ဒါဘီ ပွဲစဉ် မစမီ ပြိုင်ဘက်အသင်းကို လေးစားမှုပေးခဲ့ပေမယ့် မန်စီးတီး ပရိတ်သတ်တွေရဲ့ လှောင်ပြန်သံတွေကိုသာ လက်ခံရရှိနေတဲ့ ရော်နယ်ဒို

0
29

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ မန်ချက်စတာဒါဘီပွဲ စဥ်မတိုင်ခင်မှာ ပြိုင်ဘက် မန်စီးတီး နဲ့ ပတ်သက်လို့ လေးစားမှု ရှိခဲ့ပေမယ့် ပရိသတ်တွေကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ရော်နယ်ဒိုကို လှောင်ပြောင်မှုတွေသာ ပြုလုပ်နေကြပါတယ်၊ ဒီပွဲမှ မန်ချက်စတာာ ယူနိုက်တက် က




မန်စီးတီး ကွင်းမှာ 6-3 နဲ့ အရေးနိမ့်ခဲ့သလို ရော်နယ်ဒို ကလည်း ပွဲအစအဆုံး အရန်ခုံမှာသာ ထိုင်နေခဲ့ရပါတယ်၊ ရော်နယ်ဒို ဟာ အသင်းရဲ့ ရလဒ်ပိုင်းကြောင့် အရန်ခုံမှာ စိတ်ပျက်လက်ပျက် ဖြစ်နေတာကို ရုပ်သံ ကင်မရာတွေက အမိအရ ဖော်ပြခဲ့ပြီး ရော်နယ်ဒို ကို ထည့်မသုံးတဲ့ နည်းပြ အဲရစ် တန်ဟက်ဂ် ရဲ့




ဆုံးဖြတ်ချက်ကိုလည်း ရွိုင်ကိန်း နဲ့ ပီယာ့စ်မော်ဂန် တို့က ဝေဖန်ခဲ့ကြ ပါသေးတယ်၊ ဒီပွဲမတိုင်ခင် မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းမှာတော့ ရော်နယ်ဒို ဟာ မန်စီးတီး အိမ်ကွင်း အီတိဟတ်ကို ရောက်ရှိလာချိန်မှာ ကြမ်းပြင်မှာ ရေးဆွဲထားတဲ့ ပြိုင်ဘက် မန်စီးတီးရဲ့ လိုဂိုကို ရှောင်ကွင်းသွားခဲ့ပါတယ်။




ရော်နယ်ဒို ဟာ အသင်းဖော် ကက်စ်မဲရိုးနဲ့ အတူ အီတိဟတ် ကွင်းထဲကို ဝင်ရောက်လာခဲ့ပြီး မန်စီးတီး လိုဂိုနားကို ရောက်တဲ့ အချိန်မှာ တက်မနင်းဘဲ ဘေးကနေ ရှောင်ကွင်းသွားခဲ့တာ ဖြစ်ပါတယ်၊ အသက် ၃၇ နှစ်အရွယ် အဆိုပါ ပေါ်တူဂီသားကြီးရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ လှောင်ပြောင်သူတွေသာ များနေခဲ့ပါတယ်။




ပရိသတ်တွေက- ရော်နယ်ဒိုက မန်စီးတီး လိုဂိုပေါ်ကို တက်နင်းသွားရင်လည်း ဘာအသံမှ ကြားရမှာ မဟုတ်ပါဘူးလို့ ဝေဖန်ခဲ့ပါတယ်၊ အခြား ပရိသတ် တစ်ယောက်ကတော့ ရော်နယ်ဒိုရဲ့ မန်စီးတီးနဲ့ ပွဲမှာ ပြိုင်ဘက် လိုဂိုကို မနင်းဘဲ ရှောင်သွားခဲ့ပါတယ် လေးစားစရာကောင်းတဲ့ လူတယောက်ပါ၊ သူက ငါ့ရဲ့




စာအုပ်တွေထဲမှာ GOAT တယောက်ပါလို့ ချီးကျူးခဲ့ပါတယ်၊ ဒါပေမယ့် အချို့သော ပရိသတ်တွေကတော့ ဒီဖြစ်ရပ်ကို နောက်ပြောင်နေခဲ့ကြပါတယ်၊ ပရိသတ်တွေက မန်စီးတီး လိုဂိုကို တက်နင်းမှုနဲ့ ရော်နယ်ဒိုကို အနီကတ်ပြပြီး ၃ ပွဲ ပယ်လိုက်ပါတယ်၊ ရော်နယ်ဒို တစ်ယောက် ကွင်းထဲကိုပါ မဝင်ဘဲ

ရှောင်သွားတာ ကောင်းပါတယ်လို့ အမျိုးမျိုး ရေးသား နောက်ပြောင်နေကြပါတယ်၊ ဒီပွဲ အပြီးမှာလည်း မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းက ရော်နယ်ဒိုဆီက ဂျာစီကို သွားရောက်တောင်းယူခဲ့တယ်လို့ သိရှိရပြီး ရော်နယ်ဒိုနဲ့ ပတ်သက်လို့တော့ ပွဲအစအဆုံး အရန်ခုံ ထိုင်နေရရင်တောင် ဇာတ်လမ်းတွေက ရိုးရတယ်လို့ကို မရှိဘဲ ဖြစ်နေခဲ့တယ်။

credit