ဒါဘီပွဲစဉ်မှာ ပက်ဂွာဒီယိုလာရဲ့ လုပ်ရပ်အတွက် အထူးကျေးဇူးတင်ကြောင်း ရှင်းလင်း ပြောကြားလိုက်တဲ့ အဲရစ် တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဖြစ်သူ အဲရစ် တန်ဟက်ဂ် က ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က သူတို့ကို အရှက်တကွဲ ဖြစ်အောင် ဂိုးပြတ် အနိုင်ယူသွားခဲ့တဲ့ မြို့ခံပြိုင်ဘက် မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာ အနေနဲ့ သူ့ရဲ့အသင်းကို အခုလို သင်ခန်းစာ ပေးခဲ့တဲ့ အတွက် ကျေးဇူး အထူးတင်ကြောင်း ပြောကြားလိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ




ပြီးခဲ့တဲ့ တနဂ်နွေနေ့က အီတီဟတ်မှာ မြို့ခံပြိုင်ဖက် မန်စီးတီး အသင်းနဲ့ မန်ချက်စတာဒါဘီ ပွဲစဥ် ကစားခဲ့ရပြီး ပွဲချိန် ပထမပိုင်းမှာပဲ ဟာလန်းနဲ့ ဖိုဒန်တို့ရဲ့ သွင်းဂိုးတွေကြောင့် 4-0 နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်၊ အဲ့ဒီနောက် ပွဲချိန် ဒုတိယပိုင်းမှာ မန်ချက်စတာ ယူနိုက်တက် ကတော့ အန်တိုနီက တစ်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ဟာလန်းနဲ့ ဖိုဒန်တို့ကပဲ နောက်ထပ် တစ်ဂိုးစီသွင်းပြီး




ဟတ်ထရစ် ကိုယ်စီရယူရင််း 6-1 ရလဒ် ဖြစ်ခဲ့ကြပါတယ်၊ အဲ့ဒီနောက် မာရှယ်က နှစ်ဂိုး ပြန်လည် သွင်းယူနိုင်ခဲ့တဲ့ အတွက် 6-3 ဖြစ်ခဲ့ရပါတယ်၊ ဒါဟာ ဒီရာသီပြိုင်ပွဲစုံ ကိုးပွဲ အထိ ကစားထားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် 4 ကြိမ်မြောက် ရှုံးပွဲ ဖြစ်သွားခဲ့ရပါတယ်၊ ဒါ့အပြင် ဘရန်းဖို့ဒ်ကို 4-0 နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် ဒါဟာ ဒုတိယမြောက်




အကြီးမားဆုံး ရှုံးပွဲလည်း ဖြစ်ပါတယ်။ ယခုတော့ မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်ဂ်က ဒီရှုံးပွဲဟာ အသင်းရဲ့ အနေအထား ဘယ်လိုရှိနေသလဲ ဆိုတာ စစ်ဆေးတဲ့ ပွဲ တစ်ပွဲ ဖြစ်ကြောင်း ပြောဆိုလိုက်ပြီး အခုလို သင်ခန်းစာပေးတဲ့ ပြိုင်ဖက်နည်းပြနဲ့ အသင််းကို ကျေးဇူးတင်လိုက်ပါတယ်၊ ဒါဟာ ကျွန်တော် အမြဲတမ်း လုပ်ဆောင်နေကြ အရာတစ်ခု




ဖြစ်ပါတယ်၊ ပြိုင်ဖက်အသင်းကို လေးစားဖို့ သူတို့ရဲ့ လေးစားသမှု ရရှိဖို့ပေါ့ဗျာ၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဒဿနတွေ စည်းမျဥ်း စည်းကမ်းတွေနဲ့ ဥပဒေသတွေကို ဆက်လက်ဆုပ်ကိုင် သွားကြဦးမှာပါ၊ နည်းစနစ်ပိုင်း အရတော့ ခင်ဗျားရဲ့ ပြိုင်ဖက် အသင်းကို တစ်ခါတစ်ရံ အံ့အားသင့်စေဖို့ ခြားနားတဲ့ အပြောင််းအလဲ အချို့ကို လုပ်ဆောင်ရပါတယ်၊ ကျွန်တော်တို့ဟာ




အနာဂတ်မှာ ဒီလိုအပြောင်းအလဲတွေကို ဆက်လက်် လုပ်ဆောင်သွားကြဦးမှာပါ၊ ဒီသီအိုရီကို အခြေခံပြီး ကျွန်တော်တို့ ယုံကြည်မှုတွေ အများကြီး ရရှိကြပါတယ်၊ ကျွန်တော်တို့ အာဆင်နယ်နဲ့ လီဗာပူးကို အနိုင် ကစားနိုင်ခဲ့ကြပါတယ်၊ ဒါပေမယ့် မန်စီးတီးနဲ့ အမှန်တရားကို စစ်ဆေးတဲ့ ပွဲစဥ် တစ်ပွဲ ဖြစ်သွားခဲ့ရပါတယ်၊ ကျွန်တော်တို့ အဆင့်တက်ဖို့ လိုအပ်တာ




သိကြပါတယ်၊ ဒါ့ကြောင့် သင်ခန်းစာအတွက် ကျေးဇူးပါ ပက် နဲ့ စီးတီးရေ ကျွန်တော်တို့ ဒါကို ခံယူပါ့မယ်၊ ပြီးရင် ပိုကောင်းဖို့ အများကြီးလိုသေးတယ်ဆိုတာ နှလုံးသွင်းပြီ ဒီထက် အများကြီး ကြိုးစားရပါ့မယ်၊ အသင်း တစ်သင်းကို တည်ဆောက်နေရင် နိုင်ပွဲချည်း ရနေမှာ မဟုတ်ဘူး၊ ရှုံးပွဲတွေလည်း ကြုံရမယ် ဆိုတာကို ကျွန်တော် သိပါတယ်၊ ကျွန်တော်တို့ အမှတ်ပေးဖလား ပြိုင်ပွဲမှာ အဆင့် (1) ကို နိုင်ခဲ့သလို




အာဆင်နယ် အသင်းကိုလည်း အနိုင် ကစားနိုင်ခဲ့ကြပါတယ်၊ တနဂ်နွေ မှာတော့ ကျွန်တော်တို့ ဆိုးရွားတဲ့ ရက်စွဲတစ်ခု ပိုင်ဆိုင်ခဲ့ရပြီး ရှုံးနိမ့်သွားခဲ့ကြပါတယ်၊ မန်စီတီးဟာ ပိုပြီးကောင်းတဲ့ အသင်း ဖြစ်ပါတယ်၊ ဒါကို ကျွန်တော်တို့ လက်ခံပါတယ်၊ ဒါပေမယ့် အသင်းရဲ့ စွမ်းဆောင်ရည်ကိုတော့ လက်မခံပါဘူး၊ ဒါဟာ လက်မခံချင်စရာပါပဲလို့ တန်ဟတ်က ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။

credit