မန်ချက်စတာ ယူနိုက်တက် ကစားသမား တချို့ကို ပြစ်တင်လိုက်ပြီး အဲရစ်တန်ဟက်ဂ် ကို အကြံဉာဏ်ပေးလိုက်တဲ့ ဂန္တဝင် ကစားသမားဟောင်း

0
23

Manchester United အသင်းဟာ မနေ့ညက အီတီဟတ် ကွင်းထဲမှာ မြို့ခံပြိုင်ဖက် မန်စီးတီးအသင်းနဲ့ မန်ချက်စတာ ဒါဘီ ပွဲစဥ် ကစားခဲ့ရပြီး 6-3 ဆိုတဲ့ အရှုံးရလဒ်နဲ့ အတူ အဝေးကွင်းမှာ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရပါတယ်၊ ဒီပွဲစဥ်ရဲ့ ပွဲချိန် ပထမပိုင်းမှာ Manchester United အသင်းရဲ့ ကစားပုံဟာ




အထိန်းအကွပ် မဲ့ခဲ့ပြီး ပွဲချိန် 7 မိနစ်မှာပဲ ဘာနာဒိုနဲ့ ဖီးလ်ဖိုဒန် တို့ရဲ့ ပူးပေါင်းမှုမှ တဆင့် အဖွင့်ဂိုး ပေးခဲ့လိုက််ပါတယ်၊ အဲ့ဒီနောက် ပွဲချိန် 34 မိနစ်နဲ့ 37 မိနစ်မှာ ဒီဘရိုင်းရဲ့ ဖန်တီးမှုတွေကို ဟာလန်းက အမှားအယွင်းမရှိ အဆုံးသတ် ပြခဲ့ပါတယ်၊ ဒါ့အပြင် ပထမပိုင်း ပြီးဆုံးခါနီးမှာ ဟာလန်းရဲ့ ဖန်တီးပေးမှုကို




ဖိုဒန်က အဆုံးသတ်ခဲ့တဲ့ အတွက် Manchester United ဟာ ပထမပိုင်းမှာတင် လေးဂိုးပြတ် ရှုံးနိမ့်ခဲ့ကြပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ကြတဲ့ ကွင်းထဲက ပရိိသတ် အချို့လည်း 45 မိနစ်ကြည့်ပြီး အိမ်ပြန်ခဲ့ကြပါတယ်၊ ဒါပေမယ့် ဒုတိယပိုင်း စတင်ပြီး 11 မိနစ်အကြာမှာပဲ Manchester United အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမားသစ် ဖြစ်သူ




အန်တိုနီက တစ်ဂိုး သွင်းယူခဲ့ပါတယ်၊ ဒါပေမယ့် မန်စီးတီး ကတော့ တိုက်စစ်ကစားပုံ လျှော့ချမသွားခဲ့ပဲ ဆက်လက် ဖိအားပေး ကစားခဲ့ပါတယ်၊ ဒါ့ကြောင့် ပွဲချိန် 64 မိနစ်မှာ ဂိုမက်ဇ်ရဲ့ ဖန်တီးပေးမှုကို ဟာလန်းက အသုံးချခဲ့ပြီး ဟတ်ထရစ် ရယူသွားနိုင်ခဲ့ပါတယ်၊ ဒါကို ပွဲချိန် 73 မိနစ်မှာ မန်စီးတီး ကွင်းလယ်လူ ဖီးလ်ဖိုဒန် ကလည်း အားကျမခံ




တစ်ဂိုး ထပ်သွင်းပြီး ဟတ်ထရစ် ရယူသွားခဲ့ပြန်ပါတယ်၊ အဲ့ဒီနောက် ရပ်ရှ်ဖို့ရဲ့ နေရာမှာ လူစားဝင် ကစားခဲ့တဲ့ မာရှယ်က ပွဲချိန် 84 မိနစ်နဲ့ 90+ pen မိနစ်တွေမှာ ဂိုးတွေ သွင်းယူရင်း ပွဲရလဒ်ကို 6-3 ဖြစ်စေခဲ့တာပဲ ဖြစ်ပါတယ်၊ ဒါဟာ ပြီးခဲ့တဲ့ ရက်သတ္တပါတ် တွေတုန်းက ရလဒ်ကောင််းတွေ ဆက်တိုက် ရလို့ ပျော်နေခဲ့တဲ့ Manchester United




ပရိသတ််တွေ အတွက် စိတ်ပျက်စရာ ဖြစ်သွားခဲ့ရပါတယ်၊ အခုတော့ Manchester United အသင်းရဲ့ ကွင်းလယ်လူဟောင်း ဖြစ်သူ ဘက်စ်တီယံ ရှဝိန်းစတိုင်ဂါ က ဒါဟာ အဖက်ဖက်က ရှုံးနိမ့်ခဲ့ရတာ ဖြစ်ကြောင်း ဝေဖန်ရင်း လက်ရှိ နည်းပြ အဲရစ် တန်ဟက်ဂ် ကို အကြံဥာဏ် ပေးခဲ့လိုက်ပါတယ်၊ ဒီနေ့ပွဲမှာတော့ ကျွန်တော်တို့ဟာ အဖက်ဖက်မှ




ရှုံးနိမ့်သွားခဲ့ရပါတယ်၊ အခုချိန်က Manchester United အသင်းအတွက် Manchester မှာ စစ်မှန်တဲ့ အသင်းက ဘယ်အသင်းလဲ ဆိုတာကို ပြသနိုင်ရေးအတွက် တိုးတက်ဖို့ လိုအပ်နေတဲ့ အခိုက်အတန့်ပါပဲလို့ စတိုင်ဂါက ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်၊ Manchester United နည်းပြ ဖြစ်သူ

အဲရစ် တန်ဟက်ဂ် ကတော့ အဆိုပါ ရှုံးပွဲအပြီးမှာ အသင်းသားတွေဟာ ယုံကြည်မှု ကင်းမဲ့နေခဲ့ကြောင်း ကစားသမားတွေဆီက ဒီလို စိတ်ဓါတ် ခံယူချက် ကင်းမဲ့တဲ့ ကစားဟန်တွေကို မြင်ရတာကို လက်သင့်မခံကြောင်း စိတ်ဓါတ်ပိုင်းကို အဓိကထားပြီး ပြောခဲ့တာပဲ ဖြစ်ပါတယ်။

credit