ဒီဘရိုင်း အမည်နဲ့ မန်ချက်စတာ ယူနိုက်တက် ဂျာစီ ပေးခဲ့တဲ့ ပရိတ်သတ် အပေါ် တုန်ပြန်လိုက်တဲ့ ဒီဘရိုင်း

0
481

မန်ချက်စတာ စီးတီး ကြယ်ပွင့် ဒီဘရိုင်း ဟာ မန်ချက်စတာ ယူနိုက်တက် ပရိသတ် တစ်ဦဆီက သူ လက်ဆောင် ရရှိလာတဲ့ သူ့အမည်နဲ့ မန်ချက်စတာ ယူနိုက်တက် ဂျာစီကို မီးရှို့လိုက်ရမလားလို့ နောက်ပြောင် ပြောကြားလိုက်ပါတယ်၊ ဒီဘရိုင်း အတွက် ဂျာစီ လက်ဆောင်ပေးခဲ့သူ ကတော့ မန်ချက်စတာ ယူနိုက်တက် ပရိသတ် တစ်ယောက် ဖြစ်တယ်လို့ ယူဆရပြီး




ဒီဘရိုင်း ကို မန်ချက်စတာ ယူနိုက်တက် အတွက် ကစားပေးဖို့ ဆန္ဒရှိကြောင်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်၊ အသက် ၃၁ နှစ်အရွယ် ဒီ ကစားသမားဟာ ပြီးခဲ့တဲ့ အပတ်က ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ကို ၆-၃ နဲ့ အနိုင်ရရှိခဲ့တဲ့ မန်ချက်စတာဒါဘီ ပွဲမှာ အသင်းအတွက် ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပြီး ခြေစွမ်းပြခဲ့ ပါသေးတယ်၊ အဲ့ဒီပွဲအပြီးမှာ ဒီဘရိုင်းက




ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ ဂျာစီကို တောင်းယူသွားခဲ့သေးတယ် လို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်၊ အခု ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ မန်ချက်စတာ ယူနိုက်တက် ပရိသတ်လို့ ယူဆရတဲ့ အဆိုပါ ပရိသတ်က ဒီဘရိုင်း အတွက် မန်ချက်စတာ ယူနိုက်တက် ဂျာစီကို လက်ဆောင်ပေးခဲ့ပြီး ဒီဘရိုင်း ကတော့ ဒီဂျာစီကို ရရှိချိန်မှာ သူ့ရဲ့ မျက်နှာအမူအရာနဲ့




ပရိသတ်တွေကို ဖမ်းစားခဲ့ပါသေးတယ်၊ အဲ့ဒီနောက်မှာ အဆိုပါ ဘယ်လ်ဂျီယံ ကွင်းလယ်လူက ငါ ဒီဂျာစီကို အခုချက်ချင်း မီးရှို့လိုက်ရမလား? လို့ နောက်ပြောင်ခဲ့ပြီး ဒါပေမယ့်လည်း ဒီဘရိုင်းက သူ့ရဲ့ ပြောစကားနဲ့ ပတ်သက်လို့ ပြန်လည် ဖြေလျှော့ခဲ့ပြီး အချို့အိပ်မက်တွေက တကယ့်လက်တွေ့ မဟုတ်ဘူး။ လို့ တုံ့ပြန်ခဲ့ကြောင်း သိရှိရပါတယ်။




လက်ဆောင် ရရှိခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ဂျာစီမှာ ဒီဘရိုင်းရဲ့ နာမည်နဲ့ ကျောနံပါတ်ကို အဆင့်သင့် ရေးထိုးထားပြီး ဖြစ်ပါတယ်၊ ပရိသတ်တွေကတော့ ဒီဗီဒီယိုနဲ့ ပတ်သက်လို့ ဒီဘရိုင်း ကိုရော၊ မန်ချက်စတာ ယူနိုက်တက် ကိုပါ အမျိုးမျိုး နောက်ပြောင်နေကြပါတယ်၊ ပရိသတ်တွေက ဒီဘရိုင်း အဲ့ဒီ မန်ချက်စတာ ယူနိုက်တက် ဂျာစီကို




မီးရှို့ပစ်လိုက်ဖို့ ငါမျှော်လင့်ပါတယ်၊ ထွက်သာ ပြေးတော့ ဒီဘရိုင်းရေ.. မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ကစားသမား ကီဗင် ဒီဘရိုင်း၊ အစရှိသဖြင့် ဆိုရှယ်မီဒီယာပေါ်မှာ အမျိုးမျိုး နောက်ပြောင်ကာ ရေးသားခဲ့ပါတယ်၊ မြို့ခံပြိုင်ဘက် မန်စီးတီး ကစားသမားကို မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေက




သူတို့ အသင်းမှာ လာကစားဖို့ ဖိတ်ခေါ်တာ ဒါ ပထမဆုံးတော့ မဟုတ်ပါဘူး၊ ပြီးခဲ့တဲ့ စက်တင်ဘာ လဆန်းပိုင်းမှာလည်း မန်ချက်စတာ ယူနိုက်တက် ပရိသတ် တစ်ယောက်က မန်ချက်စတာမြို့တွင်း လမ်းလျှောက် ထွက်လာတဲ့ ဟာလန်းကို ချဥ်းကပ်ကာ မန်ချက်စတာ ယူနိုက်တက် မှာ လာရောက် ကစားဖို့ တိုက်တွန် းဖိတ်ခေါ်ခဲ့ဖူးပါသေးတယ်။

credit