အဲဗာတန် နဲ့ ပွဲမှာ ဖရက်ဒ်ကို အသုံးပြုပြီး ကြယ်တစ်ပွင့်ကို မထည့်သွင်းသင့်ကြောင်း ဆိုလိုက်တဲ့ ပေါလ်ပါကား

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ပေါလ်ပါကား က မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ လာမယ့် အဲဗာတန် နဲ့ ပွဲစဉ်မှာ အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် ဘရူနိုဖာ နန်ဒက်စ် ထက် ဖရက်ဒ် ကိုသာ ပိုမို အသုံးပြုသင့်တယ်လို့ အကြံပြု တိုက်တွန်း လိုက်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အဓိက ကစားသမား ဖာနန်ဒက်စ် ဟာ ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၁၀ ပွဲ ပွဲတိုင်းနီးပါး ကစားခဲ့ရပေမယ့် မန်ချက်စတာ ယူနိုက်တက် player ဟောင်းကြီး ပေါလ်ပါကား က အသင်းကွင်းလယ်မှာ ဖာနန်ဒက်စ် ထက် ဖရက်ဒ်ကို ထည့်သွင်း ကစားသင့်ကြောင်းနဲ့ ဒီအချိန်မှာလည်း ဖရက်ဒ်က ပွဲထွက်ကစားသမား အဖြစ်




ပါဝင်ရဖို့ ထိုက်တန်နေပြီလို့ သုံးသပ် ပြောဆိုလိုက်ပါတယ်၊ ပေါလ်ပါ့ကား က ဖရက်ဒ် ဒီအချိန်မှာ ကစားခွင့်ရဖို့ ထိုက်တန်နေပါပြီ၊ သူက တကယ်ကို ကောင်းတဲ့ ကစားသမားပါ၊ ကျွန်တော့် အမြင်အရ ဆိုရင် တစ်ချိန်လုံး အသင်းဖော်တွေကို လက်ဝှေ့ရမ်းပြပြီး ညည်းတွား နေတတ်တဲ့ ဖာနန်ဒက်စ် အစား ဝင်ကစားနေသင့် နေပါပြီ၊ ဖရက်ဒ်သာ ကွင်းထဲမှာ




ရှိနေတယ် ဆိုရင် ကွင်းထဲမှာ လျင်လျင်မြန်မြန် ပြေးလွှားနေမယ့်သူ တစ်ယောက်ကို မြင်ရလိမ့်မယ်၊ ခံစစ်ပိုင်း အတွက် လိမ်မာပါးနပ်သူ တစ်ဦးကိုလည်း မြင်ရနေလိမ့်မယ်၊ သူက အမှားအယွင်းတွေလည်း အများကြီး မလုပ်ဆောင် တတ်ပါဘူး၊ ဒါပေမယ့် သူက ဖိအားတော့ ပေးတတ်ပါတယ်၊ အခွင့်အရေးတွေ ကြုံလာခဲ့ရင်တော့ သူနဲ့ သူ့ အေးဂျင့်တို့က ဇန်နဝါရီလမှာပဲ




ကလပ် အသင်းသစ် တစ်သင်းကို ပြောင်းရွှေ့ဖို့ စဉ်းစားလာမှာ အသေအချာပါပဲ၊ ဖရက်ဒ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ စူပါပရို တစ်ယောက်လိုပါပဲ၊ ညည်းညူ နေတတ်တာမျိုးလည်း မရှိသလို ပြသာနာလည်း တစ်ခါမှ မဖြစ်ခဲ့ဖူးပါဘူးလို့ မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်၊ ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်လူဟာ ဒီရာသီမှာ




မန်ချက်စတာ ယူနိုက်တက် အတွက် ၉ ပွဲ ကစားထားရပေမယ့် အသင်းအတွက် ၃ ပွဲသာ ပွဲထွက် ကစားထားရပြီး ကျန်တဲ့ ပွဲအများစုမှာတော့ လူစားဝင် ကစားသမား အဖြစ်နဲ့ပဲ ကစားခွင့် ရခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် တနင်္ဂနွေနေ့ ညမှာ အဲဗာတန်အသင်းနဲ့ ဂွတ်ဒီဆင်ပတ်ခ် ကွင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ အဖြစ် ကစားသွားရမှာ ဖြစ်ပါတယ်။

credit