ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်များ အတွက် ခန့်မှန်းပေးလိုက်တဲ့ ခရစ္စဆက်တန်နဲ့ ပက်ထရစ် အီဗရာ
|အပတ်စဉ် တင်ဆက်ပေးနေကြ ဖြစ်တဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ပွဲကြို ခန့်မှန်း သုံးသပ်ချက်များကို တင်ဆက်ပေးရမယ့် အချိန်အခါကို ထပ်မံ ကျရောက်လာပြန်ပါပြီ၊ ဒီတခါမှာတော့ ပက်ထရစ် အီဗရာ နဲ့ ခရစ္စတန် ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ အတွက် ခန့်မှန်း သုံးသပ်ချက်တွေကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် – အဲဗာတန်
မန်ချက်စတာ ယူနိုက်တက် ဟာ အိုမိုနီယား ကို ၂-၃ ရလဒ်နဲ့အနိုင်ရခဲ့ပြီး အသင်းအတွက် ရက်ဖို့ဒ်နဲ့ မာရှယ်တို့က သွင်းယူပေးခဲ့ကြပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ရဲ့ အဓိကတိုက်စစ်မှူးကြီး ရော်နယ်ဒိုကတော့ ဂိုးပေါက်ကို ပျောက်နေခဲ့ပြီး အပိုင်အခွင့်အရေး ၄ ကြိမ်ထက်မနည်း လွဲချော်ခဲ့တာဖြစ်ပါတယ်၊ တနဂ်နွေနေ့ည ၁၂ ခွဲမှာတော့ မန်ချက်စဝာ ယူနိုက်တက် ဟာ အဲဗာတန် အိမ်ကွင်းကို သွားရောက် ကစားရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ပွဲမှာ ဆောက်သမ်တန် တို့ အဲဗာတန်ကို အကောင်းဆုံး ပုံစံနဲ့ မဟုတ်ပေမယ့် အနိုင်ယူပြခဲ့ပါတယ် လမ်းပတ်ရဲ့ အသင်းက တိုးတက်မှုတွေ ရှိလာပါပြီ၊ ဂိုးတွေလည်း သိပ်မပေးထားရပါဘူး၊ လိဂ်ပွဲ ၈ ပွဲမှာ ၇ ဂိုးပဲ ပေးထားရပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ကတော့ ဒါဘီပွဲမှာ တော်တော် အထိနာခဲ့ပါတယ်၊ မန်စီးတီးက မန်ချက်စဝာာ ယူနိုက်တက် လို မဟုတ်ပါဘူး။
ဘယ်အသင်းကို မဆို ဒီလို ကစားနိုင်ပါတယ်၊ ဒါကြောင့် တန်ဟက်ဂ် ရဲ့ မန်ချက်စတာ ယူနိုက်တက် က တိုးတက်လာဦးမှာပါ၊ အဲဗာတန်နဲ့ ပွဲမှာ သူတို့ အနေနဲ့ တိုက်စစ်ဖွင့် ကစားမယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် ဂွတ်ဒီဆန်ပတ်မှာ အမှတ်ခွဲယူသွားကြရမှာပါ။ လို့ ခရစ္စဆပ်တန်က အဲဗာတန် အိမ်ကွင်းမှာ မန်ချက်စတာ ယူနိုက်တက် တို့ သရေတစ်မှတ်နဲ့ အိမ်ပြန်ရလိမ့်မယ်လို့ ခန့်မှန်းခဲ့သွားခဲ့တာပဲ ဖြစ်ပါဝယ်။
ခန့်မှန်းချက်- မန်ချက်စတာ ယူနိုက်တက် ၁-၁ အဲဗာတန်
ချယ်ဆီး – ဝုလ်ဗ်
ပြီးခဲ့တဲ့ တပတ်က ချယ်လ်ဆီးက တကယ်ကို ကြီးမားတဲ့ နိုင်ပွဲတစ်ပွဲ ရခဲ့တာပါ၊ ပြီးတော့ ကျွန်တော့်ရဲ့ မိတ်ဆွေ အူဘာမီယန်း ကလည်း သွင်းဂိုး ၁ ဂိုး ရခဲ့သေးတယ်လေ၊ ကျွန်တော် ကတော့ ဒီပွဲမှာ ချယ်ဆီးက အနိုင်ရသွားမယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် လူတွေက ဂရေဟမ်ပေါ်တာ ကို အချိန်တခု ပေးဖို့တော့ လိုပါလိမ့်မယ်၊ ပေါ်တာမှာ သူ့ရဲ့ ကိုယ်ပိုင် အတွေးအခေါ် ရှိသလို သူက သူ တွေးထားတဲ့
ပုံစံအတိုင်း ကစားနိုင်အောင် အသင်းကို လေ့ကျင့်ပေးနေသူပါ၊ ဒါကြောင့် ဒီအချိန်မှာ သူက အနိုင်ရဖို့ထက် ကစားကွက်ပိုင်း ပိုကောင်းလာအောင် လုပ်ဆောင်ဖို့ပဲ အာရုံစိုက်မယ် ထင်ပါတယ်၊ လူတွေက ဒါကို နားလည်ပေးဖို့ လိုအပ်ပါလိမ့်မယ်၊ ဒါပေမယ့် ပေါ်တာရဲ့ လက်အောက်မှာ ချယ်ဆီးဟာ တဆင့်ပြီးတဆင့်ကောင်းလာဖို့ မျှော်လင့်ထားပါတယ်၊ ဒီပွဲ အတွက်က ချယ်ဆီးပါပဲလို့ ပက်ထရစ် အီဗရာက ခန့်မှန်းသွားခဲ့ပါတယ်။
ခန့်မှန်းချက်- ချယ်လ်ဆီး ၂-၀ ဝုလ်ဗ်
ဘရိုက်တန် – စပါး
လန်ဒန်ဒါဘီ ကို ရှုံးနိမ့်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း သရေကျခဲ့ပြီးတဲ့ နောက်မှာ ဒီပွဲက စပါး အတွက် တကယ်ကို ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်လာမယ်လို့ ထင်ပါတယ်၊ အခုချိန်မှာ ဘရိုက်တန်က အသင်းတိုင်း မရင်ဆိုင်ချင်တဲ့ အသင်းတသင်း ဖြစ်နေပါပြီ၊ နည်းပြ အပြောင်းအလဲ ဖြစ်သွားခဲ့တာတောင် ဘရိုက်တန်ရဲ့ ကစားပုံက အရင်လိုပါပဲ၊ ပေါ်တာ ချန်ခဲ့တဲ့ နည်းစနစ်တွေ၊ ကစားပုံတွေက သူတို့အ သင်းရဲ့ အသက်သွေးကြော ဖြစ်နေဆဲပါ၊ ဒီအတွက် ပေါ်တာကိုလည်း ချီးကျူးချင်ပါတယ်။
ကွန်တီဟာ ဒီပွဲမှာ ရှုံးပွဲကို လိုချင်မှာ မဟုတ်ဘူး၊ တကယ်လို့ သူတို့သာ ဒီပွဲမှာ ရှုံးနိမ့်သွားရင် ထိပ်ဆုံးက အသင်းတွေနဲ့ ရမှတ် ကွာဟချက်ဟာ ပိုပြီး ကြီးလာခဲ့ပါလိမ့်မယ်၊ ဒါကြောင့် ကွန်တီက ဒီပွဲမှာ ရှုံးပွဲထက် သရေရလဒ်ကိုပဲ ပိုပြီးလိုချင်မယ် ထင်ပါတယ်။
ခန့်မှန်းချက်- ဘရိုက်တန် ၂-၂ စပါး
အာဆင်နယ် – လီဗာပူး
ပြီးခဲ့တဲ့တပတ်က ကစားခဲ့တဲ့ စပါးနဲ့ ပွဲမှာ ပြသခဲ့တဲ့ အာဆင်နယ် ရဲ့ ခြေစွမ်းကြောင့် ကျွန်တော်က တကယ်ကို အံ့ဩခဲ့ရပါတယ်၊ အာဆင်နယ်ရဲ့ ခြေစွမ်းက အရမ်းကောင်းနေသလို သူတို့က စပါးနဲ့ ပွဲမှာ နိုင်ပွဲနဲ့လည်း ထိုက်တန်ခဲ့ပါတယ်၊ စပါးက အခွင့်အရေး တချို့ ရခဲ့တာတောင် အဲ့ဒီပွဲရဲ့ နိုင်ပွဲက အာဆင်နယ် နဲ့ အထိုက်တန်ဆုံးပါ၊ ဒီပွဲက နှစ်သင်းစလုံး အတွက် အရေးကြီးတဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်၊ ဒါပေမယ့် ဒီပွဲမှာ အာဆင်နယ် ကပဲ ထပ်ပြီး အနိုင်ရသွားမယ်လို့ ထင်ပါတယ်၊ တကယ်လို့ သူတို့သာ ဒီပွဲမှာ နိုင်ပွဲရခဲ့ရင် သူတို့ အသင်းဟာ ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိနေပြီလို့ အခိုင်အမာပြောလို့ ရသွားပါပြီ။
ခန့်မှန်းချက်- အာဆင်နယ် ၃-၂ လီဗာပူး
တခြားပွဲများ အတွက် ခန့်မှန်းချက်များ- နယူးကာဆယ် ၂-၀ ဘရန့်ဖို့ဒ်၊ ဘုန်းမောက် ၁-၂ လက်စတာ၊ မန်စီးတီး ၄-၀ ဆောက်သမ်တန်၊ ဝက်စ်ဟမ်း ၂-၁ ဖူလ်ဟမ်း၊ ပဲလေ့စ် ၃-၁ လိဒ် တို့ပဲ ဖြစ်ပါတယ်။
credit