လူငယ်အသင်းက ဂိုးသွင်းစက်ကို အသင်းကြီးမှာ တပ်ဆင် အသုံးပြုတော့မယ့် တန်ဟက်ဂ်

0
2204

နည်းပြ အဲရစ် တန်ဟက်ဂ် ဟာ လူငယ်အသင်းမှ ကစားသမား လေးဦး ခေါ်ယူခဲ့ပြီး Maxi Oyedele အပါအဝင် ပထမအသင်းနဲ့ အတူတကွ လေ့ကျင့်နေပြီလည်း ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ ကြာသပတေးနေ့ ညမှာ Omonia Nicosia နဲ့ ကစားမည့် ပွဲစဉ်အတွက် နည်းပြ




အဲရစ် တန်ဟက်ဂ် က ပထမအသင်းအုပ်စုနဲ့ လေ့ကျင့်ရန် လူငယ် ကစားသမားလေးဦးကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်၊ ၎င်းတို့ထဲမှာ မန်ချက်စတာ ယူနိုက်တက် ယူ-၁၈ အသင်း အတွက် ပုံမှန် ကွင်းလယ် ကစားသမား Maxi Oyedele ပါဝင်ခဲ့တာ ဖြစ်ပါတယ်၊ Oyedele ဟာ ယခုနှစ် အစောပိုင်းက ပိုလန်မှာ




၎င်းရဲ့ အနာဂတ်ကို ကတိသစ္စာပြုခဲ့ပြီး မကြာသေးမီက နိုင်ငံတကာ အားလပ်ရက် အတွင်း ၎င်းဟာ ယူ-၁၉ အသင်းအတွက် ပါဝင် ကစားခဲ့ပါ‌သေးတယ်၊ သူဟာ နိုင်ဂျီးရီးယားနဲ့ အင်္ဂလန်တို့ကို ကိုယ်စားပြုရန် အရည်အချင်း ပြည့်မီခဲ့ပြီး ကွင်းလယ် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက FA Youth Cup




ရရှိစေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ခဲ့ပြီး တစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ အင်္ဂါနေ့ညက 21 နှစ်အောက် ပွဲတစ်ပွဲ ကစားခဲ့ရာမှာ ဇီဒန်းအစ်ဘယ်နဲ့ အလက်ဂျန်းဒရို ဂါနာချို တို့ ပါဝင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့ နံနက်မှာ‌ တော့ ပထမအသင်း နည်းပြ Erik ten Hag က Barrow နဲ့ အရန်ခုံတန်းမှ




ကစားသမား လေးဦးကို ခေါ်ယူခဲ့ပြီး ပထမအသင်းအဖွဲ့နဲ့ အတူ လေ့ကျင့်စေခဲ့ပြီး အနာဂတ်အတွက် မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။ Oyedele ဟာ မကြာသေးမီ ရက်သတ္တပတ်များ အတွင်း ပထမဆုံး အသင်းနှင့် အတူ လေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး ၎င်းနဲ့ အတူ Toby Collyer၊ Isak Hansen-Aaroen နှင့် Omari Forson တို့လည်း အပါအဝင် ဖြစ်ပါတယ်။




ဘလက်ဘန်းရိုဗာကို 6-1 နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲမှာ နောက်ဆုံးဂိုးကို Oyedele က သွင်းယူပေးခဲ့တာ ဖြစ်ပြီး လူငယ်လေးရဲ့ စွမ်းဆောင်နိုင်မှုကို အဲရစ် တန်ဟက်ဂ် လေ့လာခဲ့ပြီးနောက် အသင်းကြီး အတွက် အလာအလာရှိကြောင်း အနာဂတ်ရဲ့ ဂိုးသွင်းစက် ဖြစ်လာမယ်လို့ မှတ်ချက်ပြုခဲ့ကြောင်း သိရပါတယ်။

credit