ယူရိုပါလိဂ် ပြိုင်ပွဲမှာ မန်ချက်စတာ ယူနိုက်တက် ဗိုလ်စွဲနိုင်ချေ ရှိ၊ မရှိ ခန့်မှန်းပေးလိုက်တဲ့ စူပါကွန်ပြူတာ
|ဘောလုံးအားကစား အကြောင်းကို မကြာခန သုံးသပ်ပေးနေတဲ့ စူပါကွန်ပျူတာ ကတော့ ဒီတစ်ကြိမ်မှာ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် ဟာ ယူရိုပါလိဂ် ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခြေ မြင့်မားတဲ့ အသင်းတွေထဲက တစ်သင်း ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်း သွားခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပွဲစဥ် နှစ်ပွဲ
ကစားထားခဲ့ရပြီး တစ်ပွဲနိုင် တစ််ပွဲ ရှုံးနိမ့်ထားပါတယ်၊ ယခုတော့ ဒီနေ့ညမှာ မန်ချက်စတာ ယူနိုက်တက် ဟာ ဆိုက်ပ်ရပ် အခြေစိုက် အိုမိုနီးယား နီကိုဆီးယား အသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်၊ ဒါဟာပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက အီတီဟတ်မှာ မန်စီးတီးကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အတွက် ပြန်လည် နိုးထလာဖို့ အကောင်းဆုံး အခွင့်အရေးပဲ ဖြစ်ပါတယ်။
ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက် တို့ ဘယ်လိုရလဒ် ယူပြမလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ၊ ဘယ်လိုပဲ ဖြစ်ပါစေ ABC သတင်းမှ 538 စူပါကွန််ပျူတာ ကတော့ ဒီရာသီ ယူရိုပါလိဂ် ဖလား ဆွတ်ခူးနိုင်ခြေ အမြင့်ဆုံး အသင်းတွေကို ခန့်မှန်းခဲ့ရာမှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ဖြစ်နိုင်ခြေ 5 % သာ ရှိနေတဲ့ အသင်းအဖြစ် ခန့်မှန်း သွားခဲ့ပါတယ်။
အခြားတဖက်မှာတော့ ဒီရာသီ ပရီးမီးယားလိဂ် အမှတ််ပေး ဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်ကို ယူရိုပါလိဂ် ဖလား ဆွတ်ခူးနိုင်ခြေ 13 % ရှိနေတဲ့ အသင်းအဖြစ် သတ်မှတ်လိုက်ပြီး အဆင့်တစ် နေရာမှာ ထားခဲ့ပါတယ်။း၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယူရိုပါလိဂ် ဖလားကိုတော့ 2017 ခုနှစ်တုန်းက ဟိုဆေး မော်ရင်ဟို ကိုင်တွယ်နေစဥ်
ပထမဆုံး အကြိမ် ဆွတ်ခူးထားနိုင်ခဲ့တာ ဖြစ်ပြီး အဆိုပါ အချိန်တုန်းကတော့ အေဂျက်ဇ်ကို ဖိုင်နယ်မှာ အနိုင် ကစားခဲ့တာပဲ ဖြစ်ပါတယ်၊ ဒီရာသီမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ စွမ်းဆောင်ရည်တွေဟာ အားရကျေနပ်စရာ မရှိခဲ့သေးပါဘူး၊ မန်ချက်စတာ ယူနိုက်တက် ဟာ ဒီရာသီ ပြိုင်ပွဲစုံ 9 ပွဲ ကစားခဲ့ရာမှာ 5 ပွဲသာ အနိုင်ရလဒ် ရယူနိုင်ခဲ့ပြီး
4 ပွဲ အထိ ရှုံးနိမ့်ထားခဲ့ကြတာပဲ ဖြစ်ပါတယ်၊ ဒါ့ကြောင့် ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက် တို့ အမှတ်ပေးဇယား ထိပ်ဆုံး လေးသင်း စာရင်းမှာ ရပ်တည်နိုင်မယ် ဆိုရင် ဒါဟာ ကြီးမားတဲ့ အောင်မြင်မှု ရရှိခြင်းပဲ ဖြစ်သွားလိမ့်မယ်လို့ သတင်း သုံးသပ်သူတွေက ခန့်မှန်းနေခဲ့ကြတာပဲ ဖြစ်ပါတယ်။
credit