မျှော်လင့်သလောက် ဖြစ်မလာတဲ့ ယူရိုပါလိဂ် ပွဲမှာ မန်ချက်စတာ ယူနိုက်တက် တို့ ဘာတွေမှားယွန်းခဲ့သလဲ သုံးသပ်ချက်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီပွဲစဥ်မှာ ရော်နယ်ဒို၊ ကက်စ်မဲရိုး တို့နဲ့ ပွဲထွက်လာခဲ့ပြီး နောက်တန်းမှာ လင်ဒီလော့ဖ်၊ မာတီနက်ဇ် တို့ ပါဝင်ခဲ့ပါတယ်၊ ဆန်ချို၊ အန်တိုနီ တို့လည်း ရော်နယ်ဒို နဲ့ တွဲဖက် ပွဲထွက်ခဲ့ပြီး ပထမပိုင်းမှာ ကစားပုံ ကောင်းသည့်တိုင် အပိုင် အခွင့်အရေးတွေကို အသုံးမချနိုင် ခဲ့တာကြောင့် ရုန်းကန်ခဲ့ရပါတယ်။




အိုမိုနီးယား အသင်းကတော့ တန်ပြန် တိုက်စစ်ကိုပဲ အားပြုပြီး ကစားခဲ့ကြတာပါ၊ ဒါပေမယ့် မာလာစီယာ ရဲ့ အမှားက တဆင့် ကောင်တာ ပေါက်ထွက်သွားခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် တို့ နောက်ကလိုက် ကစားခဲ့ရပါတယ်၊ ပထမပိုင်းမှာ အန်တိုနီ၊ ရော်နယ်ဒို တို့ရဲ့ ကန်ချက်တွေကို ပြိုင်ဘက်ဂိုးသမား လက်စွမ်းပြ ကာကွယ် နိုင်ခဲ့တာကြောင့်လည်း




မန်ချက်စတာ ယူနိုက်တက် တို့ ပထမပိုင်းမှာ တဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့ပါတယ်၊ ဒုတိယပိုင်း ရပ်ရှ်ဖို့ဒ်၊ လုခ်ရှော တို့ ဝင်လာတဲ့နောက် မန်ချက်စတာ ယူနိုက်တက် ဘယ်ခြမ်းဟာ ပိုသွက်လာခဲ့ပြီး ရော်နယ်ဒို လမ်းကြောင်း ဖွင့်ပေးတာက တဆင့် ရပ်ရှ်ဖို့ဒ် က ဧရိယာ ထိပ်ကနေ လှလှပပ ကန်သွင်းယူခဲ့ပါတယ်၊ ဒုတိယပိုင်း တပိုင်းလုံးက မန်ချက်စတာ ယူနိုက်တက် ရဲ့




ပွဲဖြစ်ခဲ့ပြီး အိုမိုနီးယားတို့ ဘာမှ မတုံ့ပြန်နိုင်ခဲ့ပါဘူး၊ အဲ့ဒီနောက် မာရှယ်လ် လူစားဝင် လာလာချင်းမှာတင် ရပ်ရှ်ဖို့ဒ် ရဲ့ နောက်ပေါက်က တဆင့် ဧရိယာ ထိပ်ကနေပဲ ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်၊ ရော်နယ်ဒို ကတော့ ဒီပွဲမှာ ဂိုးကံခေခဲ့ပြီး ဒါလော့ ခင်းပေးတဲ့ အပိုင် အခွင့်အရေးကိုတောင် တိုင်ထိအောင် ကန်ခဲ့မိပါတယ်၊ ဒါပေမယ့် ရော်နယ်ဒို က




ရပ်ရှ်ဖို့ဒ်ရဲ့ နောက်ထပ် သွင်းဂိုး အတွက် အကောင်းဆုံး ဖန်တီးပေးခဲ့ပါသေးတယ်၊ မန်ချက်စတာ ယူနိုက်တက် တို့ ၁-၃ နဲ့ ဂိုးပြတ် နိုင်တော့မယ်လို့ အားလုံးက ထင်ခဲ့ကြပေမယ့် မထင်မှတ်ဘဲ တစ်ဂိုး ပြန်ပေးလိုက်ရပြီး ၂-၃ နဲ့သာ အနိုင်ရရှိခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ပွဲကြပ်တွေ ဆက်တိုက် ရှိနေတဲ့ ကာလမှာတောင်




အခုလိုမျိုး ဆိုက်ပရပ်စ် ကလပ်နဲ့ ထိပ်တိုက် တွေ့တဲ့ ပွဲမှာ လူစုံတက်စုံ ပွဲထုတ်နေရတာက အချိန်ကြာလာတာနဲ့ အမျှ အသင်းကို ပွဲပန်းစေမှာပဲ ဖြစ်ပါတယ်၊ အဲရစ် တန်ဟက်ဂ် တစ်ယောက်လည်း ဒါကို သတိပြုမိမှာ ဖြစ်ပေမယ့် အုပ်စုတက်ရေး စိတ်ချရအောင် ပြင်ဆင်ထားသလား ဆိုတာကိုတော့ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

credit