ရော်နယ်ဒိုကို အသုံးပြုဖို့ ကြောက်ရွံ့နေပြီ ဖြစ်တဲ့ တန်ဟက်ဂ်
|မန်ချက်စတာ ယူနိုက်တက် အသင်း တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို ကတော့ အိုမိုနီးယားနဲ့ ယူရိုပါလိဂ် ပွဲစဥ်မှာ ၆ ကိုက် အကွာကနေ လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းယူလို့ ရတဲ့ ဂိုးကို တိုင်ထိအောင်သာ ကန်သွင်းနိုင်ခဲ့ပါတယ်၊ ဆိုက်ပရက်ကလပ်နဲ့ ပွဲမှာ သူ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ဂိုးရနိုင်တဲ့
အကောင်းဆုံး အခွင့်အလမ်းတွေကို ပိုင်ဆိုင်ခဲ့ပေမယ့် ပြိုင်ဘက် ဂိုးသမား လက်စွမ်းပြခဲ့တာ၊ သူ့ရဲ့ ဂိုးကံခေတွေတာကြောင့် သွင်းဂိုး မရရှိခဲ့ပါဘူး၊ ပထမပိုင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားပုံက စိတ်ပျက်စရာ ကောင်းနေခဲ့ပေမယ့် အခွင့်အရေး တချို့တော့ ဖန်တီးနိုင်ခဲ့ပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ ကန်သွင်းချက်က ကောင်းမွန်ချိန်မှာလည်း ဂိုးသမားက ကာကွယ်သွားခဲ့လို့ နစ်နာခဲ့ရပြန်ပါတယ် မိနစ် ၉၀ အပြည့် ကစားခွင့် ရခဲ့ပေမယ့်လည်း သူ့ရဲ့ ကံတရားကတော့ တော်တော်လေးကို ဆိုးရွားနေပုံပါပဲ၊ ၇၇ မိနစ်မှာ ဒါလော့ရဲ့ ဖန်တီးပေးမှုကနေ ဧရိယာထဲမှာ ရော်နယ်ဒိုဟာ
ဘောလုံးရခဲ့ပါတယ်၊ ဂိုးသမားက ရှေ့ထိ တက်ဖျက်နေလို့ ဂိုးပေါက်မှာ ဂိုးသမား မရှိတော့ဘဲ အိုမီနီးယား ကစားသမား တစ်ဦးတည်းသာ ရှိနေတာပါ၊ ဒါပေမယ့် ရော်နယ်ဒိုဟာ ဒါလော့ ပေးပို့တာကို ရရှိချိန်မှာ ညာခြေနဲ့ပဲ ထောင့်ကျဉ်းဘက်ကို ပိတ်သွင်း ယူခဲ့တာပါ၊ ကံဆိုးစွာနဲ့ပဲ ဘောလုံးက တိုင်ထိထွက်ခဲ့ပြီး
အခွင့်အရေးကောင်း တခုကို ဆုံးရှုံးခဲ့ရပါတယ်၊ ရော်နယ်ဒို ကိုယ်တိုင်လည်း သူ့ရဲ့ လွဲချော်မှု အတွက် တော်တော်လေး ဒေါသထွက်ခဲ့သလို ကိုယ့်ကိုကိုယ်လည်း အားမလိုအားမရ ဖြစ်ခဲ့ပြီး အော်ဟစ်နေခဲ့ပါတယ်၊ အနည်းဆုံး သွင်းဂိုး တစ်ဂိုးလောက် ရခဲ့သင့်တဲ့ ပွဲမျိုးမှာ ဂိုးလုံး၀ မသွင်းယူနိုင်ခဲ့တာ ကတော့
ယုံကြည်မှုပိုင်းကိုပါ ထိခိုက်စေမှာ သေချာပါတယ်၊ အဲရစ် တန်ဟက်ဂ် အတွက်လည်း အရေးကြီးတဲ့ ပွဲစဥ်တွေမှာ ရော်နယ်ဒိုကို အသုံးပြုဖို့က တော်တော်လေး စဉ်းစားရမှာပါ၊ ဒီရာသီမှာ ရော်နယ်ဒိုဟာ သွင်းဂိုး တစ်ဂိုးတည်းသာ ရထားသေးပြီး ရှာရစ်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ ပင်နယ်တီကနေ သွင်းယူထားတာ ဖြစ်ပါတယ်။
credit