2023 အတွက် မန်ချက်စတာ ယူနိုက်တက် ကြယ်တစ်ပွင့်ကို ခေါ်ယူဖို့ ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်ထားတဲ့ ဇာဗီ

ဘာစီလိုနာ အသင်းဟာ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဒီယိုဂို ဒါလော့ ကို လာမည့် ၂၀၂၃ နွေရာသီမှာ ညာနောက်ခံလူ နေရာ အတွက် ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်ထားတယ်လို့ စပိန်သတင်းစာ SPORT က ဖော်ပြသွားခဲ့ပါတယ်၊ ပေါ်တူဂီသားဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို




၂၀၁၈ ကတည်းက ပေါ်တိုကနေ နည်းပြဟောင်း ဂျိုဆေး မော်ရင်ဟို က ခေါ်ယူခဲ့တာ ဖြစ်ပါတယ်၊ ဒါပေမယ့်လည်း ထိုအချိန်က ဆယ်ကျော်သက် ကစားသမားလေးတစ်ဦး ဖြစ်တဲ့ ဒါလော့ အတွက် အခြေအနေတွေက ထင်ထားသလို မဖြစ်ခဲ့ပဲ နည်းပြ မော်ရင်ဟို ထုတ်ပယ်ခံရပြီးနောက် နည်းပြ ဆိုးလ်ရှား




အကြိုက် ကစားသမား တစ်ယောက်တော့ မဖြစ်ခဲ့ပါဘူး၊ အာရွန် ဝမ်ဘစ်ဆာကာ ရဲ့ အရန် ဖြစ်ခဲ့ပြီးနောက် ၂၀၂၀-၂၁ ရာသီမှာတော့ အေစီမီလန်ကို အငှားထွက် ကစားခဲ့ပြီး ခြေစွမ်း ပြသနိုင်ခဲ့ပါတယ်၊ နည်းပြ ဆိုးလ်ရှား ထုတ်ပယ်ခံရပြီး ယာယီနည်းပြ အဖြစ် ရာ့ဖ်ရန်နစ် ရောက်ရှိလာချိန်မှာတော့ ၂၃ နှစ်သားကို




အဓိက ညာနောက်ခံလူ အဖြစ် သတ်မှတ်ခဲ့ပြီး လက်ရှိ နည်းပြသစ် အဲရစ် တန်ဟက်ဂ် လက်ထက်မှာလည်း ခြေစွမ်းပြ ကစားလျက် ရှိပါတယ်၊ ဒါလော့ဟာ ဒီရာသီမှာလည်း မန်ချက်စတာ ယူနိုက်တက် အတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ နိုင်ငံ ပွဲစဉ်တွေ အတွင်းမှာလည်း ပေါ်တူဂီအသင်း အတွက်




အထူးခြေစွမ်းကို ပြသခဲ့ပါသေးတယ်၊ လက်ရှိ ဒါလော့ရဲ့ ခြေစွမ်းတွေကြောင့် ဘာစီလိုနာက စိတ်ဝင်စားလာခဲ့ပြီး လာမယ့် နွေရာသီမှာ ဒါလော့ကို ညာနောက်ခံလူနေရာ အတွက် အဓိက ပစ်မှတ်အဖြစ် သတ်မှတ်လာခဲ့ပါတယ်၊ ကတ္တာလန် ကလပ်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာတည်းက ပေါ်တူဂီသားကို ချိတ်ဆက်ခဲ့တာ




ဖြစ်ပေမယ့် ဘာမှ ဆက်မဖြစ်ခဲ့ပါဘူး၊ အဆုံးသတ် ဟတ်တာ ဘယ်လာရင် ကိုပဲ ခေါ်ယူခဲ့ရပေမယ့် အာဆင်နယ် ကစားသမားဟောင်းရဲ့ စာချုပ်ကလည်း လာမယ့်နှစ် ဆိုရင် ဆာဂျီ ရော်ဘတ်တို နည်းတူ သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်၊ အဲ့ဒါကြောင့် ညာနောက်ခံ လူသစ်တစ်ဦးက နည်းပြ ဇာဗီဟာနန်ဒက်ဇ် အတွက် မဖြစ်မနေ လိုအပ်နေပါတယ်။




ဒါလော့က အခုဆိုရင် ဘာကာရဲ့ပစ်မှတ်တွေထဲကမှ ဦးစားပေး ပစ်မှတ်လည်း ဖြစ်လာပါတယ်၊ ဘာစီလိုနာဟာ ဒါလော့က ဖြစ်မြောက်နိုင်ခြေများတဲ့ အပြောင်းအရွှေ့ တစ်ခုလို သတ်မှတ်ထားတာကြောင့် စာချုပ် ကိစ္စတွေကိုပါ ကြိုတင် ပြင်ဆင်ထားကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်၊ ဒါလော့ရဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ စာချုပ် သက်တမ်းကလည်း

လာမယ့်နှစ်ထဲမှာ သက်တမ်းကုန်မှာ ဖြစ်လို့ ဘာကာ အတွက် ဖြစ်နိုင်ခြေ အလွန်များတဲ့ အပြောင်းအရွှေ့တစ်ခုလည်း ဖြစ်ပါတယ်၊ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ဟာ နောက်ထပ် တစ်နှစ် သက်တမ်းတိုးခွင့်လည်း ရှိနေတာကြောင့် စာချုပ်သက်တမ်းက ၂၀၂၄ ထိ ဖြစ်သွားနိုင်ပါတယ်။

credit