ဒါဘီအရှုံးကို ယခုထိ မကျေမနပ် ဖြစ်နေတဲ့ တန်ဟက်ဂ်၊ Cyprus သို့ သွားမယ့် ကစားသမားစာရင်း နဲ့ နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းများ
|Cyprus သို့ သွားမယ့် ကစားသမားစာရင်း
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ Cyprus ကို သွားမယ့် ကစားသမားစာရင်းကို ထုတ်ပြန်သွားခဲ့ပါတယ်၊ ကစားသမား အယောက် ၂၂ ယောက် ဖြစ်ပြီး အဲဒီထဲမှာ ဂါနာချို၊ ဇီဒန်း၊ ပလီစထရီ၊ အီလန်ဂါ တို့ ပါဝင်ခဲ့ပြီး ဗာရိန်း၊ မက်ဂွိုင်းယား၊ ဗန်ဒီဘိခ်၊ ဝမ်ဘာဆာကာ တို့ ပါဝင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
GK – De Gea, Heaton, Dúbravka
Def- Lindelöf, Martínez, Malacia, Dalot, Shaw,
Med – Bruno Fernandes, Eriksen, Fred, Casemiro, McTominay, Iqbal,
Att – Cristiano Ronaldo, Martial, Rashford, Antony, Sancho, Pellistri, Elanga, Garnacho တို့ပဲ ဖြစ်ပါတယ်။
လူငယ် ကစားသမားတွေကို အသင်းကြီး လေ့ကျင့်ရေး အစီစဥ်မှာ အမြဲ ခေါ်သုံးရတဲ့ အကြောင်းပြချက်ကို နည်းပြ အဲရစ် တန်ဟက်ဂ် က ယခုလို ထုတ်ဖော် ပြောကြားသွားခဲပါတယ်။
အဲရစ် တန်ဟက်ဂ်က ကျနော် ဖြစ်ချင်တဲ့ ကစားကွက် အကြောင်း နားလည်ဖို့၊ အတွေ့ကြုံရဖို့ နဲ့ လိုအပ်လို့ သုံးလာရတဲ့ အခါ မလိုလားအပ်တဲ့ ဖိအားတွေ လျှော့နည်းစေဖို့ ဖြစ်ပါတယ်၊ စတာတွေကြောင့် အရည်ချင်းရှိတဲ့ လေ့ငယ် ကစားသမားတွေကို ခေါ်ယူ လေ့ကျင့်စေတာ ဖြစ်တယ်လို့ ဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။
ဒီလအတွင်း ပွဲကြပ်ကာလ အနေထားမှာ အလှည့်ကျ အသုံးပြုဖို့လဲ ရှိတယ်လို့ သိရပါတယ်၊ ဒီနေ့ လေ့ကျင့်ခန်း အစီစဥ်မှာလဲ လူငယ် ကစားသမားတွေ ဖြစ်တဲ့ Hansen Aaroen . Oyedele. Omari Forson . Toby Collyer တို့ပါဝင်ခဲ့ပါတယ်။
ဗာရန် နှင့် မက်ဂွိုင်ယား တို့ဟာ ဒဏ်ရာကြောင့် အိုမိုနီးယား နှင့် ကစားမည့် ယူရိုပါလိဂ် ပွဲစဥ်ကို လွဲချော်မည်ဟု နည်းပြ တန်ဟက်မှ အတည်ပြုခဲ့ပါတယ်၊ ဗန်ဒီဘီကတော့ ယနေ့ အသင်းရဲ့ လေ့ကျင့်ရေး ကွင်းကို လာရောက်ပူးပေါင်း နိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။
မာစီယဲလ်က မန်ချက်စတာဒါဘီ ပွဲကို ဖြတ်သန်းပြီးနောက် ယခုလို ဖွင့်ဟလာခဲ့ပါတယ်။
ပြောရရင်ဗျာ မန်စီးတီးနဲ့ ပွဲတုန်းက ကျွန်တော် ဂိုးသွင်းနိုင်တယ် ဆိုပေမယ့် ဒီသွင်းဂိုးက အသင်းကို အနိုင်ရစေတာ မဟုတ်လို့ ကျေနပ်တာမျိုးတော့ မဟုတ်ပါဘူး၊ ဘာပဲဖြစ်ဖြစ် ဒဏ်ရာကနေ ပြန်လာပြီးနောက် မြက်ခင်းပြင်ပေါ်မှာ ဘောလုံးကစားတာ၊ ဂိုးသွင်းနိုင်တာက ကောင်းမွန်တယ်လို့ ခံစားရပါတယ်။
မန်စီးတီးနဲ့ ရှုံးပွဲဟာ ကျွန်တော်တို့ အတွက် အမှန်တကယ်ပဲ စိတ်ပျက်မိပါတယ်၊ ဒါမျိုးက ကျွန်တော်တို့ ဖြစ်ချင်တာမှ မဟုတ်တာ။ ဒီရလဒ်မျိုး ကျွန်တော်တို့ မလိုချင်ဘူးလေ၊ ဒါပေမယ့် ဒီရလဒ် ကိစ္စက ပြီးသွားပါပြီ၊ နောက်ပွဲတွေ အတွက် အကောင်းဆုံး ပြန်ကစားနိုင်အောင်လို့ပဲ ကျွန်တော် တို့ အစွမ်းကုန် ကြိုးစားရပါတော့မယ်။
အဲ့ပွဲမှာ ကျွန်တော်တို့ရဲ့ စတင်မှုက အတော်လေး ဆိုးခဲ့တာပါ၊ နောက်တော့ ပြိုင်ဘက်က သူတို့ရခဲ့တဲ့ အခွင့်အရေးတွေကို အကျိုးရှိအောင် ပြုလုပ်သွားခဲ့ပါတယ်၊ ဒါက အရမ်းကို ခက်ခဲခဲ့ပါတယ်၊ ဒါပေမယ့် နောက်ပွဲတွေမှာ ဒါမျိုးမဖြစ်အောင် ကျွန်တော်တို့ အစွမ်းကု န်ကြိုးစားရပါမယ်လို့ မာစီယဲလ်က ဖွင့်ဟသွားခဲ့တာပဲ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က အသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူး စီရော်နယ်ဒို အနေနဲ့ ဇန်နဝါရီလမှာ အသင်းက ထွက်ခွာသွားမည့် ကိစ္စ ပေါ်ပေါက်လာခဲ့လျှင် ဆန့်ကျင် တားဆီးမည် မဟုတ်ကြောင်းသိရပါတယ်။
စီရော်နယ်ဒိုကတော့ ပြီးခဲ့သည့် နွေအပြောင်းအရွှေ့ ကာလကတည်းက ချန်ပီယံလိဂ်ဖလား စိန်ခေါ်နိုင်မည့် အသင်းကိုပြောင်းရွှေ့လိုခဲ့တာ ဖြစ်ပါတယ်၊ သို့ပေမယ့် ဆော်ဒီကလပ် ကသာ မှန်ကန်သည့် ကမ်းလှမ်းမှုကို ပြု လုပ်ခဲ့ပါတယ်။
စီရော်နယ်ဒိုဟာ ၎င်းရဲ့ ပရော်ဖက်ရှင်နယ် စိတ်ဓာတ်ကို ပြသလိုသည့် အတွက် ရာသီကုန်သည့် အထိ အသင်းနှင့် ဆက်ရှိနိုင်သလို ကာတာမှာ ကျင်းပမည့် ကမ္ဘာ့ပြိုင်ပွဲ အတွက် အတောင့်တင်းဆုံး ပုံစံမျိုး ရှိချင်နေပါတယ်၊ စီရော်နယ်ဒိုက ၎င်းရဲ့ အနာဂတ်ကို ကမ္ဘာ့ဖလားပြီးမှသာ ဆုံးဖြတ်ဖို့ ရှိနေပါတယ်။
အဲရစ် တန်ဟက်ဂ် ကတော့ မန်ချက်စတာဒါဘီကို ရှုံးနိမ့်ခဲ့ရတဲ့ မကျေမနပ် ဖြစ်နေတယ်လို့ သိရပြီး ၎င်းက- ကွင်းထဲမှာ ကျွန်တော်တို့ ဘာမှ မယူဆောင်နိုင်တဲ့ အပေါ် ကျွန်တော့်ဘက်က အံ့သြရပါတယ်၊ မတူညီတဲ့ အသင်းများစွာရဲ့ စိတ်ဓာတ်ကို ကျွန်တော် မြင်ခဲ့ဖူးပါတယ်၊ ဒါနဲ့ ကျွန်တော်တို့ အသင်းက စိတ်ဓာတ်ဆိုတာမျိုးကို လက်ခံထားတဲ့ပုံ မရှိခဲ့ဘူး။
ကစားသမားတွေနဲ့ ကျွန်တော် စကားပြောသွားပါမယ်၊ ဒါနဲ့ ဘာကိစ္စကြောင့် ဒါမျိုးဖြစ် ရတယ်ပေါ့၊ မနက်ဖြန်ကျရင် ပြိုင်ဘက်ဂိုးရှေ့မှာ ကျွန်တော်တို့ ဘောလုံးကစားနိုင်တဲ့ အကြောင်းကို ကွင်းကွင်းကွက်ကွက် ပြသပါမယ်၊ ပထမပိုင်းမှာဆို ကျွန်တော်တို့က ဘောလုံးရလာပြီး ဆိုရင် ဘောလုံးပေးပြီးတာနဲ့ တန်းပြီး ပျက်တော့တာပဲ၊ ဒီကိစ္စကို ကျွန်တော့်အနေနဲ့ လက်မခံနိုင်ပါဘူး။ ဒါက ဆိုးဝါးပါတယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
credit