၎င်းရဲ့ ကစားသမားနဲ့ ပတ်သက်ပြီး ကောလဟာလ သတင်းတွေ အပေါ် ဖြေရှင်းလာတဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြ အဲရစ် တန်ဟက်ဂ် က တနင်္ဂနွေနေ့ ညက မန်ချက်စတာဒါဘီမှာ ပါဝင်ခွင့် မရခဲ့ပေမယ့် ရော်နယ်ဒိုရဲ့ စိတ်အနေအထားဟာ တက်ကြွနေဆဲ ဖြစ်ကြောင်း အခိုင်အမာ ပြောကြားလိုက်ပါတယ်၊ ရော်နယ်ဒိုဟာ မန်စီးတီးနဲ့ ပွဲတုန်းက အရန်ခုံမှာသာ ထိုင်ခဲ့ရပြီး




ရက်ရှ်ဖို့ဒ်က ပါဝင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်၊ ဒါ့အပြင် လူစားလဲချိန်မှာလည်း အဲရစ် တန်ဟက်ဂ် က မာရှယ်ကိုသာ ထည့်သွင်းခဲ့ပြီး နောက်ကျ သွင်းဂိုး နှစ်ဂိုး သွင်းယူပေး နိုင်ခဲ့ပါတယ်၊ အဲရစ် တန်ဟက်ဂ် က ပွဲအပြီးမှာ ရော်နယ်ဒိုကို မသုံးခဲ့တာဟာ လေးစားတာကြောင့်လို့ ပြောကြားခဲ့ပါတယ်၊ ရော်နယ်ဒို တစ်ယောက် တန်ဟက်ဂ် ရောက်လာပြီးနောက် ရက်ရှ်ဖို့ဒ်နဲ့




မာရှယ်တို့ နောက်မှသာ ပါဝင် ကစားခွင့် ရရှိနေတာ ဖြစ်ပါတယ်၊ ဇန်နဝါရီမှာ အသင်းပြောင်းမယ်လို့ သတင်းတွေ ထွက်နေပေမယ့် အဲရစ် တန်ဟက်ဂ် က အသက် ၃၇ နှစ်သားဟာ စိတ်အားထက်သန်မှု ရှိနေဆဲလို့ ပြောကြားခဲ့ပါတယ်၊ ၄-၀၊ ၅-၁၊ ၆-၁ ဖြစ်နေချိန်မှာ ကျွန်တော် မလေးစားသလိုနဲ့ သူ့ကို မထည့်နိုင်ပါဘူး၊ ဇန်နဝါရီ ဒါမှမဟုတ်




လာမယ့် နှစ်မှာလည်း အနာဂတ်နဲ့ ပတ်သက်ပြီး ဘာမှလုပ်လို့ မရပါဘူး၊ သူမပျော်တာကို ကျွန်တော် မမြင်မိပါဘူး၊ သူပျော်နေပါတယ်၊ လေ့ကျင့်ခန်းလည်း ကောင်းကောင်း ဆင်းနေပါတယ်၊ အသင်းက လူတိုင်းကလည်း အဆင်ပြေပါတယ်လို့ တန်ဟက်ဂ် က ပြောကြားခဲ့ပါတယ်၊ တန်ဟက်ဂ် က အသင်း လူစာရင်းကနေ ချန်လှပ်ခံရပေမယ့် ရော်နယ်ဒို တစ်ယောက်




ပျော်နေတယ်လို့ ပြောကြားခဲ့ပါတယ်၊ တနင်္ဂနွေနေ့က သူ မကစားရလို့ မပျော်ဘူးဆိုတာက မဟုတ်ပါဘူး၊ မေးခွန်းကို ဖြေရမယ် ဆိုရင် ရော်နယ်ဒို တစ်ယောက် အသင်းမှာ ပျော်နေပါတယ်၊ ဒါက အမှန်ပါပဲ၊ သူကစားချင်နေမယ် ဆိုတာ သိပါတယ်လို့ ပဲရစ် တန်ဟက်ဂ်က ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်၊ ရော်နယ်ဒိုဟာ နွေရာသီတုန်းက အသင်းပြောင်းဖို့ ပြင်ဆင်ခဲ့ပေမယ့် စိတ်ဝင်စားတဲ့ ကလပ်အသင်း နည်းခဲ့တာ ဖြစ်ပါတယ်။

credit