အဲဗာတန်နဲ့ ပွဲစဉ် မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှ တဆင့် ကစားသမားတွေ အကျင့်တခုကို စွန့်လွှတ်ဖို့ အချိန်တန်ပြီလို့ သတိပေးလိုက်တဲ့ တန်ဟက်ဂ်
|မန်ချက်စတာ ယူနိုက်တက် နည်းပြ ဖြစ်သူ အဲရစ် တန်ဟက်ဂ် က သူ့ရဲ့ ကစားသမားတွေ အနေနဲ့ မလိုအပ်ပဲ ခပ်ကြမ်းကြမ်း ကစားတာကို ရှောင်ရှားပြီး ခေါင်းသုံးကစားဖို့ လိုအပ်နေကြောင်း အဲဗာတန်နဲ့ ပွဲစဉ် မတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
အဲရစ် တန်ဟက်ဂ် ဟာ အချိန်တို အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်းကို အတတ်နိုင်ဆုံး ထိန်းကျောင်းပေး ထားသလို သူ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက် ရဲ့ ကစားပုံဟာလည်း သိသိသာသာ တိုးတက် ကောင်းမွန်လာခဲ့ပါတယ်၊ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ကစားသမား
အများစုက မလိုအပ်ပဲ ပြစ်ဒဏ် ကျူးလွန်မှုတွေ ဆက်လက် ရှိနေဆဲ ဖြစ်ပြီး ပြီးခဲ့တဲ့ တပတ်က ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာဒါဘီ မှာလည်း မန်ချက်စတာ ယူနိုက်တက် ညာနောက်ခံလူ ဒီယေဂို ဒါးလော့ က ပွဲစဥ် အစမှာပဲ မန်ချက်စတာ စီးတီး တောင်ပံတိုက်စစ် ကစားသမား ဂရီးလစ်ရှ်ကို
ပြစ်ဒဏ် ကျူးလွန်မိခဲ့တာကြောင့် အဝါကတ် ထိခဲ့ပြီး အဆိုပါ အဝါကတ်ကြောင့်ပဲ ဒါလော့ဟာ တစ်ပွဲလုံးမှာ ပြိုင်ဘက် ကစားသမားတွေကို ဖျက်ထုတ်မှုတွေ လုပ်ဖို့ တွန့်ဆုတ်ခဲ့ရပါတယ်၊ ဒါကြောင့် အဲရစ် တန်ဟက်ဂ် က သူ့ရဲ့ ကစားသမားတွေ အနေနဲ့ မလိုအပ်ပဲ ပြစ်ဒဏ် ကျူးလွန်မှုတွေကို
လျှော့ချနိုင်ရန် လိုအပ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သတိပေးသွားခဲ့သလို သူ့ရဲ့ ကစားသမားတွေဟာ ဦးနှောက်သုံး ကစားမှုတွေကို လုပ်ဆောင်ရန် အကျင့်လုပ်သင့်ကြောင်း ပြောကြားသွားခဲ့ပါတယ်၊ အဲရစ် တန်ဟက်ဂ် က- ကျွန်တော့် ကစားသမားတွေရဲ့ ဖျက်ထုတ်မှု တချို့က
လူတချို့ အတွက် မနှစ်မြို့စရာ ကောင်းတဲ့ လုပ်ရပ်တွေ ဖြစ်နေမယ် ဆိုတာ သိပါတယ်၊ ဒါပေမယ့် ကျွန်တော့်ကစားသမားတွေရဲ့ လုပ်ရပ်တွေကို ပြင်ဆင်လို့ ရပါတယ်၊ ကျွန်တော့် ကစားသမားတွေက တခါတလေ ကျရင် ဦးနှောက်သုံး ကစားတတ်ဖို့ လိုအပ်ပါသေးတယ်၊ ဥပမာအားဖြင့် ကျွန်တော်တို့
ကစားသမားတွေက အဝါကတ် အများကြီး ပြသခံနေရပါတယ်၊ အဲ့ဒီလို အဝါကတ်တွေ ဘာကြောင့် အများကြီး ပြသခံနေရလဲ ဆိုတာကို ကျွန်တော်လည်း နားမလည်ပါဘူး၊ အဲ့ဒီ အကျင့်တွေကို ပြင်ဖို့ လိုအပ်နေပါပြီ။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညမှာ ရခဲ့တဲ့ ပထမ အဝါကတ်နဲ့ ပတ်သတ်ရင် ဘာကြောင့် အဲ့ဒီလို လုပ်ရတာလဲ ဆိုတာကို ကျွန်တော်က စဉ်းစားကြည့်လို့တောင် မရပါဘူး၊ ကျွန်တော့် ကစားသမားတွေက အဲ့ဒါတွေကို ပြင်ဆင်နိုင်ဖို့ လိုအပ်ပါတယ်။ လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။
credit