တိုက်စစ်မှူး နှစ်ဦးကို အဲ့ဗာတန်နဲ့ ပွဲမှာ မထည့်တော့ပဲ အိမ်ရှင်းအသင်းကို ဂိုးပြတ်အနိုင်တီးမယ့် တိုက်စစ်မှုး ၃ ဦးအတွဲကို ပွဲထုတ်ရမယ်လို့ သတိပေးလိုက်တဲ့ ပေါလ်စခိုးလ်
|ပေါလ်စခိုးလ်က လာမယ့် တနင်္ဂနွေနေ့ အဲဗာတန် နဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခရစ်စတီယာနို ရော်နယ်ဒို ဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့ တိုက်စစ်ပိုင်းမှာ မားကပ်စ် ရပ်ဖို့ဒ်၊ အန်သိုနီ မာစီရယ် တို့နဲ့ အတူ ပွဲထွက်ခွင့် ရသင့်တယ်လို့ တိုက်တွန်း ပြောလိုက်ပါတယ်၊ ရော်နယ်ဒို ဟာ ယမန်နေ့ညက
အိုမိုနီးယားနီကိုရှား ကို ၃-၂ နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် မိနစ် ၉၀ ပြည့် ကစားသွားခဲ့ပေမယ့် ဂိုးရှေ့မှာတော့ ရုန်းကန်ခဲ့ရပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ ပထမပိုင်းမှာ ၁-၀ နဲ့ ရှုံးနေခဲ့ပေမယ့် လူစား၀င် ကစားသမားတွေ ဖြစ်ကြတဲ့ မားကပ်စ် ရပ်ဖို့ဒ်
မာစီရယ် တို့ရဲ့ ဂိုးတွေနဲ့ အတူ ဆိုက်ပရပ်မှာ အနိုင် ရရှိခဲ့ပါတယ်၊ ပေါလ်စခိုးလ်က အန်ဝိုနီ နဲ့ ဂျေဒွန်ဆန်ချို တို့ဟာ အိုမိုနီးယားနဲ့ ပွဲမှာ ခြေစွမ်း မပြနိုင်ခဲ့ကြတာကြောင့် ရော်နယ်ဒို မာစီရယ် နဲ့ ရပ်ဖို့ဒ် တို့ဟာ အဲဗာတန်နဲ့ ပွဲစဉ်မှာ ပွဲထွက်ကစားခွင့် ရသင့်တယ်လို့ ယုံကြည်နေပါတယ်၊ အဲဗာတန်နဲ့ ပွဲစဉ်မှာ
ရော်နယ်ဒို အနေနဲ့ ပွဲထွက် ကစားခွင့် ရနိုင်မယ်လို့ ထင်သလားဆိုတဲ့ မေးခွန်းကို ပေါလ်စခိုးလ်က- ကျွန်တော်ကတော့ ရော်နယ်ဒို တနင်္ဂနွေနေ့မှာ ပွဲထွက်ခွင့် ရမယ်လို့ မြင်မိပါတယ်၊ အိုမိုနီးယား နဲ့ ပွဲစဉ်မှာ လူစား၀င် ကစားသမား ၂ ဦး ဖြစ်တဲ့ ရပ်ဖို့ဒ် နဲ့ မာစီရယ် ဟာ ရော်နယ်ဒိုနဲ့ အတူ တိုက်စစ်မှာ အကောင်းဆုံး တွဲဖက် ကစားသွားခဲ့တာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။
ရော်နယ်ဒို အတွက် ကစားခွင့် ရနိုင်မယ့် ပွဲစဉ် အများအပြားတော့ မရှိပါဘူး၊ ဒါပေမယ့် အဲဗာတန်နဲ့ ပွဲစဉ် မှာတော့ ဒီပွဲစဉ်တွေထဲက တစ်ခု ဖြစ်နိုင်ပါတယ်၊ ဂွတ်ဒီဆင်ပက် ဟာ ကြီးမားတဲ့ ကွင်းမဟုတ်ပါဘူး၊ သူ့အနေနဲ့ နေရာစုံ ပြေးလွှားနေဖို့ မလိုအပ်ပါဘူး၊ channels တွေကြားမှာသာ အလုပ် လုပ်သွားရမှာပါ။
ရပ်ဖို့ဒ် နဲ့ မာစီရယ် တို့လို တောင်ပံတိုက်စစ် ကစားသမား နှစ် ဦးဟာ လက်ရှိမှာ သွင်းဂိုးတွေ ရနေပါတယ်၊ ဒီနေ့မှာ ပွဲထွက် ကစားခွင့်ရခဲ့တဲ့ ကောင်လေး နှစ်ဦး ဖြစ်တဲ့ ဆန်ချို နဲ့ အန်တိုနီ တို့ထက် စာရင် မာစီရယ် နဲ့ ရပ်ဖို့ဒ် တို့ အတွဲက ပိုပြီး အန္တရာယ် ပေးနိုင်တယ်လို့ ထင်ပါတယ်၊ ရပ်ဖို့ဒ် နဲ့ မာစီရယ် တို့ဟာ ပြိုင်ဘက်ကို ပိုမို ခြိမ်းခြောက်နိုင်တဲ့
အရည်အသွေး ပိုရှိတယ်လို့ ကျွန်တော် မြင်မိပါတယ်၊ သူတို့ဟာ ခန့်မှန်းရ ခက်ခဲပြီး လျှင်မြန်တဲ့သူတွေ ဖြစ်ကာ နောက်ခံလူတွေ အနေနဲ့ သူတို့နဲ့ ရင်ဆိုင်ရမှာကို ကြောက်ရွံ့နေမှာပါ၊ ခရစ်စတီယာနို ဟာ အဲဒီညမှာ အခွင့်အရေးတွေ အများကြီး ရခဲ့ပါတယ်၊ ဒါပေမယ့် သူ အသုံးမချနိုင်ခဲ့ပါဘူး၊ ဒါဟာ သူ့ရဲ့ ညတော့ မဟုတ်ခဲ့ပါဘူး၊ ဒါပေမယ့် ခရစ်စတီယာနို အတွက်
ဒါမျိုး အကြာကြီး ဖြစ်နေမှာ မဟုတ်ပါဘူးလို့ ကျွန်တော် အကြွင်းမဲ့ ယုံကြည်နေပါတယ်၊ လာမည့် တနင်္ဂနွေနေ့မှာ သူ အခွင့်အရေး ရလာတဲ့အခါ ဂိုးသွင်းနိုင်မှာပါ၊ ဂိုးသွင်းပါလိမ့်မယ်လို့ ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။
credit