက်လက်ပျက်် ဖြစ်နေခဲ့ကြတယ် လို့ ဖွင့်ဟသွားခဲ့ပါတယ်၊ အဆိုပါ ပွဲစဥ်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ ပွဲချိန် ပထမပိုင်းကတည်းက




အားလင်း ဟာလန်း၊ ဖီးလ် ဖိုဒန် တို့ရဲ့ သွင်းဂိုး 2 ဂိုးစီကြောင့် 4-0 ဆိုတဲ့ ရလဒ််နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်၊ အဲ့ဒီနောက် ဒုတိယပိုင်းမှာလည်း သူတို့ကပဲ တစ်ဂိုးစီ သွင်းယူရင်း နှစ်ဦးလုံး ဟတ်ထရစ် ရခဲ့ကြပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဖက်ကတော့ အန်တိုနီ နဲ့ မာရှယ် က ဂိုးတွေ ပြန်လည် သွင်းယူပေးခဲ့ကြတာပဲ ဖြစ်ပါတယ်၊ ဒါကြောင့်




ပွဲစဥ် အပြီးမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 6-3 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့် သွားခဲ့ရတာပဲ ဖြစ်ပါတယ်၊ အဆိုပါ ပွဲစဥ်မှာတော့ ပွဲပြီးဖို့ 17 မိနစ် အလိုမှာ မန်စီးတီး ပရိသတ်တွေက ငါတို့ 10 ဂိုးရချင်တယ်လို့ အော်ဟစ်် လှောင်ပြောင်ခဲ့ကြပါသေးတယ်၊ အခုတော့ အန်သိုနီ မာရှယ် က ဂိုးသွင်းပြီး ရှုံးပွဲ ကြုံတွေ့တာထက် ဂိုးမသွင််းပဲ နိုင်တာကို ပိုပြီး




လိုလားကြောင်း ပြောဆိုလိုက်ပါတယ်၊ မာရှယ်က- သေချာတာပေါ့ဗျာ ကျွန်တော် ဂိုးမသွင်းရင် နေပါစေ ဒီလိုပွဲမျိုး နိုင်ပွဲရတာမျိုးပဲ လိုချင်မိခဲ့တာပေါ့၊ အခုလို မြက်ခင်းပြင်ထဲ ပြန်လည် ဝင်ရောက်ခွင့်ရပြီး ဂိုးတွေ သွင််းယူနိုင်ခဲ့တဲ့ ခံစားချက်က တကယ့်ကို ကောင်းမွန်လှပါတယ်၊ ကျွန်တော်တို့ အမှန်တကယ် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ကြပါတယ်၊ သူတို့က တကယ့်ကို စွမ်းဆောင်ရည်တွေ ကောင်းမွန်တဲ့ ကစားသမားတွေပါပဲ။




ဒီပွဲက ရှုပ်ထွေးလှပါတယ်၊ ကျွန်တော်တို့ နောက်ပွဲစဥ်တွေမှာ ​အကောင်းဆုံး ပြန််လာနိုင်ဖို့ လုပ်နိုင်တာတွေ အကုန်လုံး လုပ်ဆောင်သွားကြမှာပါလို့ မာရှယ်က ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်၊ အန်သိုနီ မာရှယ်ဟာ လက်ရှိ နည်းပြ အဲရစ် တန်ဟက်ဂ် ကြိုက်နှစ်သက်တဲ့ တိုက်စစ် ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်၊ ဒါပေမယ့် ဒဏ်ရ ာပြသနာတွေ ကြုံတွေ့နေခဲ့ရတဲ့ အတွက် ဒီရာသီ အမှတ်ပေးဖလား ပြိုင်ပွဲမှာ




အသင်းအတွက်် နှစ်ပွဲသာ ကစားပေးရပါသေးတယ်၊ အဆိုပါ ပွဲစဥ် နှစ်ပွဲမှာတော့ သူဟာ ကိုယ်တိုင် 2 ဂိုး သွင်းယူနိုင်ခဲ့ပြီး အသင်းဖော်တွေ အတွက် တစ်ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကြားရက်မှာ ဆိုက်ပရပ် အခြေစိုက် အိုမိုနီးယား နီကိုဆီယာ အသင်းနဲ့ ယူရိုပါလိဂ် ကစားရဖို့ ရှိနေ သေးပါတယ်။

credit