မန်စီးတီး၊ လီဗာပူးလ် တို့နဲ့ အမှတ်ကွာဟမှု အပေါ် စိတ်ပျက်နေပြီး ရော်နယ်ဒို အပါအဝင် ကစားသမား ဆယ်ဦးအထိ ရောင်းချလိုကြောင်း ထုတ်ပြောလိုက်တဲ့ တန်ဟက်ဂ်
|မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြ အဲရစ် တန်ဟက်ဂ် က ၎င်းရဲ့ အသင်းကို မန်ချက်စတာစီးတီး၊ လီဗာပူးလ် အသင်းတို့နဲ့ ကွာဟချက် မရှိစေဖို့ အခွင့်အရေးရပါက ၎င်းရဲ့ အသင်းကို အပြောင်းအလဲ များစွာ ပြုလုပ်ရန် လိုအပ်ကြောင်း ပြောကြားထားပါတယ်။ နယ်သာလန်သား နည်းပြဟာ
၎င်းရဲ့ Old Trafford တော်လှန်ရေး မှာ များစွာ တိုးတက်စေရန် ရည်မှန်းထားပြီး ယခုနွေရာသီမှာ ပေါင် သန်း 200 ကျော်ထိ သုံးစွဲခွင့်ကို အပြည့်အဝ အသုံးပြုခဲ့ပြီး Tyrell Malacia, Lisandro Martinez , Christian Eriksen, Antony နဲ့ Casemiro တို့လို အဓိက ကစားသမားများကို Old Trafford ကို အရခေါ်ယူခဲ့ပါတယ်။
သို့သော်လည်း Casemiro ကိုတော့ အသင်းက ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး အဲရစ် တန်ဟက်ဂ် ရဲ့ ဆုံးဖြတ်ချက် မဟုတ်ကြောင်း သတင်းများက ဆိုပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဖွင့် နှစ်ပွဲ ရှုံးနိမ့်ခဲ့ အပြီးမှာ သူတို့ရဲ့ နောက်ခြောက်ပွဲမှာ ငါးပွဲနိုင်နဲ့ လမ်းကြောင်းမှန်ပေါ်ကို ရောက်ရှိလာခဲ့ပါတယ်၊ သို့သော် တနင်္ဂနွေနေ့က မန်ချက်စတာစီးတီး ကို
6-3 နဲ့ ဒါဘီပွဲစဉ်မှာ ရှုံးခဲ့ရပြီး ဒီအတွက် အဲရစ် တန်ဟက်ဂ် က မည်မျှ ပြင်ဆင်ရမည်ကို အချိန်နဲ့ တစ်ပြေးညီ သတိပေးချက်တစ်ခု အဖြစ် လုပ်ဆောင်ခဲ့တယ်လို့ သိရှိရပါတယ်။ အဲရစ် တန်ဟက်ဂ် က အမှန်အတိုင်း ပြောရရင် သူတို့ကို ကျနော်တို့ ပိုကြီးတဲ့ အတိုင်းအတာနဲ့ ရှုံးသွားနိုင်တယ်၊ ဒီရှုံးပွဲက မန်စီးတီးနောက် ရှစ်မှတ်အကွာမှာ ရှိနေပြီး
အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ် အသင်းနောက် ကိုးမှတ် အထိ ရောက်ရှိနေခဲ့ပါတယ်။ ပွဲအစ ကတည်းက လီဗာပူးက မန်ချက်စတာ ယူနိုက်တက် နောက် နှစ်မှတ် အကွာမှာ ရှိနေပါတယ်၊ ဒါပေမယ့် တော်တော်များများက ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို တန်းတက်အောင် မစတင်ခင် အချိန်ကပဲလို့ ယုံကြည်ကြတယ်လို့ ဆိုလိုက်ပြီး
တနင်္ဂနွေနေ့က မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ အတွက် Erik Ten Hag ဟာ Old Trafford မှာ နောက်ထပ် ကြယ်ပွင့် 10 ဦးကို အစားထိုးဖို့ လိုအပ်ကြောင်းကိုလည်း အလေးအနက် ပြောကြားခဲ့ပါတယ်။ ဒီအတွက် Luke Shaw၊ Cristiano Ronaldo နဲ့ Harry Maguire တို့ကို ရောင်ချဖို့ လိုအပ်တယ်လို့ အဲရစ် တန်ဟက်ဂ် က ယုံကြည်နေပြီး
ဖြစ်နိုင်ပါက 10 ဦး အထိ အသင်းက ရှင်းထုတ်ဖို့ ဆန္ဒရှိနေကြောင်း ဆိုသွားခဲ့ပါတယ်။ မန်စီးတီး အသင်းလို အဆင့်မျိုးကို ရောက်ဖို့ သူတို့ရောင်းရမှာပေါ့”လို့ မေးမြန်းခံရချိန်မှာ အဲရစ် တန်ဟက်ဂ် က- Casemiro ကို ပွဲချိန်ပြည့် မကစားစေခဲ့ပေမယ့် သူ့ကို အခွင့်အရေးပေးဖို့ စောင်ကြည့်နေပါတယ်၊ ဘရူနို ဖာနန်ဒက်စ် ကိုလည်း များစွာ မျှော်လင့်ထားသလို
အဲရစ်ဆင်ကလည်း ဒိထက် လုပ်ပြလာနိုင်ဦးမှာပါ။ ရော်နယ်ဒို၊ ဝမ်ဘစ်ဆာကာ၊ ရှော နဲ့ မက်ဂွိုင်းယား တို့ကိုတော့ ရောင်းချလိုက်ခြင်းက အသင်းအတွက် အကောင်ဆုံး ဖြစ်မယ်လို့ ယုံကြည်ပါတယ် အဲရစ် တန်ဟက်ဂ် က ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။
credit